Unicode

OnePlus ကနေ ထုတ်လုပ်တဲ့ စမတ်ဖုန်းတွေဟာ Android Update အနေနဲ့ တခြားသော စမတ်ဖုန်းတွေနဲ့ယှဥ်မယ်ဆိုရင် ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ Update ရရှိတဲ့ဖုန်းတွေလို့ ပြောလို့ရပါတယ်။ အခုဆိုရင်လည်း ဒီနှစ်မှာ မိတ်ဆက်ထားတဲ့ OnePlus 7 Series ဖုန်းတွေနဲ့ OnePlus 7T ဖုန်းတွေအကုန်လုံးကလည်း Android 10 ကို အသုံးပြုနေနိုင်ပြီဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ OnePlus ကနေ ပြီးခဲ့တဲလပိုင်းတုန်းက OnePlus 6 နဲ့ OnePlus 6T စမတ်ဖုန်းတွေအတွက်ပါ Android 10 ကို အခြေခံထားတဲ့ OxygenOS Update ကို ထုတ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဆိုပါ Update ဟာ Bugs တွေနဲ့ တခြားသော Issue တွေအများအပြားရှိခဲ့တဲ့အတွက် အခုအချိန်မှာ OnePlus ကနေ ယခင်တုန်းက ပြဿနာတွေကို ပြင်ဆင်ထားတဲ့ OxygenOS 10.0.1 Update ကို ပြန်လည်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

ယခု OxygenOS 10.0.1 Update ဟာဆိုရင် Android 10 ကို အခြေခံထားမှာဖြစ်သလို Fingerprint ID ပြဿနာတွေနဲ့ အလိုအလျောက် Reboot ကျနေတာတွေကိုပါ ပြန်လည်ပြင်ဆင်ထားခဲ့တယ်လို့ သိရပါတယ်။ ဒ့ါအပြင် October 2019 Security Patch လည်းပါဝင်မှာဖြစ်ပါတယ်။

အခု OxygenOS 10.0.1 Update ရဲ့ Changelog အပြည့်အစုံကိုတော့ အောက်မှာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဒီ OxygenOS 10.0.1 Update ဟာ OnePlus 6/6T အသုံးပြုသူအချို့အတွက် အရင်ထုတ်ပေးသွားမှာဖြစ်ပြီး တကယ်လို့ Bugs ကြီးကြီးမားမားမရှိရင်တော့ ရက်အနည်းငယ်အတွင်းမှာ Device အကုန်လုံးအတွက် Update ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena

Zawgyi

OnePlus ကေန ထုတ္လုပ္တဲ့ စမတ္ဖုန္းေတြဟာ Android Update အေနနဲ႔ တျခားေသာ စမတ္ဖုန္းေတြနဲ႔ယွဥ္မယ္ဆိုရင္ ပိုၿပီး ျမန္ျမန္ဆန္ဆန္နဲ႔ Update ရရွိတဲ့ဖုန္းေတြလို႔ ေျပာလို႔ရပါတယ္။ အခုဆိုရင္လည္း ဒီႏွစ္မွာ မိတ္ဆက္ထားတဲ့ OnePlus 7 Series ဖုန္းေတြနဲ႔ OnePlus 7T ဖုန္းေတြအကုန္လုံးကလည္း Android 10 ကို အသုံးျပဳေနႏိုင္ၿပီျဖစ္ပါတယ္။

ဒါတင္မဟုတ္ေသးဘဲ OnePlus ကေန ၿပီးခဲ့တဲလပိုင္းတုန္းက OnePlus 6 နဲ႔ OnePlus 6T စမတ္ဖုန္းေတြအတြက္ပါ Android 10 ကို အေျခခံထားတဲ့ OxygenOS Update ကို ထုတ္ခဲ့ပါေသးတယ္။ ဒါေပမယ့္ အဆိုပါ Update ဟာ Bugs ေတြနဲ႔ တျခားေသာ Issue ေတြအမ်ားအျပားရွိခဲ့တဲ့အတြက္ အခုအခ်ိန္မွာ OnePlus ကေန ယခင္တုန္းက ျပႆနာေတြကို ျပင္ဆင္ထားတဲ့ OxygenOS 10.0.1 Update ကို ျပန္လည္ထုတ္ေပးလိုက္ၿပီျဖစ္ပါတယ္။

ယခု OxygenOS 10.0.1 Update ဟာဆိုရင္ Android 10 ကို အေျခခံထားမွာျဖစ္သလို Fingerprint ID ျပႆနာေတြနဲ႔ အလိုအေလ်ာက္ Reboot က်ေနတာေတြကိုပါ ျပန္လည္ျပင္ဆင္ထားခဲ့တယ္လို႔ သိရပါတယ္။ ဒ့ါအျပင္ October 2019 Security Patch လည္းပါဝင္မွာျဖစ္ပါတယ္။

အခု OxygenOS 10.0.1 Update ရဲ႕ Changelog အျပည့္အစုံကိုေတာ့ ေအာက္မွာၾကည့္ရႈႏိုင္မွာျဖစ္ပါတယ္။

ဒီ OxygenOS 10.0.1 Update ဟာ OnePlus 6/6T အသုံးျပဳသူအခ်ိဳ႕အတြက္ အရင္ထုတ္ေပးသြားမွာျဖစ္ၿပီး တကယ္လို႔ Bugs ႀကီးႀကီးမားမားမရွိရင္ေတာ့ ရက္အနည္းငယ္အတြင္းမွာ Device အကုန္လုံးအတြက္ Update ထုတ္ေပးသြားမယ္လို႔ သိရပါတယ္။

Ref – GSM Arena