[Zawgyi]
OnePlus 8 Pro နဲ႔ ပတ္သက္တဲ့ သတင္းေတြက လြန္ခဲ့တဲ့ ေအာက္တိုဘာလဆန္းကတည္းက ထြက္ေပၚေနခဲ့တာပါ။ ေအာက္တိုဘာလတတိယပတ္ထဲမွာ OnePlus 8 Pro ရဲ႕ ပထမဆုံး Render ပုံရိပ္ ထြက္ေပၚခဲ့ပါတယ္။ 91Mobiles ကေနထြက္ေပၚလာတဲ့ ဒီပုံရိပ္ေတြကို ထပ္ၿပီးအတည္ျပဳမယ့္ ပုံၾကမ္းကေတာ့ အခုမွထပ္ၿပီးထြက္လာတာပါ။
ဒီတစ္ခါေပါက္ၾကားလာတာက TrueTech ကေနျဖစ္ပါတယ္။ ေပါက္ၾကားလာတဲ့ ရင္းျမစ္ကို ေဖာ္ျပထားျခင္းမရွိေပမယ့္ ျမင္ေတြ႕ရတဲ့ ပုံၾကမ္းေတြဟာ 91Mobiles ကေဖာ္ျပခဲ့တာေတြနဲ႔ တူညီေနတာကို ေတြ႕ရပါတယ္။ ကြဲျပားျခားနာခ်က္ကေတာ့ ဒီတစ္ေခါက္ထြက္ေပၚလာတဲ့ ပုံၾကမ္းမွာ တစ္မ်ိဳးကေတာ့ Dual hole-punch ကင္မရာတပ္ဆင္ထားတာပဲ ျဖစ္ပါတယ္။
ကနဦးထြက္ေပၚခဲ့တဲ့ သတင္းေတြမွာေတာ့ OnePlus 8 ေရာ 8 Pro မွာပါ hole-punch ပါဝင္ေပမယ့္ ကင္မရာ တစ္လုံးတည္း ျဖစ္ပါတယ္။ ဒါ့အျပင္ အခုထြက္လာတဲ့ သတင္းအရ ဖုန္းရဲ႕ ဒီဇိုင္းပိုင္းအားလုံးကို ၿခဳံၾကည့္မယ္ဆိုရင္ OnePlus 7 Pro နဲ႔ အနည္းငယ္ဆင္တူေနတာကိုလည္း ေတြ႕ျမင္ရပါတယ္။
ေက်ာဘက္ကစၾကည့္မယ္ဆိုရင္ ကင္မရာသုံးလုံးတပ္ဆင္ထားပုံက အေတာ္ေလး ဆင္တူပါတယ္။ ဒါေပမယ့္ ToF sensor ေနရာခ်ထားပုံကေတာ့ ကြဲျပားျခားနားပါတယ္။ OnePlus ရဲ႕ အၿပီးသတ္ဆုံးျဖတ္ခ်က္က Selfie ကင္မရာႏွစ္လုံ း၊ ေက်ာဘက္ကင္မရာ ေလးလုံး ထည့္သြင္းလိုက္တာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေနာက္ထပ္ ေပါက္ၾကားလာဦးမယ့္ သတင္းေတြမွာလည္း Selfie ကင္မရာႏွစ္လုံးနဲ႔ပဲ ျဖစ္လာမလားဆိုတာကို ေစာင့္ၾကည့္ရပါဦးမယ္။
Ref: GSM Arena
[Unicode]
OnePlus 8 Pro ဟာ Selfie ကင်မရာ နှစ်လုံး၊ ကျောဘက်ကင်မရာ လေးလုံး ဖြစ်လာဖွယ်ရှိ
OnePlus 8 Pro နဲ့ ပတ်သက်တဲ့ သတင်းတွေက လွန်ခဲ့တဲ့ အောက်တိုဘာလဆန်းကတည်းက ထွက်ပေါ်နေခဲ့တာပါ။ အောက်တိုဘာလတတိယပတ်ထဲမှာ OnePlus 8 Pro ရဲ့ ပထမဆုံး Render ပုံရိပ် ထွက်ပေါ်ခဲ့ပါတယ်။ 91Mobiles ကနေထွက်ပေါ်လာတဲ့ ဒီပုံရိပ်တွေကို ထပ်ပြီးအတည်ပြုမယ့် ပုံကြမ်းကတော့ အခုမှထပ်ပြီးထွက်လာတာပါ။
ဒီတစ်ခါပေါက်ကြားလာတာက TrueTech ကနေဖြစ်ပါတယ်။ ပေါက်ကြားလာတဲ့ ရင်းမြစ်ကို ဖော်ပြထားခြင်းမရှိပေမယ့် မြင်တွေ့ရတဲ့ ပုံကြမ်းတွေဟာ 91Mobiles ကဖော်ပြခဲ့တာတွေနဲ့ တူညီနေတာကို တွေ့ရပါတယ်။ ကွဲပြားခြားနာချက်ကတော့ ဒီတစ်ခေါက်ထွက်ပေါ်လာတဲ့ ပုံကြမ်းမှာ တစ်မျိုးကတော့ Dual hole-punch ကင်မရာတပ်ဆင်ထားတာပဲ ဖြစ်ပါတယ်။
ကနဦးထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာတော့ OnePlus 8 ရော 8 Pro မှာပါ hole-punch ပါဝင်ပေမယ့် ကင်မရာ တစ်လုံးတည်း ဖြစ်ပါတယ်။ ဒါ့အပြင် အခုထွက်လာတဲ့ သတင်းအရ ဖုန်းရဲ့ ဒီဇိုင်းပိုင်းအားလုံးကို ခြုံကြည့်မယ်ဆိုရင် OnePlus 7 Pro နဲ့ အနည်းငယ်ဆင်တူနေတာကိုလည်း တွေ့မြင်ရပါတယ်။
ကျောဘက်ကစကြည့်မယ်ဆိုရင် ကင်မရာသုံးလုံးတပ်ဆင်ထားပုံက အတော်လေး ဆင်တူပါတယ်။ ဒါပေမယ့် ToF sensor နေရာချထားပုံကတော့ ကွဲပြားခြားနားပါတယ်။ OnePlus ရဲ့ အပြီးသတ်ဆုံးဖြတ်ချက်က Selfie ကင်မရာနှစ်လုံး၊ ကျောဘက်ကင်မရာ လေးလုံး ထည့်သွင်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နောက်ထပ် ပေါက်ကြားလာဦးမယ့် သတင်းတွေမှာလည်း Selfie ကင်မရာနှစ်လုံးနဲ့ပဲ ဖြစ်လာမလားဆိုတာကို စောင့်ကြည့်ရပါဦးမယ်။
Ref: GSM Arena