OnePlus က ၂၀၂၀ ခုနှစ်ထုတ် စွမ်းဆောင်ရည်မြင့် 8 နဲ့ 8 Pro အတွက် OxygenOS Update ကို ပြီးခဲ့တဲ့ လက ဖြန့်ချိပေးခဲ့ပြီး OnePlus Buds Support ပါလာပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ ၁ ပတ်မှာ OnePlus ရဲ့ ၂၀၁၈ ခုနှစ်ထုတ် စမတ်ဖုန်းတွေ ဖြစ်တဲ့ 6 နဲ့ 6T မှာ အဲဒီ Support ထည့်သွင်းပေးခဲ့ပါတယ်။ အခုတော့ OnePlus Buds Support ပါတဲ့ နောက်ဆုံးထုတ် OxygenOS Update ကို 7 နဲ့ 7 Pro အတွက် ရသွားပါပြီ။

OnePlus က 7 နဲ့ 7 Pro အတွက် OxygenOS 10.0.7 Update ကို ဥရောပမှာ ဖြန့်ချိပေးလိုက်ပါတယ်။ အိန္ဒိယနဲ့ နိုင်ငံတကာအတွက်တော့ 10.3.4  အနေနဲ့ထွက်လာတာ ဖြစ်ပါတယ်။ OnePlus Buds Support အပြင် Update မှာ ၂၀၂၀ ခုနှစ် ဇူလိုင်လအတွက် Android Security Patch ပါလာပြီး Audio Streaming for Hearing Aid အောက်မှာ Bluetooth Hearing Aids ထည့်သွင်းပေးလိုက်ပါတယ်။

OxygenOS 10.0.7  နဲ့ 10.3.4 ရဲ့ Changelog အပြည့်အစုံကို အောက်မှာ လေ့လာနိုင်ပါတယ်။

OxygenOS 10.0.7  နဲ့ 10.3.4 တို့ကို Over-the Air ကနေ User အနည်းငယ်အတွက်ပဲ လက်ရှိမှာ ဖြန့်ချိပေးလိုက်တာ ဖြစ်ပြီး Bugs မတွေ့ရရင် ပိုမို တိုးချဲ့ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena