OnePlus 8 Series နဲ့အတူ ကုမ္ပဏီက Bullets Wireless Z Headphones ကိုပါ ကြေညာလိုက်ပြီး ၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Bullets Wireless 2 ဈေးရဲ့ ထက်ဝက်လောက်ပဲရှိပြီး မြန်မာငွေ ၇ သောင်းလောက် ကျသင့်ပါတယ်။ ၁ ခါအားအပြည့်သွင်းထားရင် နာရီ ၂၀ လောက် သီချင်းနားထောင်နိုင်ပြီး Warp Charge က ၁၀ မိနစ်အားသွင်းတာနဲ့ ၁၀ နာရီအထိ အသုံးခံပါတယ်။

Bullets Wireless Z မှာ နားကြပ် ၂ ခုကို တပ်လိုက်၊ ခွာလိုက်တာနဲ့ သီချင်းတွေ ရပ်တာ၊ ပြန်ဖွင့်တာ ပြုလုပ်ပေးနိုင်ပါတယ်။ OnePlus ဖုန်းတွေနဲ့ချိတ်ဆက်ဖို့ လက်နဲ့ ၁ ချက်နှိပ်လိုက်တာနဲ့ အိုကေပါပြီ။ ၂ ချက်နှိပ်ရင် Pair လုပ်ထားတဲ့ ဖုန်း ၂ လုံးကြားမှာ ဆက်သွယ်မှုကို ပြောင်းလဲပေးမှာပါ။ Blue , Mint, Black နဲ့ Oat အရောင် ၄ မျိုး ရွေးချယ်နိုင်ပါတယ်။

IP55 စံနှုန်းနဲ့ Bluetooth 5 Chip ထည့်သွင်းထားပြီး မတူညီတဲ့ Silicon Tips ၃ ခု ပါလာပါတယ်။ Type-C USB Charging Cable ကနေ အားသွင်းရင် မြန်စေမှာပါ။ 10mm Drivers အစား 9.2mm နဲ့ အစားထိုးထားပြီး Low Latency Mode ပါတယ်လို့ ကုမ္ပဏီက ပြောထားပေမယ့် အသေးစိတ် မကြေညာသေးပါဘူး။ OnePlus က ကုန်ကျစားရိတ် သက်သာစေဖို့ Qualcomm aptX နဲ့ cVc Noise Cancellation တွေကို လျှော့ချထားပုံရပါတယ်။ Bullets Wireless Z ကို ရောင်းမယ့် အချိန်အတိအကျကို ကုမ္ပဏီက မပြောသေးပါဘူး။

Ref : gsmarena