Zawgyi

OnePlus ဟာ ပုံမွန္အားျဖင့္ တစ္ႏွစ္ကို စမတ္ဖုန္း ၂ မ်ိဳးထုတ္လုပ္ေနၾက ကုမၸဏီတစ္ခုျဖစ္ပါတယ္။ အခုအခ်ိန္မွာလည္း OnePlus ကေန OnePlus 7T နဲ႔ OnePlus 7T Pro ဆိုၿပီး ေနာက္ထပ္ စမတ္ဖုန္းအသစ္ေတြကို မိတ္ဆက္လာေတာ့မွာပါ။

ဒီ OnePlus 7T နဲ႔ 7T Pro ဖုန္းေတြရဲ႕ Render ေတြကို ယခင္တုန္းက OnLeaks ကေန ေဖာ္ျပခဲ့ၿပီးျဖစ္သလို အခုလည္း ဒီဖုန္းေတြရဲ႕ Specifications အျပည့္အစုံကို ထပ္ၿပီး ေဖာ္ျပလိုက္ပါၿပီ။ ဒါတင္မဟုတ္ေသးဘဲ ဒီဖုန္းေတြမိတ္ဆက္လာမယ့္ အခ်ိန္ကိုပါ ေဖာ္ျပခဲ့တာလည္းျဖစ္ပါတယ္။

အခု Specification အရ OnePlus 7T Pro ဟာ ဒီႏွစ္အေစာပိုင္းတုန္းက မိတ္ဆက္ထားခဲ့တဲ့ OnePlus 7 Pro နဲ႔ ဒီဇိုင္းပိုင္းအရေရာ တူညီေနသလို Specification ပိုင္းမွာလည္း အမ်ားႀကီးမကြာျခားတာကိုေတြ႕ရပါတယ္။ ကြာျခားသြားတာက Snapdragon 855 အစား Snapdragon 855+ ျဖစ္သြားတာပဲလို႔ ေျပာလို႔ရၿပီးေတာ့ က်န္တဲ့ RAM 8GB ၊ 6.65″ 90Hz QHD+ Display ၊ 48MP+8MP+16MP Triple Camera Setup ေတြက OnePlus 7 Pro နဲ႔ တူတူပဲျဖစ္ေနပါတယ္။

ဒါေပမယ့္ OnePlus 7T အေနနဲ႔ကေတာ့ Upgrade လုပ္ထားတာေတာ္ေတာ္မ်ားလာၿပီးေတာ့ Display အေနနဲ႔ 6.65″ FHD+ AMOLED Display ကိုမွ 90Hz Refresh Rate ျဖစ္လာပါတယ္။ Camera အေနနဲ႔လည္း OnePlus 7T Pro လိုပဲ Triple Camera Setup ကို သုံးလာမွာျဖစ္သလို Telephoto Lens ပဲ 3x Optical Zoom အစား 2x Optical Zoom ပဲရတဲ့ 12MP Lens ကို ေျပာင္းလဲထားတာျဖစ္ပါတယ္။ Processor ပိုင္းမွာလည္း Snapdragon 855+ ကို အဆင့္ျမႇင့္တင္ထားသလို 3800mAh Battery ကိုမွ 30W Wrap Charge 30T ကို Support လုပ္ေနဦးမွာပါ။

OnLeaks ရဲ႕ အဆိုအရေတာ့ အခု OnePlus 7T နဲ႔ OnePlus 7T Pro စမတ္ဖုန္းေတြက လာမယ့္ ေအာက္တိုဘာလ ၁၀ ရက္ေန႔မွာ တရားဝင္မိတ္ဆက္သြားမွာျဖစ္ၿပီး စက္တင္ဘာလ ၂၆ ရက္ေန႔မွာေတာ့ OnePlus TV ကိုပဲ အရင္မိတ္ဆက္လာဦးမယ္လို႔ သိရပါတယ္။

Ref – GSM Arena

Unicode

OnePlus ဟာ ပုံမှန်အားဖြင့် တစ်နှစ်ကို စမတ်ဖုန်း ၂ မျိုးထုတ်လုပ်နေကြ ကုမ္မဏီတစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာလည်း OnePlus ကနေ OnePlus 7T နဲ့ နဲ့ OnePlus 7T Pro ဆိုပြီး နောက်ထပ် စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်လာတော့မှာပါ။

ဒီ OnePlus 7T နဲ့ 7T Pro ဖုန်းတွေရဲ့ Render တွေကို ယခင်တုန်းက OnLeaks ကနေ ဖော်ပြခဲ့ပြီးဖြစ်သလို အခုလည်း ဒီဖုန်းတွေရဲ့ Specifications အပြည့်အစုံကို ထပ်ပြီး ဖော်ပြလိုက်ပါပြီ။ ဒါတင်မဟုတ်သေးဘဲ ဒီဖုန်းတွေမိတ်ဆက်လာမယ့် အချိန်ကိုပါ ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

အခု Specification အရ OnePlus 7T Pro ဟာ ဒီနှစ်အစောပိုင်းတုန်းက မိတ်ဆက်ထားခဲ့တဲ့ OnePlus 7 Pro နဲ့ ဒီဇိုင်းပိုင်းအရရော တူညီနေသလို Specification ပိုင်းမှာလည်း အများကြီးမကွာခြားတာကိုတွေ့ရပါတယ်။ ကွာခြားသွားတာက Snapdragon 855 အစား Snapdragon 855+ ဖြစ်သွားတာပဲလို့ ပြောလို့ရပြီးတော့ ကျန်တဲ့ RAM 8GB ၊ 6.65″ 90Hz QHD+ Display ၊ 48MP+8MP+16MP Triple Camera Setup နဲ့ 4085mAh Battery တွေက OnePlus 7 Pro နဲ့ တူတူပဲဖြစ်နေပါတယ်။

ဒါပေမယ့် OnePlus 7T အနေနဲ့ကတော့ Upgrade လုပ်ထားတာတော်တော်များလာပြီးတော့ Display အနေနဲ့ 6.65″ FHD+ AMOLED Display ကိုမှ 90Hz Refresh Rate ဖြစ်လာပါတယ်။ Camera အနေနဲ့လည်း OnePlus 7T Pro လိုပဲ Triple Camera Setup ကို သုံးလာမှာဖြစ်သလို Telephoto Lens ပဲ 3x Optical Zoom အစား 2x Optical Zoom ပဲရတဲ့ 12MP Lens ကို ပြောင်းလဲထားတာဖြစ်ပါတယ်။ Processor ပိုင်းမှာလည်း Snapdragon 855+ ကို အဆင့်မြှင့်တင်ထားသလို 3800mAh Battery ကိုမှ 30W Wrap Charge 30T ကို Support လုပ်နေဦးမှာပါ။

OnLeaks ရဲ့ အဆိုအရတော့ အခု OnePlus 7T နဲ့ OnePlus 7T Pro စမတ်ဖုန်းတွေက လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီးတော့ စက်တင်ဘာလ ၂၆ ရက်နေ့မှာတော့ OnePlus TV ကိုပဲ အရင်မိတ်ဆက်လာဦးမယ်လို့ သိရပါတယ်။

Ref – GSM Arena