ပြီးခဲ့တဲ့ရက်သတ္တပတ်အစောပိုင်းတုန်းက OnePlus ကနေ OnePlus 7 နဲ့ 7 Pro ဖုန်းတွေအတွက် India Version ကို OxygenOS 10.3.2 နဲ့ European ၊ Global Version အတွက် OxygenOS 10.0.5 Update တွေထုတ်ပေးခဲ့ပါတယ်။

အခုအချိန်မှာတော့ OnePlus ကနေ OnePlus 7T နဲ့ 7T Pro Global Version တွေအတွက် OxygenOS 10.0.9 နဲ့ 10.0.8 Update ၊ India Version အတွက် OxygenOS 10.3.2 Update တွေကို ထုတ်လုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Update တွေနဲ့အတူ Feature အသစ်တွေအပြင် Improvement တွေလည်း အများအပြားပါဝင်လာခဲ့ပါတယ်။

အဓိကပြောင်းလဲမှုတစ်ခုကတော့ Slow-mo Video တွေကို ရိုက်ကူးတဲ့အချိန်မှာ Stability ကို သိသိသာသာပိုကောင်းလာတာဖြစ်ပြီး RAM Management ကိုလည်း Improve ပြုလုပ်ထားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် March Android Security Patch လည်းပါဝင်မှာဖြစ်ပါတယ်။

Changelog အပြည့်အစုံကိုတော့ အောက်မှာကြည့်ရှုနိုင်မှာဖြစ်ပြီးတော့ လောလောဆယ်မှာ အသုံးပြုသူအနည်းငယ်ကိုပဲ Update ထုတ်ပေးနေတာဖြစ်ပြီး မကြာခင်မှာ တခြားအသုံးပြုသူတွေအနေနဲ့လည်း Update ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

Ref – GSM Arena