ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက OnePlus ဟာ သူ့ရဲ့ ထုတ်ကုန်သစ်တွေကို မိတ်ဆက်တာကြောင့် အတော်လေးကို အလုပ်များခဲ့ပါတယ်။ OnePlus ရဲ့ ကမ်းလှမ်းမှုအသစ်နှစ်ခုက (တရုတ်အတွက်) OnePlus ACE 2 နဲ့ 11R (အိန္ဒိယအတွက်) ဖြစ်ပါတယ်။ ဒီ Device နှစ်ခုစလုံးဟာ Snapdragon 8+ Gen 1 အသုံးပြုထားကြတာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ ဒီ Device တွေနဲ့ ဆက်နွယ်နေတဲ့ နောက်ထပ် မော်ဒယ်တစ်မျိုးလည်း ရှိနေနိုင်ပါသေးတယ်။ ဒီမော်ဒယ်ကိုတော့ သူတို့က ဖုန်းကွယ်ထားဆဲဖြစ်ပါတယ်။ ဒါပေမဲ့ Leakster Digital Chat Station ကတော့ OnePlus ဟာ Ace 2 ကို Dimensity 9000 နဲ့ ထုတ်လုပ်ဖို့ ဆောင်ရွက်နေကြတယ်လို့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

Digital Chat Station ပြောတာသာ အမှန်ဖြစ်မယ်ဆိုရင်တော့ OnePlus Ace 2 ကို ပိုပြီး ဈေးသက်သာတဲ့ မော်ဒယ်တစ်ခုအနေနဲ့ ရရှိကြမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် Special Edition အနေနဲ့ ထုတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အချို့မီဒီယာတွေကတော့ ဒါဟာ OnePlus Ace 2 Racing Edition ဖြစ်တယ်လို့ ခန့်မှန်းဖော်ပြနေကြပါတယ်။

Chipset ကလွဲရင် ဖုန်းဟာ 6.74-inch မျက်နှာပြင်၊ 1240 x 2772px, 100W အမြန်အားသွင်းစနစ်နဲ့ 5,000mAh ဘက်ထရီ၊ 16GB of RAM စတဲ့ ကျန်တဲ့အစိတ်အပိုင်းတွေမှာ တစ်ထပ်တည်းနီးပါးဖြစ်နေတာကို တွေ့နိုင်ပါတယ်။ ကြီးကြီးမားမားမျှော်လင့်နိုင်တာတစ်ခုက ပြီးခဲ့တဲ့ရက်ပိုင်းက မိတ်ဆက်ခဲ့တဲ့ Ace 2 မှာ သုံးထားတဲ့ 50MP IMX890 နေရာမှာ 64MP OmniVision sensor ကို အစားထိုး အသုံးပြုထားမှာပဲ ဖြစ်ပါတယ်။

Snapdragon သုံးထားတဲ့ Ace 2 ဟာ 12/256GB ယူနစ်ကို CNY 2,799 (၁၁သိန်းခွဲ ဝန်းကျင်) နဲ့ တရုတ်ပြည်တွင်းဈေးကွက်မှာ ရောင်းတာဖြစ်လို့ Dimensity 9000 နဲ့ Ace 2 ဆိုရင်တော့ ပိုပြီး ဈေးသက်သာဖို့ မျှော်လင့်နိုင်ပါတယ်။ ဒါကြောင့် Ace 2 ရဲ့ Dimensity 9000 ဗားရှင်း နဲ့ပတ်သက်တဲ့ နောက်ထပ်အချက်အလက်တွေ ထွက်လာဖို့ စောင့်ကြည့်သင့်ပါတယ်။

Ref: GSM Arena