OnePlus က ဒီဇင်ဘာလ ၅ ရက်နေ့မှာ OnePlus 12 ကို ကြေညာမယ်လို့ အတည်ပြုထားပြီးပါပြီ။ တရုတ်မှ OnePlus ရဲ့ ဥက္ကဌ Li Jie က OnePlus 12 ဟာ ဆယ်စုနှစ်ရဲ့ စွမ်းရည်မြင့်ဖုန်း ဖြစ်တယ်လို့ ပြောပါတယ်။ သူက OnePlus 12 ဟာ စွမ်းဆောင်ရည် အပိုင်းမှာ Snapdragon 8 Gen 3 ပါတဲ့ တခြား ဖုန်းအားလုံးထက် ပိုကောင်းမယ်လို့ ပြောပါတယ်။

Red Matgic 9 Pro လို Gaming ဖုန်းတွေထက် စွမ်းဆောင်ရည် ပိုကောင်းမယ်ဆိုတာ မယုံနိုင်စရာပါ။ ဒါကိုတော့ စောင့်ကြည့်ရမှာပါ။

Li Jie က ကုမ္ပဏီဟာ OnePlus 12 ကို အကြမ်းထည် စွမ်းအား အပိုင်းမှာ တခြား စွမ်းရည်မြင့် ဖုန်းတွေထက် ပိုကောင်းအောင် ဖန်တီးထားတာလို့ ပြောပါတယ်။ ကုမ္ပဏီဟာ ဖုန်းကို ဘက်ပေါင်းစုံကနေ တိုးတက်အောင် ပြုလုပ်ခဲ့ပါတယ်။ အခုတော့ OnePlus 12 ဟာ ရည်မှန်းချက်ကို ပြည့်မှီသွားပြီလို့ Li Jie က ပြောပါတယ်။

အဲဒီဖုန်းမှာ Snapdragon 8 Gen 3 ပါလာမှာ သေချာပါတယ်။ ကမ္ဘာ့ ထိပ်တန်း အဆင့် “2k Oriental Screen” ထည့်သွင်းထားမှာ ဖြစ်ပြီး စမတ်ဖုန်း လောကမှာ ဘယ်တုန်းကမှ မမြင်ဖူးတဲ့ မျက်နှာပြင်လို့ ညွှန်းဆိုထားပါတယ်။

ကုမ္ပဏီဟာ Hasselblad နဲ့ ပူးပေါင်းကာ ကင်မရာတွေကို ဖန်တီးထားပါတယ်။ Main ကင်မရာထဲမှာ Sony LYT-808 Image Sensor ထည့်သွင်းထားပါတယ်။ Hasselblad ရဲ့ မျိုးဆက်သစ် Shadow Imaging System ပါလာမှာပါ။ Li Jie က စွမ်းဆောင်ရည် အပိုင်းမှာ သာမက User Experience အပိုင်းမှာပါ တခြား စွမ်းရည်မြင့် ဖုန်းတွေနဲ့ ယှဉ်နိုင်အောင် ကြိုးစားထားတယ်လို့ ပြောပါတယ်။

Ref : gizmochina