Zawgyi

တရုတ္အေျခစိုက္ စမတ္ဖုန္းထုတ္လုပ္သူ OnePlus ဟာ လာမယ့္ ေအာက္တုိဘာ ၁၀ ရက္ေန႔ လန္ဒန္ၿမိဳ႕မွာ ထုတ္ကုန္သစ္မိတ္ဆက္ပြဲတစ္ခုျပဳလုပ္သြားမွာျဖစ္ၿပီး 7T Pro ဟန္းဆက္လို႔ ယူဆရပါတယ္။ ဒီေလာက္နဲ႔ မရပ္ေသးဘဲ ယေန႔မွာ ကုမၸဏီက တရုတ္ေစ်းကြက္အတြက္လည္း ေအာက္တုိဘာ ၁၅ ရက္ေန႔မွာ ထုတ္ကုန္သစ္မိတ္ဆက္ပြဲတစ္ခု ထပ္လုပ္သြားဖို႔ ေၾကညာခဲ့ၿပီး 7T နဲ႔ 7T Pro တုိ႔ကို အမိေျမေစ်းကြက္သို႔ မိတ္ဆက္လာမွာျဖစ္ၤႏုိင္ပါတယ္။

ေဘဂ်င္းၿမိဳ႕ရဲ႕ နည္းပညာတကၠသိုလ္ အုိလံပစ္အားကစားကြင္းထဲမွာ က်င္းပသြားမယ့္ အဆုိပါပြဲကို တက္ေရာက္ဖို႔ လက္မွတ္မ်ားအား တရုတ္ယြမ္ ၁၉၉ (ျမန္မာေငြ ေျခာက္ေသာင္းခန္႔) နဲ႔ေရာင္းခ်ေနၿပီး တက္ေရာက္သူေတြဟာ Never Settle Notebook ပက္ေက့တစ္ခုနဲ႔ ယြမ္ ၅၉၉ (ျမန္မာေငြ တစ္သိန္းသုံးေသာင္းနီးပါး) ေလာက္တန္တဲ့ OnePlus Bullets Wireless 2 ႀကိဳးမဲ့နားက်ပ္ေတြကို ရရွိႏုိင္မွာပါ။

OnePlus ဟာ လက္ရွိအခ်ိန္ထိ 7T Pro နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကိုေတာ့ တရားဝင္ ထုတ္မျပလာေသးပါဘူး။ ဒါေပမယ့္ သတင္းေတြမွာေတာ့ 7T ထက္ပိုႀကီးၿပီး Resolution ပုိျမင့္တဲ့ Display တစ္ခုနဲ႔ ပိုႀကီးတဲ့ ဘကၳရီတုိ႔ ပါဝင္လာမယ္လို႔ ဆုိထားပါတယ္။ Pro ဗားရွင္းမွာ Pop-up Selfie ကင္မရာကို အသုံးျပဳလာမွာျဖစ္ေပမယ့္ 7T မွာပါတဲ့ 12MP Telephoto ကင္မရာယူနစ္ကိုေတာ့ 8MP နဲ႔လဲထားတယ္လို႔ ဆုိပါတယ္။

မူရင္း 7T ကို စက္တင္ဘာလကုန္ခါနီးကမွ မိတ္ဆက္ခဲ့ၿပီး 6.55” 90Hz Display အလန္းစား ပါဝင္ကာ ေနာက္ဆုံးေပၚ Snapdragon 855+ နဲ႔ထြက္ရွိထားတဲ့ Flagship ဖုန္းတစ္လုံးပါ။ မန္မုိရီမွာ 8GB RAM နဲ႔ 128 / 256GB Storage တုိ႔ပါဝင္ပါတယ္။ ေနာက္ဘက္ကင္မရာ အဓိက Sensor က 48MP ျဖစ္ၿပီး ေရွ႕မွာေတာ့ Waterdrop Notch ေလးထဲ 16MP Selfie ကင္မရာတစ္ခုပါပါတယ္။ ဘကၳရီက 3,800 mAh ျဖစ္တာေၾကာင့္ Pro ဗားရွင္းမွာ 4,000 mAh ခန္႔ကို ျမင္ေတြ႕ရႏုိင္ေျခရွိတယ္။

7T Pro ဟာ 7T ထက္ ေစ်းပိုျမင့္မွာျဖစ္သလို Flagship ဖုန္းအသစ္နဲ႔တင္ အားမရေသးတဲ့ သူေတြအတြက္လည္း မန္မုိရီ အစရွိတဲ့ ေရြးခ်ယ္စရာေတြ ပိုျမင့္လာမယ္လို႔ ယူဆရပါတယ္။ လာမယ့္ေအာက္တုိဘာ ၁၀ ရက္ေန႔မွာ OnePlus 7T Pro အေၾကာင္းကို ေသေသခ်ာခ်ာသိရေတာ့မွာပါ။

Ref – GSM Arena

Unicode

တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ OnePlus ဟာ လာမယ့် အောက်တိုဘာ ၁၀ ရက်နေ့ လန်ဒန်မြို့မှာ ထုတ်ကုန်သစ်မိတ်ဆက်ပွဲတစ်ခုပြုလုပ်သွားမှာဖြစ်ပြီး 7T Pro ဟန်းဆက်လို့ ယူဆရပါတယ်။ ဒီလောက်နဲ့ မရပ်သေးဘဲ ယနေ့မှာ ကုမ္ပဏီက တရုတ်ဈေးကွက်အတွက်လည်း အောက်တိုဘာ ၁၅ ရက်နေ့မှာ ထုတ်ကုန်သစ်မိတ်ဆက်ပွဲတစ်ခု ထပ်လုပ်သွားဖို့ ကြေညာခဲ့ပြီး 7T နဲ့ 7T Pro တို့ကို အမိမြေဈေးကွက်သို့ မိတ်ဆက်လာမှာဖြစ်ၤနိုင်ပါတယ်။

ဘေဂျင်းမြို့ရဲ့ နည်းပညာတက္ကသိုလ် အိုလံပစ်အားကစားကွင်းထဲမှာ ကျင်းပသွားမယ့် အဆိုပါပွဲကို တက်ရောက်ဖို့ လက်မှတ်များအား တရုတ်ယွမ် ၁၉၉ (မြန်မာငွေ ခြောက်သောင်းခန့်) နဲ့ရောင်းချနေပြီး တက်ရောက်သူတွေဟာ Never Settle Notebook ပက်ကေ့တစ်ခုနဲ့ ယွမ် ၅၉၉ (မြန်မာငွေ တစ်သိန်းသုံးသောင်းနီးပါး) လောက်တန်တဲ့ OnePlus Bullets Wireless 2 ကြိုးမဲ့နားကျပ်တွေကို ရရှိနိုင်မှာပါ။

OnePlus ဟာ လက်ရှိအချိန်ထိ 7T Pro နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ တရားဝင် ထုတ်မပြလာသေးပါဘူး။ ဒါပေမယ့် သတင်းတွေမှာတော့ 7T ထက်ပိုကြီးပြီး Resolution ပိုမြင့်တဲ့ Display တစ်ခုနဲ့ ပိုကြီးတဲ့ ဘက္ထရီတို့ ပါဝင်လာမယ်လို့ ဆိုထားပါတယ်။ Pro ဗားရှင်းမှာ Pop-up Selfie ကင်မရာကို အသုံးပြုလာမှာဖြစ်ပေမယ့် 7T မှာပါတဲ့ 12MP Telephoto ကင်မရာယူနစ်ကိုတော့ 8MP နဲ့လဲထားတယ်လို့ ဆိုပါတယ်။

မူရင်း 7T ကို စက်တင်ဘာလကုန်ခါနီးကမှ မိတ်ဆက်ခဲ့ပြီး 6.55” 90Hz Display အလန်းစား ပါဝင်ကာ နောက်ဆုံးပေါ် Snapdragon 855+ နဲ့ထွက်ရှိထားတဲ့ Flagship ဖုန်းတစ်လုံးပါ။ မန်မိုရီမှာ 8GB RAM နဲ့ 128 / 256GB Storage တို့ပါဝင်ပါတယ်။ နောက်ဘက်ကင်မရာ အဓိက Sensor က 48MP ဖြစ်ပြီး ရှေ့မှာတော့ Waterdrop Notch လေးထဲ 16MP Selfie ကင်မရာတစ်ခုပါပါတယ်။ ဘက္ထရီက 3,800 mAh ဖြစ်တာကြောင့် Pro ဗားရှင်းမှာ 4,000 mAh ခန့်ကို မြင်တွေ့ရနိုင်ခြေရှိတယ်။

7T Pro ဟာ 7T ထက် ဈေးပိုမြင့်မှာဖြစ်သလို Flagship ဖုန်းအသစ်နဲ့တင် အားမရသေးတဲ့ သူတွေအတွက်လည်း မန်မိုရီ အစရှိတဲ့ ရွေးချယ်စရာတွေ ပိုမြင့်လာမယ်လို့ ယူဆရပါတယ်။ လာမယ့်အောက်တိုဘာ ၁၀ ရက်နေ့မှာ OnePlus 7T Pro အကြောင်းကို သေသေချာချာသိရတော့မှာပါ။

Ref – GSM Arena