Zawgyi
Ref – Phone Arena
Unicode
OnePlus က လက်ရှိ Android စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ Android Update ပိုင်းမှာ အမြန်ဆုံး Update လုပ်ပေးနိုင်တဲ့ကုမ္ပဏီတစ်ခုလို့တောင် ပြောလို့ရပါတယ်။ အခုအချိန်မှာဆိုရင်လည်း OnePlus 7 ၊ 7 Pro နဲ့ OnePlus 7T Series စမတ်ဖုန်းတွေက Android 10 ကို အသုံးပြုနေနိုင်တဲ့ စမတ်ဖုန်းတွေဖြစ်နေပါပြီ။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကလည်း OnePlus ကနေ OnePlus 6T နဲ့ OnePlus 6 စမတ်ဖုန်းတွေအပြင် OnePlus 5T နဲ့ OnePlus 5 ဖုန်းတွေကိုပါ Android 10 ကို အခြေခံထားတဲ့ OxygenOS 10 ကို Update လုပ်ပေးမယ်ဆိုပြီး အတည်ပြုပေးခဲ့ပါတယ်။ အဲ့ဒီအတွက် OnePlus ဖုန်းတွေက Android Update ပိုင်းမှာတော့ စိတ်ချလို့ရတယ်လို့တောင် ပြောရမှာပါ။
OnePlus 5 နဲ့ 5T ဖုန်းတွေကတော့ Android 10 Update ကို လာမယ့်နှစ် ဒုတိယ ၃ လပတ်မှရရှိမှာဖြစ်ပေမယ့် OnePlus ကနေ OnePlus 6 နဲ့ 6T စမတ်ဖုန်းတွေအတွက် Android 10 Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အခု Update ဟာ Stable Version မဟုတ်သေးသလို Open Beta Version ဖြစ်တဲ့အတွက် Bug အနည်းငယ်ရှိနေနိုင်ပြန်ပါတယ်။
ဘာပဲဖြစ်ဖြစ် OnePlus 6 နဲ့ 6T အသုံးပြုသူတွေအတွက်ကတော့ Android 10 ကို စမ်းသပ်သုံးစွဲလို့ရနေပြီဆိုတော့ Official Stable Update ထွက်ရှိဖို့ကလည်း ရက်သတ္တပတ်အနည်းငယ်ပဲ လိုတော့တယ်လို့ ပြောလို့ရပါတယ်။
Ref – Phone Arena