Zawgyi

စက္တင္ဘာလထဲမွာ ေရာက္ရွိလာမယ့္ဖုန္းေတြထဲက အပါအဝင္ျဖစ္တဲ့ OnePlus 7T ရဲ႕ Specs ေတြ ထြက္ေပၚလာခဲ့ၿပီး ေမွ်ာ္လင့္ထားတဲ့အတုိင္း OnePlus 7 ကိုအေျခခံတုိးျမွင့္ထားတဲ့ ဒီဇုိင္းကို ျမင္ေတြ႕ရပါတယ္။

7T စမတ္ဖုန္းသစ္မွာ ေနာက္ဆုံးေပၚ Snapdragon 855+ ခ်စ္ပ္ကိုပဲ အသုံးျပဳလာမွာျဖစ္ၿပီး OnePlus 7 မွာပါတဲ့ Snapdragon 855 ကို ရႏုိင္သေလာက္ ျမွင့္တင္ထားတာျဖစ္ပါတယ္။ မန္မုိရီပုိင္းမွာ 8GB RAM နဲ႔အတူ 128GB / 256GB Storage ႏွစ္မ်ဳိးေရြးခ်ယ္ႏုိင္မွာျဖစ္ပါတယ္။

ေရွ႕ဘက္မ်က္ႏွာစာမွာေတာ့ 6.55” လက္မအရြယ္ Super AMOLED Display အႀကီးစားကို ထည့္လာမွာျဖစ္ၿပီး 2K Resolution ထိအသုံးျပဳႏုိင္မယ့္ Display ဟာ 90Hz ျမန္ႏႈန္းရွိမွာပါ။ ဒါဟာ OnePlus 7 မွာပါတဲ့ 6.41” လက္မအရြယ္ 60Hz FHD+ Display ကို အႀကီးစားျမွင့္တင္မႈလုိ႔ ဆုိႏုိင္ၿပီး Gaming ဖုန္းေတြနဲ႔ တန္းတူနီးပါး ရုပ္ထြက္ေကာင္းမြန္လာေစမွာပါ။

Selfie အတြက္ 16MP Shooter ေလးကိုပဲ ဆက္သုံးမွာျဖစ္ေပမယ့္ ေနာက္ဘက္က 48MP အဓိက ကင္မရာကို 16MP + 12MP ကင္မရာယူနစ္ႏွစ္ခုက အေဖာ္ျပဳေပးေတာ့မွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Wide-angle ကိုရုိက္ကူးႏုိင္စြမ္းပါဝင္လာၿပီး 960 FPS Slow-mo ဗီဒီယုိေတြကိုလည္း ရုိက္ကူးႏုိင္မွာပါ။ ဘကၳရီကေတာ့ 3,700 mAh ကေန 3,800 mAh သို႔ေျပာင္းလဲသြားတာေၾကာင့္ သိသာတယ္လို႔ မဆုိႏုိင္ပါဘူး။

OnePlus 7T ဖုန္းဟာ Frosted Silver နဲ႔ Haze Blue ဆုိၿပီး ကာလာႏွစ္မ်ဳိးနဲ႔ထြက္လာမွာပါ။ ကုမၸဏီက ဝယ္ယူသူတုိင္းကို အခမဲ့ Cloud Storage တစ္ႏွစ္စာေပးသြားမွာျဖစ္ပါတယ္။ သူနဲ႔အတူထြက္လာမယ့္ OnePlus 7T Pro အတြက္ေတာ့ အတည္မျပဳေသးေပမယ့္ သတင္းေတြက 4,080mAh ဘကၳရီႀကီးနဲ႔ 855+ အစား SD855 ခ်စ္ပ္ဆက္ရုိးရုိးနဲ႔ပဲ ပြဲထြက္လာမယ္လို႔ ဆုိေနပါတယ္။

ဘာပဲျဖစ္ျဖစ္ စက္တင္ဘာလထဲကို ဝင္ေရာက္လာၿပီျဖစ္တာေၾကာင့္ OnePlus ရဲ႕ Flagship ထုတ္ကုန္အသစ္ကို ေစာင့္ေမွ်ာ္ၾကည့္ရႈဖုိ႔ သိပ္မလိုေတာ့ပါဘူး။ ေစ်းႏႈန္းနဲ႔ အျခား Feature ေတြကိုလည္း တရားဝင္မိတ္ဆက္လာမွ သိႏုိင္မွာပါ။

Ref – GSM Arena

Unicode

စက်တင်ဘာလထဲမှာ ရောက်ရှိလာမယ့်ဖုန်းတွေထဲက အပါအဝင်ဖြစ်တဲ့ OnePlus 7T ရဲ့ Specs တွေ ထွက်ပေါ်လာခဲ့ပြီး မျှော်လင့်ထားတဲ့အတိုင်း OnePlus 7 ကိုအခြေခံတိုးမြှင့်ထားတဲ့ ဒီဇိုင်းကို မြင်တွေ့ရပါတယ်။

7T စမတ်ဖုန်းသစ်မှာ နောက်ဆုံးပေါ် Snapdragon 855+ ချစ်ပ်ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး OnePlus 7 မှာပါတဲ့ Snapdragon 855 ကို ရနိုင်သလောက် မြှင့်တင်ထားတာဖြစ်ပါတယ်။ မန်မိုရီပိုင်းမှာ 8GB RAM နဲ့အတူ 128GB / 256GB Storage နှစ်မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။

ရှေ့ဘက်မျက်နှာစာမှာတော့ 6.55” လက်မအရွယ် Super AMOLED Display အကြီးစားကို ထည့်လာမှာဖြစ်ပြီး 2K Resolution ထိအသုံးပြုနိုင်မယ့် Display ဟာ 90Hz မြန်နှုန်းရှိမှာပါ။ ဒါဟာ OnePlus 7 မှာပါတဲ့ 6.41” လက်မအရွယ် 60Hz FHD+ Display ကို အကြီးစားမြှင့်တင်မှုလို့ ဆိုနိုင်ပြီး Gaming ဖုန်းတွေနဲ့ တန်းတူနီးပါး ရုပ်ထွက်ကောင်းမွန်လာစေမှာပါ။

Selfie အတွက် 16MP Shooter လေးကိုပဲ ဆက်သုံးမှာဖြစ်ပေမယ့် နောက်ဘက်က 48MP အဓိက ကင်မရာကို 16MP + 12MP ကင်မရာယူနစ်နှစ်ခုက အဖော်ပြုပေးတော့မှာဖြစ်ပါတယ်။ ဒါ့ကြောင့် Wide-angle ကိုရိုက်ကူးနိုင်စွမ်းပါဝင်လာပြီး 960 FPS Slow-mo ဗီဒီယိုတွေကိုလည်း ရိုက်ကူးနိုင်မှာပါ။ ဘက္ထရီကတော့ 3,700 mAh ကနေ 3,800 mAh သို့ပြောင်းလဲသွားတာကြောင့် သိသာတယ်လို့ မဆိုနိုင်ပါဘူး။

OnePlus 7T ဖုန်းဟာ Frosted Silver နဲ့ Haze Blue ဆိုပြီး ကာလာနှစ်မျိုးနဲ့ထွက်လာမှာပါ။ ကုမ္ပဏီက ဝယ်ယူသူတိုင်းကို အခမဲ့ Cloud Storage တစ်နှစ်စာပေးသွားမှာဖြစ်ပါတယ်။ သူနဲ့အတူထွက်လာမယ့် OnePlus 7T Pro အတွက်တော့ အတည်မပြုသေးပေမယ့် သတင်းတွေက 4,080mAh ဘက္ထရီကြီးနဲ့ 855+ အစား SD855 ချစ်ပ်ဆက်ရိုးရိုးနဲ့ပဲ ပွဲထွက်လာမယ်လို့ ဆိုနေပါတယ်။

ဘာပဲဖြစ်ဖြစ် စက်တင်ဘာလထဲကို ဝင်ရောက်လာပြီဖြစ်တာကြောင့် OnePlus ရဲ့ Flagship ထုတ်ကုန်အသစ်ကို စောင့်မျှော်ကြည့်ရှုဖို့ သိပ်မလိုတော့ပါဘူး။ ဈေးနှုန်းနဲ့ အခြား Feature တွေကိုလည်း တရားဝင်မိတ်ဆက်လာမှ သိနိုင်မှာပါ။

Ref – GSM Arena