OnePlus က တရုတ်မှာ Ace Pro ကို ကြေညာလိုက်ပြီး တကယ်တော့ အဲဒီဖုန်းဟာ OnePlus 10T ကို တရုတ်မှာ နာမည်ပြောင်းထားတာပါ။ OnePlus Ace Pro မှာ ၆.၇ လက်မ AMOLED FHD+ မျက်နှာပြင်၊ 394 PPI ၊ 120Hz Refresh Rate ထည့်သွင်းထားပြီး sRGB/DCI-P3 Color Gamuts ၊ HDR10+ နဲ့ 720Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။

OnePlus 10T

အရှေ့နဲ့ အနောက်ကို Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပြီး ပလတ်စတစ် ဖရိမ် ပါပါတယ်။ အရွယ်အစား အပြည့်အစုံက 163 x 75.4 x 8.8mm ဖြစ်ပြီး အလေးချိန်က ၂၀၄ ဂရမ် ဖြစ်ပါတယ်။ Snapdragon 8 Plus Gen 1 Chipset ကို LPDDR5 RAM ၊ UFS 3.1 Storage ၊ VC Liquid Cooling System တွေနဲ့ အားဖြည့်ထားပါတယ်။ Android 12 အခြေပြု ColorOS 12.1 မောင်းနှင်ထားပါတယ်။

OnePlus 10T Chinese launch cancelled, global launch to go ahead as planned, here's where to watch live stream- Technology News, Firstpost

အနောက်ဘက်မှာ OIS ပါတဲ့ 50MP Sony IMX766 Main , 8MP Ultrawide , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ ဆက်သွယ်မှု အပိုင်းမှာ dual-SIM, 5G, WiFi 6, Bluetooth 5.2, GNSS, NFC ,  USB Type-C port (USB 2.0) ထောက်ပံ့ထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ 150W Fast Wired Charging ထောက်ပံ့တဲ့ 4,800mAh ဘက်ထရီ ထည့်သွင်းထားပြီး အနက်နဲ့ အစိမ်းရောင် ထုတ်လုပ်ထားကာ ဒီလ ၁၅ ရက်နေ့ ရောင်းမှာပါ။

ဈေးနှုန်း

  • 12GB + 256GB – ¥3,499 ($518)
  • 16GB + 256GB – ¥3,799 ($563)
  • 16GB + 512GB – ¥4,299 ($637)

Ref : gizmochina