OnePlus 10T ကို ဩဂုတ်လ ၃ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး အဲဒီနေ့မှာပဲ OnePlus ဟာ OnePlus Ace Pro ကို မိခင်နိုင်ငံ တရုတ်မှာ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ OnePlus က Ace Pro မှာ စွမ်းရည်မြင့် Qualcomm Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားမယ်လို့ အရင်က အတည်ပြုပေးခဲံ့ပြီး အခုတော့ ကုမ္ပဏီက အဲဒီ စမတ်ဖုန်းမှာ 16GB LPDDR5 RAM ပါလာမယ်လို့ ပြောပါတယ်။ အဲဒီအတွက် Ace Pro ဟာ OnePlus ရဲ့ RAM အများဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။

OnePlus Ace Pro confirmed to come with 16GB RAM

OnePlus က Ace Pro မှာ UFS 3.1 Storage နဲ့ 120Hz မျက်နှာပြင် ပါလာမယ်လို့ ပြောပါတယ်။ OnePlus က Specs Sheet ၁ ခုလုံးကို မပြောသေးပေမယ့် တရားဝင် တရုတ် ဝက်ဘ်ဆိုက်မှာ Ace Pro ရဲ့ ဓါတ်ပုံတွေကို မျှဝေထားပြီး ဒီဇိုင်းနဲ့ အရောင်တွေကို လေ့လာလို့ရပါတယ်။

ဓါတ်ပုံတွေအရ OnePlus Ace Pro ဟာ တရုတ်အတွက် OnePlus 10T ဖြစ်လာမှာပါ။ ဒါပေမယ့် တရုတ် ပြင်ပမှာ ရောင်းချတဲ့ OnePlus ဖုန်းတွေမှာ ပါတဲ့ OxygenOS အစား ColorOS မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ OnePlus 10T နဲ့ OnePlus Ace Pro တို့ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ ဩဂုတ်လ ၃ ရက်နေ့ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေကို ကုမ္ပဏီက မျှဝေလာနိုင်ပါတယ်။

Ref : gsmarena