OnePlus ကနေ လက်ရှိအချိန်မှာ တရုတ်နိုင်ငံတွင်းမှာ Snapdragon 8 Gen 3 Chipset ကို အသုံးပြုထားတဲ့ OnePlus 12 ဖုန်းကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် Global စျေးကွက်အတွက် ဘယ်အချိန်မှာ မိတ်ဆက်မလဲဆိုတာကိုတော့ အစောပိုင်းတုန်းက ပြောကြားထားခြင်းမရှိခဲ့ပါဘူး။

အခုအချိန်မှာတော့ Antwerp ၊ Belgium နိုင်ငံမှာ ကျင်းပခဲ့တဲ့ Never Settle Summit မှာ OnePlus 12 ဖုန်းကို Global စျေးကွက်အတွက် လာမယ့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်ဆိုပြီး အတည်ပြုခဲ့ပါတယ်။ အဆိုပါ Never Settle Summit ဟာ OnePlus Brand ကို စတင်မိတ်ဆက်ခဲ့တဲ့အချိန် သက်တမ်း ၁၀ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ Summit မှာ OnePlus Benelux ရဲ့ Country Manager ဖြစ်တဲ့ Alexander Vanderhaeghe က OnePlus 12 ဖုန်းကို Global စျေးကွက်အတွက် မိတ်ဆက်မယ့်အချိန်ကို အတည်ပြုခဲ့သလို OnePlus 12R ဖုန်းကိုလည်း တွဲဖက်မိတ်ဆက်သွားမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ OnePlus 12R စမတ်ဖုန်းဟာ Qualcomm Snapdragon 8 Gen 2 Chipset ကိုပဲ အသုံးပြုထားမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့လည်း OnePlus 12 ထက် သက်သာမှာဖြစ်ပါတယ်။

ဒါ့အပြင် OnePlus ရဲ့ ပထမဆုံး Foldable ဖုန်းဖြစ်တဲ့ OnePlus Open ဖုန်းကို လာမယ့် ၂၀၂၄ ခုနှစ်မှာ အနက်ရောင် Version အသစ်မိတ်ဆက်ဖို့ရှိနေပြီး IoT Product တွေကိုပါ မိတ်ဆက်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

Ref – GSM Arena