Unicode

OnePlus ဟာ Earphones တွေနဲ့ Bluetooth Wireless Earbuds တွေ ထုတ်လုပ်တဲ့နေရာမှာ အသစ်မဟုတ်တော့သလို အခုအချိန်မှာလည်း OnePlus Bullet Wireless နဲ့ Wireless 2 Earbuds တွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အဆိုပါ Earbuds တွေက အသုံးပြုသူတွေကြားမှာ Audio Quality အရရော Feature ပိုင်းအရပါ ကောင်းမွန်တဲ့ Feedback တွေကို ပြန်လည်ရရှိနေတာပါ။

ဒါပေမယ့်လည်း အဆိုပါ Bullet Wireless နဲ့ Wireless 2 Earbuds တွေဟာ Cable ပါဝင်ပြီး လည်ပင်းကနေပတ်ပြီး နားထောင်ရတဲ့ Neckband အမျိုးအစားတွေဖြစ်ပါတယ်။ အဲ့ဒီအတွက် OnePlus ကနေ Cable ပါဝင်ခြင်းမရှိတဲ့ True Wireless Earbuds တွေကိုတော့ မိတ်ဆက်ထားခြင်းမရှိသေးပါဘူး။

အခုအချိန်မှာတော့ နာမည်ကြီး Tipster တစ်ဦးဖြစ်တဲ့ Max J. ကနေ OnePlus က မကြာခင်မှာ Cable တွေပါဝင်ခြင်းမရှိတဲ့ True Wireless Earbuds တစ်မျိုးကို မိတ်ဆက်သွားတော့မယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီ OnePlus ရဲ့ True Wireless Earbuds က ဘယ်လိုပုံစံမျိုးရှိမလဲဆိုတာကို ဖော်ပြခဲ့ခြင်းမရှိပေမယ့် Promo Image တစ်ခုဖြစ်လာနိုင်တဲ့ “Listen without the cords in your way” ဆိုတဲ့ စာတန်းပါဝင်တဲ့ ဓါတ်ပုံတစ်ခုကို ဖော်ပြခဲ့တာဖြစ်ပါတယ်။

OnePlus အနေနဲ့ အဆိုပါ True Wireless Earbuds ကို လာမယ့် ၂၀၂၀ ခုနှစ် နှစ်စပိုင်းမှာ OnePlus 8 ဒါမှမဟုတ် OnePlus 8 Lite Mid Range ဖုန်းသစ်နဲ့အတူ မိတ်ဆက်လာနိုင်ပြီးတော့ Active Noise Cancellation လိုမျိုး Feature တွေလည်းပါဝင်လာဖွယ်ရှိနေပါတယ်။

စျေးနှုန်းအနေနဲ့တော့ လက်ရှိ Bullet Wireless 2 လိုမျိုးပဲ ဒေါ်လာ ၁၀၀ ဝန်းကျင်ရှိလာနိုင်ပြီးတော့ Budget Wireless Earbuds တွေအစား Samsung Galaxy Buds ၊ Apple AirPods တွေနဲ့ ယှဥ်ပြိုင်လာဖို့များနေပါတယ်။

Ref : Phone Arena

Zawgyi





ဈေးနှုန်းအနေနဲ့တော့ လက်ရှိ Bullet Wireless 2 လိုမျိုးပဲ ဒေါ်လာ ၁၀၀ ဝန်းကျင်ရှိလာနိုင်ပြီးတော့ Budget Wireless Earbuds တွေအစား Samsung Galaxy Buds ၊ Apple AirPods တွေနဲ့ ယှဉ်ပြိုင်လာဖို့များနေပါတယ်။

Ref : Phone Arena