[Zawgyi]

OnePlus က လာမယ့္လေတြအတြင္းမွာ OnePlus 7T Series ေတြကို ေၾကညာမယ္လို႔ ထင္ပါတယ္။ ဒီႏွစ္ ပထမႏွစ္၀က္မွာ ကုမၸဏီက ဖုန္း ၃ လံုးကို မိတ္ဆက္ခဲ့ၿပီးၿပီ ျဖစ္ၿပီး OnePlus 7 , OnePlus 7 Pro နဲ႔ OnePlus 7 Pro 5G တို႔ျဖစ္ပါတယ္။ OnePlus 7 ကေတာ့ OnePlus 6T နဲ႔ ဒီဇိုင္း ဆင္တူၿပီး ေနာက္ ၂ လံုးမွာ All-screen Display , Pop-up Selfie Cameras  နဲ႔ တူညီတဲ့ Hardware ေတြ ထည့္ထားပါတယ္။ OnePlus 7T မွာလည္း  ဒီဇိုင္းေျပာင္းလဲထားႏုိင္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ခရစ္စမတ္မတိုင္ခင္က Ishan Agarwal က OnePlus Phone Design ၁ ခုကို Twitter မွာ မွ်ေ၀ခဲ့ပါတယ္။ အေနာက္ဘက္မွာ ဆန္ဆာမ်ားစြာ ပါတဲ့ စက္၀ိုင္းပံု ကင္မရာ ဒီဇိုင္းကို ေတြ႔ရၿပီး OnePlus 7 ျဖစ္မယ္လို႔ ထင္ခဲ့ၾကေပမယ့္ မွားသြားခဲ့ပါတယ္။ အခုေတာ့ Evan Blass က OnePlus Phone ၁ လံုးရဲ႕ ပံုၾကမ္း ၁ ပံုကို အဲဒီ Tweet မွာ Reply လုပ္ခဲ့ၿပီး အေနာက္ဘက္မွာ စက္၀ိုင္းပံု ကင္မရာ ဒီဇိုင္းကို ေတြ႕ရပါတယ္။

အဲဒီ ဖုန္းဟာ OnePlus 7T Pro ျဖစ္ႏုိင္ၿပီး ကင္မရာကို ၾကည့္ျခင္းအားျဖင့္ OnePlus 7T Pro နဲ႔ OnePlus 7 Pro တို႔ကို ခြဲျခားႏုိင္မွာ ျဖစ္ပါတယ္။ OnePlus 7 Pro ရဲ႕ အေနာက္ဘက္ အလယ္မွာ ကင္မရာ ၃ လံုးကို ေဒါင္လိုက္တပ္ဆင္ထားပါတယ္။ စက္၀ိုင္းပံု ဒီဇိုင္းကို သံုးျခင္းအားျဖင့္ အတြင္းပိုင္းမွာ ေနရာလြတ္ေတြ ပိုရလာေစၿပီး ပိုႀကီးတဲ့ ဘက္ထရီကို ထည့္ႏုိင္ပါတယ္။ လက္ရွိမွာ ဒါေတြဟာ ခန္႔မွန္းခ်က္သာ ျဖစ္ပါတယ္။

Motorola က သူ႔ရဲ႕ ဖုန္းေတြမွာ စက္၀ိုင္းပံု ကင္မရာ ဒီဇိုင္းကို အသံုးျပဳေနတာ ႏွစ္မ်ားစြာ ရွိေနပါၿပီ။ Huawei Mate 30 Pro မွာလည္း အလားတူ ကင္မရာ ဒီဇိုင္းပါလာႏုိင္ပါတယ္။

Ref : bgr

[Unicode]

ဒီဇိုင်း ပြောင်းလဲထားမယ့် OnePlus 7T Pro

OnePlus က လာမယ့်လတွေအတွင်းမှာ OnePlus 7T Series တွေကို ကြေညာမယ်လို့ ထင်ပါတယ်။ ဒီနှစ် ပထမနှစ်ဝက်မှာ ကုမ္ပဏီက ဖုန်း ၃ လုံးကို မိတ်ဆက်ခဲ့ပြီးပြီ ဖြစ်ပြီး OnePlus 7 , OnePlus 7 Pro နဲ့ OnePlus 7 Pro 5G တို့ဖြစ်ပါတယ်။ OnePlus 7 ကတော့ OnePlus 6T နဲ့ ဒီဇိုင်း ဆင်တူပြီး နောက် ၂ လုံးမှာ All-screen Display , Pop-up Selfie Cameras နဲ့ တူညီတဲ့ Hardware တွေ ထည့်ထားပါတယ်။ OnePlus 7T မှာလည်း ဒီဇိုင်းပြောင်းလဲထားနိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ် ခရစ်စမတ်မတိုင်ခင်က Ishan Agarwal က OnePlus Phone Design ၁ ခုကို Twitter မှာ မျှဝေခဲ့ပါတယ်။ အနောက်ဘက်မှာ ဆန်ဆာများစွာ ပါတဲ့ စက်ဝိုင်းပုံ ကင်မရာ ဒီဇိုင်းကို တွေ့ရပြီး OnePlus 7 ဖြစ်မယ်လို့ ထင်ခဲ့ကြပေမယ့် မှားသွားခဲ့ပါတယ်။ အခုတော့ Evan Blass က OnePlus Phone ၁ လုံးရဲ့ ပုံကြမ်း ၁ ပုံကို အဲဒီ Tweet မှာ Reply လုပ်ခဲ့ပြီး အနောက်ဘက်မှာ စက်ဝိုင်းပုံ ကင်မရာ ဒီဇိုင်းကို တွေ့ရပါတယ်။

အဲဒီ ဖုန်းဟာ OnePlus 7T Pro ဖြစ်နိုင်ပြီး ကင်မရာကို ကြည့်ခြင်းအားဖြင့် OnePlus 7T Pro နဲ့ OnePlus 7 Pro တို့ကို ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။ OnePlus 7 Pro ရဲ့ အနောက်ဘက် အလယ်မှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ စက်ဝိုင်းပုံ ဒီဇိုင်းကို သုံးခြင်းအားဖြင့် အတွင်းပိုင်းမှာ နေရာလွတ်တွေ ပိုရလာစေပြီး ပိုကြီးတဲ့ ဘက်ထရီကို ထည့်နိုင်ပါတယ်။ လက်ရှိမှာ ဒါတွေဟာ ခန့်မှန်းချက်သာ ဖြစ်ပါတယ်။

Motorola က သူ့ရဲ့ ဖုန်းတွေမှာ စက်ဝိုင်းပုံ ကင်မရာ ဒီဇိုင်းကို အသုံးပြုနေတာ နှစ်များစွာ ရှိနေပါပြီ။ Huawei Mate 30 Pro မှာလည်း အလားတူ ကင်မရာ ဒီဇိုင်းပါလာနိုင်ပါတယ်။

Ref : bgr