Zawgyi

မၾကာခင္မွာမိတ္ဆက္သြားမယ့္ OnePlus 7T စမတ္ဖုန္းရဲ႕ ဒီဇုိင္းေတြကိုေတာ့ ကုမၸဏီက တရားဝင္ ခ်ျပခဲ့ၿပီးပါၿပီ။ ဒါေပမယ့္ OnePlus 7T Pro ဗားရွင္းအတြက္ ပုံေတြကိုေတာ့ မျမင္ရေသးပါဘူး။ အခုခ်ိန္ထိ ကုမၸဏီကလည္း တရားဝင္ထုတ္မျပေသးေပမယ့္ OnePlus 7T Pro ရဲ႕ ပုံရိပ္ေတြကို အင္တာနက္ေပၚမွာ @OnLeaks ကေန ဖြင့္ခ်ျပလာခဲ့ပါတယ္။

OnePlus 7T Pro ရဲ႕ဒီဇုိင္းအတြက္ Render ပုံရိပ္ေတြဟာ အရင္ကလည္း ထြက္ေပၚလာခဲ့ေပမယ့္ ကာလာနဲ႔ ပုံပန္းသ႑ာန္က အေသးစိတ္မျမင္ရေသးပါဘူး။ အခုထြက္ေပၚလာတဲ့ ပုံေတြထဲမွာေတာ့ 7T Pro ဟာလည္း 7T လုိပဲ Haze Blue ကာလာနဲ႔ ထြက္လာမယ္ဆုိတာ ျမင္ေတြ႕ရပါတယ္။ 7 Pro ဟန္းဆက္ရဲ႕ Nebula Blue ဗားရွင္းဟာလည္း အခုလိုအေရာင္ပဲျဖစ္ေပမယ့္ ပိုမုိအေရာင္စိုလဲ့တဲ့ အနားသတ္ေတြပါပါတယ္။

ဒါ့အျပင္ OnePlus 7 နဲ႔ 7 Pro ဟန္းဆက္ေတြဟာ တစ္ခုနဲ႔တစ္ခု မတူညီတဲ့ အေရာင္အေသြးေတြနဲ႔ ပြဲထြက္ထားခဲ့တာေၾကာင့္ 7T နဲ႔ 7T Pro တုိ႔မွာ တူညီတဲ့ကာလာတစ္မ်ဳိးတည္းနဲ႔ ထြက္ေပၚလာတာ စဥ္းစားစရာပါပဲ။ ဒါေပမယ့္ ေစ်းကြက္နဲ႔ ျဖန္႔ခ်ိမႈကိုလုိက္ၿပီး OnePlus 7T နဲ႔ 7T Pro တုိ႔ရဲ႕ ထုိးေဖာက္မႈက ကြာျခားေသးတာေၾကာင့္ ေစ်းကြက္တစ္ခုတည္းမွာ အေရာင္တူနဲ႔ တုိက္ဆုိင္ဖို႔ေတာ့ ျဖစ္ခ်င္မွျဖစ္မွာပါ။

Specs အပိုင္းမွာ 7T Pro ဟာ 7 Pro ထက္ အမ်ားႀကီးသိသိသာသာ Upgrade လုပ္လာပုံ မရပါဘူး။ သတင္းေတြက 7T Pro မွာ ေနာက္ဆုံးေပၚ Snapdragon 855+ ခ်စ္ပ္ဆက္အသုံးျပဳလာမွာျဖစ္ၿပီး 960fps Slow-mo Video Mode ပါဝင္လာမယ္လို႔ ဆုိေပမယ့္ ဒီေလာက္မွာပဲ ရပ္တန္႔သြားပါတယ္။

Ref – GSM Arena

Unicode

မကြာခင်မှာမိတ်ဆက်သွားမယ့် OnePlus 7T စမတ်ဖုန်းရဲ့ ဒီဇိုင်းတွေကိုတော့ ကုမ္ပဏီက တရားဝင် ချပြခဲ့ပြီးပါပြီ။ နောက်အပတ်ထဲမှာ တရားဝင်မိတ်ဆက်ပွဲပြုလုပ်လာတော့မယ့်အချိန်မှာ OnePlus 7T Pro ဗားရှင်းအတွက် ပုံတွေကိုတော့ မမြင်ရသေးပါဘူး။ အခုချိန်ထိ ကုမ္ပဏီကလည်း တရားဝင်ထုတ်မပြသေးပေမယ့် OnePlus 7T Pro ရဲ့ ပုံရိပ်တွေကို အင်တာနက်ပေါ်မှာ @OnLeaks ကနေ ဖွင့်ချပြလာခဲ့ပါတယ်။

OnePlus 7T Pro ရဲ့ဒီဇိုင်းအတွက် Render ပုံရိပ်တွေဟာ အရင်ကလည်း ထွက်ပေါ်လာခဲ့ပေမယ့် ကာလာနဲ့ ပုံပန်းသဏ္ဍာန်က အသေးစိတ်မမြင်ရသေးပါဘူး။ အခုထွက်ပေါ်လာတဲ့ ပုံတွေထဲမှာတော့ 7T Pro ဟာလည်း 7T လိုပဲ Haze Blue ကာလာနဲ့ ထွက်လာမယ်ဆိုတာ မြင်တွေ့ရပါတယ်။ 7 Pro ဟန်းဆက်ရဲ့ Nebula Blue ဗားရှင်းဟာလည်း အခုလိုအရောင်ပဲဖြစ်ပေမယ့် ပိုမိုအရောင်စိုလဲ့တဲ့ အနားသတ်တွေပါပါတယ်။

ဒါ့အပြင် OnePlus 7 နဲ့ 7 Pro ဟန်းဆက်တွေဟာ တစ်ခုနဲ့တစ်ခု မတူညီတဲ့ အရောင်အသွေးတွေနဲ့ ပွဲထွက်ထားခဲ့တာကြောင့် 7T နဲ့ 7T Pro တို့မှာ တူညီတဲ့ကာလာတစ်မျိုးတည်းနဲ့ ထွက်ပေါ်လာတာ စဉ်းစားစရာပါပဲ။ ဒါပေမယ့် ဈေးကွက်နဲ့ ဖြန့်ချိမှုကိုလိုက်ပြီး OnePlus 7T နဲ့ 7T Pro တို့ရဲ့ ထိုးဖောက်မှုက ကွာခြားသေးတာကြောင့် ဈေးကွက်တစ်ခုတည်းမှာ အရောင်တူနဲ့ တိုက်ဆိုင်ဖို့တော့ ဖြစ်ချင်မှဖြစ်မှာပါ။

Specs အပိုင်းမှာ 7T Pro ဟာ 7 Pro ထက် အများကြီးသိသိသာသာ Upgrade လုပ်လာပုံ မရပါဘူး။ သတင်းတွေက 7T Pro မှာ နောက်ဆုံးပေါ် Snapdragon 855+ ချစ်ပ်ဆက်အသုံးပြုလာမှာဖြစ်ပြီး 960fps Slow-mo Video Mode ပါဝင်လာမယ်လို့ ဆိုပေမယ့် ဒီလောက်မှာပဲ ရပ်တန့်သွားပါတယ်။

Ref – GSM Arena