Samsung ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက Galaxy S20 Series နဲ့ Galaxy Z Flip စမတ်ဖုန်းသစ်တွေကို မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ ဖုန်းသစ်တွေနဲ့အတူ OneUI ရဲ့ နောက်ဆုံး OneUI 2.1 ပါ ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Samsung ကနေ အဆိုပါ OneUI 2.1 ကို မနှစ်တုန်းက Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S10 Series နဲ့ Note 10 Series တွေအတွက် Update ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Galaxy S20 Series မှာပဲ ပါဝင်ခဲ့တဲ့ Feature အသစ်တွေကို အသုံးပြုနိုင်တော့မှာပါ။

Galaxy S10 နဲ့ Note 10 ဖုန်းတွေအတွက် Android 10 Update Firmware Version တွေကတော့ G97xU1UEU3DTC9 နဲ့ N97xU1UEU3CTC9 ဖြစ်ပြီးတော့ File Size အနေနဲ့ကတော့ 1.4GB နဲ့ 1.6GB ဝန်းကျင်ရှိမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး OneUI 2.1 Update နဲ့အတူ Camera Feature အသစ်တွေဖြစ်တဲ့ Single Take ၊ Pro Mode for Video Recording ၊ AR Zone နဲ့ My Filters တွေလိုမျိုး Update တွေရရှိလာမှာဖြစ်ပါတယ်။ Quick Share နဲ့ Music Share လိုမျိုး Feature တွေလည်း ပါဝင်နေပါသေးတယ်။

Ref – GSM Arena