Zawgyi
Ref – GSM Arena
Unicode
OnePlus ကနေ အခုအချိန်မှာ သူ့ရဲ့ Data တွေ ခိုးယူခံလိုက်တယ်ဆိုတာကို ဝန်ခံချက်တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အခု Data ပေါက်ကြားမှုမှာ Customer တွေရဲ့ နာမည်တွေ၊ ဖုန်းနံပါတ်၊ Email နဲ့ Shipping Address တွေအကုန်လုံးနီးပါး ပါဝင်သွားခဲ့တာဖြစ်ပြီးတော့ လက်ရှိမှာ Third Party တွေဆီကိုပါ ရောက်ရှိနေနိုင်တယ်လို့ သိရပါတယ်။
အခုလိုမျိုး Data တွေပေါက်ကြားခဲ့ပေမယ့်လည်း OnePlus ရဲ့ ပြောကြားချက်အရတော့ Customer တွေရဲ့ Payment Information ၊ Password နဲ့ Account တွေကတော့ ပေါက်ကြားခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ မနှစ်တုန်းကလည်း OnePlus ရဲ့ Data တွေ ပေါက်ကြားခဲ့ဖူးပြီးတော့ အဲ့ဒီအချိန်တုန်းက Bank Card Detail တွေကိုပါ ပေါက်ကြားခဲ့တာဖြစ်ပါတယ်။
OnePlus ရဲ့ ပြောကြားချက်အရ ကုမ္ပဏီရဲ့ Security Team ကနေ အခုပေါက်ကြားနေမှုကို ပိတ်ပင်ခဲ့ပြီးတော့ လုံခြုံရေးကိုလည်း ပိုပြီးကောင်းမွန်အောင် လုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် နောက်ထပ် ဒီလိုမျိုး Data ပေါက်ကြားမှုတွေရှိမှာမဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါသေးတယ်။
လောလောဆယ်မှာတော့ Data ပေါက်ကြားခံရတဲ့ OnePlus Customer တွေအနေနဲ့ OnePlus ကနေ ပေးပို့တဲ့ Email ကို ရရှိမှာဖြစ်ပြီးတော့ တကယ်လို့ Email မရရှိခဲ့ရင်တော့ Data ပေါက်ကြားခြင်းမရှိဘူးလို့ ယူဆရမှာပါ။
Ref – GSM Arena