OnePlus ကနေ ပြီးခဲ့တဲ့ OnePlus 7T ကို မိတ်ဆက်ခဲ့တဲ့အချိန်တုန်းက Instant Translation လို့နာမည်ပေးထားတဲ့ Feature တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒါကတော့ Google ရဲ့ Live Caption ပုံစံမျိုး Live Video Call တွေကို Translate ပြုလုပ်ပေးနိုင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။

အဆိုပါ Instant Translation Feature ဟာ OnePlus 7T Launch Event မှာ Teaser အနေနဲ့ပဲ ပြသခဲ့ပြီး အခုအချိန်အထိ အသုံးပြုနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် OnePlus ကနေ OnePlus 7 နဲ့ 7T ဖုန်းတွေရဲ့ နောက်ဆုံး OxygenOS Open Beta Update မှာ အဆိုပါ Feature ကို ထည့်သွင်းပေးလိုက်ပါပြီ။

အခု Feature ကို အသုံးပြုဖို့အတွက် Settings > Utilities > OnePlus Laboratory ထဲမှာရှိတဲ့ Instant Translation Feature ကို On ထားဖို့မှာဖြစ်ပြီး ကိုယ်အသုံးနေတဲ့ Language နဲ့ တစ်ဖက်လူရဲ့ Language ကိုပါ သတ်မှတ်ထားပေးဖို့ လိုအပ်မှာပါ။

ဒါပေမယ့် XDA-Developer ရဲ့ ပြောကြားချက်အရတော့ Google Duo Video Call မှာ အလုပ်လုပ်ခြင်းမရှိသေးတဲ့အတွက် ဘယ်လို Video Call App တွေမှာပဲ အလုပ်လုပ်မလဲဆိုတာကိုလည်း မသိရှိရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် Google Translate ကို အခြေခံပြီး အခု Feature ကို အသုံးပြုနိုင်တာလို့ သိရတဲ့အတွက် Google ရဲ့ Live Caption Feature က နောက်ပိုင်းမှာ ပိုပြီးကောင်းမွန်လာနိုင်ဖွယ်ရှိနေပါတယ်။

Ref – XDA-Developers