[Zawgyi]

စက္တင္ဘာလယ္ပိုင္းေလာက္ကစၿပီး ထြက္လာတဲ့ Render ပုံရိပ္ေတြနဲ႔အတူ OnePlus 7T Pro ဟာ OnePlus 7 Pro ထက္ အမ်ားႀကီးပိုေကာင္းမယ္လို႔ ေမွ်ာ္လင့္ခံထားရတာပါ။ ေအာက္တိုဘာလဆန္းမွာ တကယ္တမ္းမိတ္ဆက္လာေတာ့ ထင္သေလာက္ မဟုတ္တဲ့ အေနအထားကိုပဲ ေတြ႕လိုက္ၾကရပါတယ္။

စြမ္းေဆာင္ရည္အားျဖင့္ေတာ့ OnePlus 7T Pro က ပိုၿပီးေကာင္းမွာ အေသအခ်ာပါပဲ။ ဒါေပမယ့္ ပ်မ္းမွ်အားျဖင့္ OnePlus 7 Pro နဲ႔ အေတာ္မ်ားမ်ားတူေနၿပီး အတြင္းအစိတ္အပိုင္းအနည္းငယ္သာ ေျပာင္းလဲတိုးျမႇင့္ေပးထားတဲ့အတြက္ အမ်ားႀကီးေတာ့ စိတ္တိုင္းက်ခ်င္စရာ မဟုတ္ပါဘူး။

OnePlus 7T Pro ဟာ Qualcomm ရဲ႕ ေနာက္ဆုံးထြက္ Snapdragon 855+ processor အသုံးျပဳထားသလို၊ 4,085mAh ဘက္ထရီကိုလည္း တပ္ဆင္ေပးထားပါတယ္။ ေနာက္ထပ္ေျပာင္းလဲမႈက Macro Photography mode သစ္ ပါဝင္လာတာပါ။ ၿပီးေတာ့ Android 10 နဲ႔ ျဖစ္ပါတယ္။

အျပင္ပိုင္းမွာေတာ့ Haze Blue colorway ေၾကာင့္ OnePlus 7T ရဲ႕ ပုံစံက ဒီဇိုင္းသစ္နဲ႔လို႔ ေျပာႏိုင္ေပမယ့္ အရင္ေမာ္ဒယ္ေဟာင္းရဲ႕ Nebula Blue နဲ႔ ဆင္ေနတာကေတာ့ ႏွေမ်ာစရာေကာင္းပါတယ္။ 30W Warp Charge 30T ေၾကာင့္ ၂၃% ပိုျမန္တဲ့ အားသြင္းစနစ္ကို ေထာက္ပံ့ေပးႏိုင္တာကေတာ့ ေက်နပ္စရာပါ။

ေက်ာဘက္ကင္မရာသုံးလုံးက 48MP အဓိက ကင္မရာ၊ 8MP Telephoto နဲ႔ 16MP new Macro Mode နဲ႔ Wide-angle ကင္မရာတို႔ပဲ ျဖစ္ပါတယ္။ Selfie အတြက္ Sony IMX471 16MP Pop-up ကင္မရာတစ္လုံး တပ္ဆင္ေပးထားပါတယ္။ RAM နဲ႔ Storage ကေတာ့ ထုံးစံအတိုင္းပဲ ေ႐ြးခ်ယ္စရာ မရွိပါဘူး။ 8GB of RAM နဲ႔ 256GB (UFS 3.0) ပဲ ျဖစ္ပါတယ္။

12GB of RAM လိုခ်င္ရင္ေတာ့ အနက္နဲ႔ လိေမၼာ္ေရာင္ McLaren edition ကိုေ႐ြးခ်ယ္ရမွာပါ။ OnePlus 7T Pro ဟာ 7T လိုပဲ အေမရိကန္ေဈးကြက္ကို တင္ပို႔ေရာင္းခ်မွာ မဟုတ္ဘူးလို႔ သိရပါတယ္။ ဒါေပမယ့္ ဥေရာပေဈးကြက္မွာေတာ့ ဝယ္ႏိုင္မွာပါ။ OnePlus 7T Pro ကေတာ့ £549 (၁၀ သိန္း ၄ ေသာင္းခြဲ ဝန္းက်င္) ျဖစ္ၿပီး McLaren edition ကေတာ့ £799 (၁၅ သိန္း ၂ ေသာင္းဝန္းက်င္) ျဖစ္ပါတယ္။

Ref: Android Police

[Unicode]

Snapdragon 855+ နဲ့ OnePlus 7T Pro ကို တရားဝင်ကြေညာ

စက်တင်ဘာလယ်ပိုင်းလောက်ကစပြီး ထွက်လာတဲ့ Render ပုံရိပ်တွေနဲ့အတူ OnePlus 7T Pro ဟာ OnePlus 7 Pro ထက် အများကြီးပိုကောင်းမယ်လို့ မျှော်လင့်ခံထားရတာပါ။ အောက်တိုဘာလဆန်းမှာ တကယ်တမ်းမိတ်ဆက်လာတော့ ထင်သလောက် မဟုတ်တဲ့ အနေအထားကိုပဲ တွေ့လိုက်ကြရပါတယ်။

စွမ်းဆောင်ရည်အားဖြင့်တော့ OnePlus 7T Pro က ပိုပြီးကောင်းမှာ အသေအချာပါပဲ။ ဒါပေမယ့် ပျမ်းမျှအားဖြင့် OnePlus 7 Pro နဲ့ အတော်များများတူနေပြီး အတွင်းအစိတ်အပိုင်းအနည်းငယ်သာ ပြောင်းလဲတိုးမြှင့်ပေးထားတဲ့အတွက် အများကြီးတော့ စိတ်တိုင်းကျချင်စရာ မဟုတ်ပါဘူး။

OnePlus 7T Pro ဟာ Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon 855+ processor အသုံးပြုထားသလို၊ 4,085mAh ဘက်ထရီကိုလည်း တပ်ဆင်ပေးထားပါတယ်။ နောက်ထပ်ပြောင်းလဲမှုက Macro Photography mode သစ် ပါဝင်လာတာပါ။ ပြီးတော့ Android 10 နဲ့ ဖြစ်ပါတယ်။

အပြင်ပိုင်းမှာတော့ Haze Blue colorway ကြောင့် OnePlus 7T ရဲ့ ပုံစံက ဒီဇိုင်းသစ်နဲ့လို့ ပြောနိုင်ပေမယ့် အရင်မော်ဒယ်ဟောင်းရဲ့ Nebula Blue နဲ့ ဆင်နေတာကတော့ နှမျောစရာကောင်းပါတယ်။ 30W Warp Charge 30T ကြောင့် ၂၃% ပိုမြန်တဲ့ အားသွင်းစနစ်ကို ထောက်ပံ့ပေးနိုင်တာကတော့ ကျေနပ်စရာပါ။

ကျောဘက်ကင်မရာသုံးလုံးက 48MP အဓိက ကင်မရာ၊ 8MP Telephoto နဲ့ 16MP new Macro Mode နဲ့ Wide-angle ကင်မရာတို့ပဲ ဖြစ်ပါတယ်။ Selfie အတွက် Sony IMX471 16MP Pop-up ကင်မရာတစ်လုံး တပ်ဆင်ပေးထားပါတယ်။ RAM နဲ့ Storage ကတော့ ထုံးစံအတိုင်းပဲ ရွေးချယ်စရာ မရှိပါဘူး။ 8GB of RAM နဲ့ 256GB (UFS 3.0) ပဲ ဖြစ်ပါတယ်။

12GB of RAM လိုချင်ရင်တော့ အနက်နဲ့ လိမ္မော်ရောင် McLaren edition ကိုရွေးချယ်ရမှာပါ။ OnePlus 7T Pro ဟာ 7T လိုပဲ အမေရိကန်ဈေးကွက်ကို တင်ပို့ရောင်းချမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါပေမယ့် ဥရောပဈေးကွက်မှာတော့ ဝယ်နိုင်မှာပါ။ OnePlus 7T Pro ကတော့ £549 (၁၀ သိန်း ၄ သောင်းခွဲ ဝန်းကျင်) ဖြစ်ပြီး McLaren edition ကတော့ £799 (၁၅ သိန်း ၂ သောင်းဝန်းကျင်) ဖြစ်ပါတယ်။

Ref: Android Police