Zawgyi

OnePlus ကေန ဒီႏွစ္အတြက္ OnePlus 7T နဲ႔ OnePlus 7T Pro ဖုန္းေတြကို မၾကာခင္မိတ္ဆက္သြားေတာ့မွာပဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက OnePlus 7T ဖုန္းအတြက္ High Quality Render ပုံေတြထြက္လာသလိုပဲ အခုအခ်ိန္မွာလည္း OnePlus 7T Pro ဖုန္းအတြက္ Render ပုံေတြေပါက္ၾကားလာျပန္ပါၿပီ။ ဒီတစ္ခါမွာေတာ့ OnePlus 7T Pro McLaren Edition ပုံပါ ပါဝင္လာတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ထြက္ရွိခဲ့တဲ့ OnePlus 7T ရဲ႕ Render ပုံေတြမွာ Back Camera က Triple Camera ျဖစ္သြားတဲ့အျပင္ Design ကလည္း Circular Design ကို ေျပာင္းလဲထားခဲ့တာပါ။ ဒါေပမယ့္ OnePlus 7T Pro ရဲ႕ Camera Design ကေတာ့ လက္ရွိ OnePlus 7 Pro ဖုန္းနဲ႔ ပုံစံတူတူပဲျဖစ္ၿပီး ေျပာင္းလဲထားျခင္းမရွိတာကို ေတြ႕ရပါတယ္။

အဲ့ဒီအတြက္ Design ပိုင္းမွာ OnePlus 7T Pro ဟာ ဒီႏွစ္အေစာပိုင္းမွာ ထြက္ခဲ့တဲ့ OnePlus 7 Pro နဲ႔ ကြာျခားျခင္းသိပ္မရွိသလို မႏွစ္က OnePlus 6T McLaren Edition လိုမ်ိဳးပဲ ဒီႏွစ္ OnePlus 7T Pro McLaren Edition ဖုန္းကလည္း အနက္ေရာင္နဲ႔ လိေမၼာ္ေရာင္ကိုပဲ အေျခခံလာတာျဖစ္ပါတယ္။

ဒါေပမယ့္ OnePlus 7T Pro ဟာ Specs ပိုင္းအရေတာ့ Upgrade ျပဳလုပ္လာမွာျဖစ္ၿပီး Qualcomm Snapdragon 855 အစား 855+ နဲ႔ Battery Capacity ကလည္း 4080mAh ပါဝင္လာမွာပါ။ က်န္တဲ့ 12GB RAM ၊ 256GB Storage နဲ႔ Screensize ေတြ၊ 90hz Refresh Rate ေတြကလည္း OnePlus 7 Pro နဲ႔ တူညီေနမွာျဖစ္ပါတယ္။

Software ပိုင္းမွာကေတာ့ OnePlus 7T ဖုန္းေတြဟာ အနီးကပ္ဓါတ္ပုံေတြအတြက္ Macro Mode အသစ္၊ Video Recording ပိုင္းမွာ HEVC Support နဲ႔ Hybrid Image Stabilization လို Feature ေတြပါဝင္လာမယ္လို႔ သိရပါတယ္။ Charging ပိုင္းမွာေတာ့ OnePlus 7T Pro ဖုန္းေတြက 30W Wrap Charge 30T ကိုထည့္သြင္းလာမွာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီပုံအတိုင္းဆိုရင္ OnePlus 7T Pro ထက္ Entry Model OnePlus 7T မွာ ေျပာင္းလဲမႈေတြပိုၿပီး မ်ားျပားမယ့္ပုံစံပါပဲ။

Ref – GSM Arena

Unicode

OnePlus ကနေ ဒီနှစ်အတွက် OnePlus 7T နဲ့ OnePlus 7T Pro ဖုန်းတွေကို မကြာခင်မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက OnePlus 7T ဖုန်းအတွက် High Quality Render ပုံတွေထွက်လာသလိုပဲ အခုအချိန်မှာလည်း OnePlus 7T Pro ဖုန်းအတွက် Render ပုံတွေပေါက်ကြားလာပြန်ပါပြီ။ ဒီတစ်ခါမှာတော့ OnePlus 7T Pro McLaren Edition ပုံပါ ပါဝင်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထွက်ရှိခဲ့တဲ့ OnePlus 7T ရဲ့ Render ပုံတွေမှာ Back Camera က Triple Camera ဖြစ်သွားတဲ့အပြင် Design ကလည်း Circular Design ကို ပြောင်းလဲထားခဲ့တာပါ။ ဒါပေမယ့် OnePlus 7T Pro ရဲ့ Camera Design ကတော့ လက်ရှိ OnePlus 7 Pro ဖုန်းနဲ့ ပုံစံတူတူပဲဖြစ်ပြီး ပြောင်းလဲထားခြင်းမရှိတာကို တွေ့ရပါတယ်။

အဲ့ဒီအတွက် Design ပိုင်းမှာ OnePlus 7T Pro ဟာ ဒီနှစ်အစောပိုင်းမှာ ထွက်ခဲ့တဲ့ OnePlus 7 Pro နဲ့ ကွာခြားခြင်းသိပ်မရှိသလို မနှစ်က OnePlus 6T McLaren Edition လိုမျိုးပဲ ဒီနှစ် OnePlus 7T Pro McLaren Edition ဖုန်းကလည်း အနက်ရောင်နဲ့ လိမ္မော်ရောင်ကိုပဲ အခြေခံလာတာဖြစ်ပါတယ်။

ဒါပေမယ့် OnePlus 7T Pro ဟာ Specs ပိုင်းအရတော့ Upgrade ပြုလုပ်လာမှာဖြစ်ပြီး Qualcomm Snapdragon 855 အစား 855+ နဲ့ Battery Capacity ကလည်း 4080mAh ပါဝင်လာမှာပါ။ ကျန်တဲ့ 12GB RAM ၊ 256GB Storage နဲ့ Screensize တွေ၊ 90hz Refresh Rate တွေကလည်း OnePlus 7 Pro နဲ့ တူညီနေမှာဖြစ်ပါတယ်။

Software ပိုင်းမှာကတော့ OnePlus 7T ဖုန်းတွေဟာ အနီးကပ်ဓါတ်ပုံတွေအတွက် Macro Mode အသစ်၊ Video Recording ပိုင်းမှာ HEVC Support နဲ့ Hybrid Image Stabilization လို Feature တွေပါဝင်လာမယ်လို့ သိရပါတယ်။ Charging ပိုင်းမှာတော့ OnePlus 7T Pro ဖုန်းတွေက 30W Wrap Charge 30T ကိုထည့်သွင်းလာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီပုံအတိုင်းဆိုရင် OnePlus 7T Pro ထက် Entry Model OnePlus 7T မှာ ပြောင်းလဲမှုတွေပိုပြီး များပြားမယ့်ပုံစံပါပဲ။

Ref – GSM Arena