Flagship ဖုန်းတွေရဲ့ Specifications တွေနဲ့ ထွက်ရှိထားပြီး ဈေးနှုန်းအရ Flagship ဖုန်းအမြင့်တွေထက် ဈေးထက်ဝက်လောက် သက်သာတဲ့ OnePlus ဖုန်းတွေဟာ Flagship Killer ဆိုပြီး လူသိများနေတာပဲဖြစ်ပါတယ်။

အခုနောက်ဆုံးထွက်ရှိထားတဲ့ OnePlus 5T ဖုန်းမှာဆိုရင်လည်း လက်ရှိအကောင်းဆုံးလို့ပြောနိုင်တဲ့ 6″ OLED Full View Display, RAM 8GB, ROM 128GB နဲ့ Snapdragon 835 CPU တွေပါဝင်တဲ့အတွက် လက်ရှိစွမ်းဆောင်ရည်အကောင်းဆုံးဖုန်းလို့ပြောရင်တောင်ပြောနိုင်တဲ့ ဖုန်းတစ်လုံးပါ။ ဈေးနှုန်းအရလည်း ငွေကျပ် ၆သိန်းနဲ့ ၇ သိန်းဝန်းကျင်ပဲရှိတဲ့အတွက် ပေးရတဲ့ဈေးနဲ့ အရမ်းတန်တယ်လို့ ပြောလို့ရမှာပါ။

OnePlus ဖုန်းတွေမှာ စွမ်းဆောင်ရည်အပြင် အရေးကြီးတဲ့ အားသာချက်တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ OnePlus ကုမ္ပဏီရဲ့ ကိုယ်ပိုင် Dash Charging နည်းပညာဖြစ်ပါတယ်။ အဆိုပါ Battery အားသွင်းတဲ့နည်းပညာဟာ အလွန်မြန်ဆန်ပြီးတော့ လက်ရှိမှာ အားသွင်းအမြန်ဆုံးဖုန်းလို့ပြောရင်တောင်မမှားပါဘူး။

20W Charger ကို အသုံးပြုတဲ့ OnePlus 5T ရဲ့ အားသွင်းကြာချိန်တွေကတော့

0 min – 0%
10 min – 18%
20 min – 35%
30 min – 55%
40 min – 75%
50 min – 87%
60 min – 93%
70 min – 98%
77 min – 100%

အခုလိုမျိုး 0% ကနေ 100% အထိ အားသွင်းချိန်က ၇၇ မိနစ် သို့ ၁ နာရီ ၁၇ မိနစ်ပဲ ကြာမြင့်တာက OnePlus 5T မှာ ပါဝင်တဲ့ 3300mAh Battery ပမာဏနဲ့ယှဉ်ရင် တော်တော်ကိုမြန်တယ်လို့ ပြောလို့ရပါတယ်။


အခု OnePlus 5T ထက် အားသွင်းမြန်တဲ့ဖုန်းရှိရင်လည်း Comment ပေးသွားခဲ့ကြပါဦး။