OnePlus ကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက OnePlus 7 Pro စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ OnePlus 7T နဲ့ OnePlus 7T Pro ဖုန်းတွေကို Design ပိုင်းအနည်းငယ်ပြောင်းလဲပြီး မိတ်ဆက်ခဲ့ပါသေးတယ်။

အခုအချိန်မှာတော့ Camera ပိုင်းတိုင်းတာတဲ့ Benchmark တစ်ခုဖြစ်တဲ့ DxOMark ကနေ OnePlus 7T Pro ရဲ့ Camera ပိုင်းရမှတ်တွေကို ထုတ်ပြန်ခဲ့ပြီး ထူးခြားတာက အရှေ့ပိုင်းကထွက်ရှိခဲ့တဲ့ OnePlus 7 Pro နဲ့ တူညီတဲ့ 114 Total Score ရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် OnePlus 7T Pro ဟာ OnePlus 7 Pro ထက်သိသိသာသာပိုမကောင်းသွားဘူးလို့ ပြောရမှာပါ။

Total Score မဟုတ်ဘဲ Photo Score မှာလည်း OnePlus 7 Pro နဲ့ OnePlus 7T Pro က ရမှတ် ၁၂၂ မှတ်နဲ့ တူညီနေပြီးတော့ Video ပိုင်းမှာတော့ OnePlus 7 Pro က ၉၆ မှတ်ရရှိပြီး OnePlus 7T Pro ကတော့ ၉၈ မှတ်နဲ့ အနည်းငယ်ပိုသာနေတယ်လို့ ပြောရမှာပါ။

ဘာပဲဖြစ်ဖြစ် OnePlus ကနေ ထုတ်လုပ်ထားတဲ့စမတ်ဖုန်းတွေမှာ တခြား Flagship ဖုန်းတွေနဲ့ယှဥ်ရင် Camera ပိုင်းမှာ လိုအပ်ချက်ရှိနေသေးတယ်လို့ ပြောနိုင်သလို အခုလိုမျိုး OnePlus 7T Pro လိုဖုန်းကတောင် OnePlus 7 Pro ထက် သိသိသာသာ မကောင်းလာတာက OnePlus အနေနဲ့ လာမယ့် စမတ်ဖုန်းအသစ်တွေမှာ Camera ပိုင်းကို ပိုအားစိုက်ဖို့လိုနေတယ်ဆိုတာ သိသာလာစေပါတယ်။

Ref – Gizmo China