OnePlus က 10R ကို ကြေညာလိုက်ပြီး ပြီးခဲ့တဲ့လက တရုတ်မှာ မိတ်ဆက်ခဲ့တဲ့ OnePlus Ace ရဲ့ နိုင်ငံတကာမော်ဒယ် ဖြစ်ပါတယ်။ မော်ဒယ် ၂ မျိုးထုတ်လုပ်ထားပြီး အားသွင်းနှုန်းနဲ့ ဘက်ထရီတွေ ကွဲပြားပါတယ်။

OnePlus 10R official with up to 150W charging, Nord CE 2 Lite 5G announced as well

OnePlus 10R မော်ဒယ် ၂ ခုစလုံးရဲ့ အားသွင်းနှုန်းတွေဟာ အထင်ကြီးစရာကောင်းပါတယ်။ ပထမ ၁ လုံးဟာ 150W SuperVOOC Endurance Edition ဖြစ်ပြီး 4,500mAh ဘက်ထရီနဲ့ 150W USB-C Charger ပါပါတယ်။ ၃ မိနစ်အတွင်း ၁ ကနေ ၃၀ ရာခိုင်နှုန်းနဲ့ ၁၇ မိနစ်အတွင်း ၁ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

OnePlus 10R official with up to 150W charging, Nord CE 2 Lite 5G announced as well

နောက် ၁ လုံးက ရိုးရိုး မော်ဒယ် ဖြစ်ပြီး 80W SuperVOOC နဲ့ 5,000mAh ဘက်ထရီ ထည့်ထားပါတယ်။ ၃၂ မိနစ်အတွင်း ၁ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ မော်ဒယ် ၂ ခုစလုံးမှာ အားသွင်းရင် အန္တရာယ် မဖြစ်အောင် Customized Smart Charging Chip ထည့်ထားပါတယ်။ ဘက်ထရီ စွမ်းရည် မကျအောင် OnePlus က Smart Battery Health Algorithm နဲ့ Healing Technology ကို ဖန်တီးပေးထားပြီး 150W SuperVOOC Endurance Edition ဟာ 1,600 Charge Cycles ပြီးနောက်မှာ ပမာဏဟာ ၈၀ ရာခိုင်နှုန်း ကျန်ရှိမှာပါ။

OnePlus 10R official with up to 150W charging, Nord CE 2 Lite 5G announced as well

OnePlus 10R မှာ MediaTek Dimensity 8100-Max Chip မောင်းနှင်ထားပြီး 8GB or 12GB LPDDR5 RAM ရွေးချယ်နိုင်ကာ 256GB UFS 3.1 Storage အထိ ထုတ်လုပ်ထားပါတယ်။ 3D Passive Cooling System ပါလာပြီး OnePlus ဖုန်းတွေထဲမှာ အကြီးမားဆုံး ဖြစ်ပါတယ်။

OnePlus 10R official with up to 150W charging, Nord CE 2 Lite 5G announced as well

၆.၇ လက်မ 1080x2412p AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Variable Refresh Rate နဲ့ 730Hz Touch Response Rate ထည့်ထားပါတယ်။

အနောက်ဘက်မှာ PDAF Focus နဲ့ Stabilized Lens ပါတဲ့ 50MP Main , 8MP Fixed-focus Ultrawide ,2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ Android 12 အခြေပြု OxygenOS 12.1 မောင်းနှင်ထားပြီး OnePlus က Major OS Update ၃ ကြိမ်နဲ့ Security Patch ၄ နှစ် ပေးမယ်လို့ ပြောပါတယ်။

မေလ ၄ ရက်နေ့ စတင် ရောင်းချမှာ ဖြစ်ပြီး 80W Version ရဲ့ 8/128GB ကို ၃၈,၉၉၉ ရူပီးနဲ့ 12/256GB ကို ၄၂,၉၉၉ ရူပီး သတ်မှတ်ထားကာ မြန်မာငွေ ၉၄၀,၀၀၀ နဲ့ ၁,၀၃၀,၀၀၀ ဝန်းကျင်ကျသင့်မှာပါ။ 150W Version အတွက် 12/256GB ၁ မျိုးထဲ ထုတ်လုပ်ထားပြီး ၄၃,၉၉၉ ရူပီး သတ်မှတ်ထားကာ မြန်မာငွေ ၁,၀၆၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။

Ref : gsmarena