[Zawgyi]

OnePlus 7T ကို စက္တင္ဘာလ ၂၆ ရက္က အိႏၵိယမွာ ေၾကညာခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက ကုမၸဏီဟာ OnePlus 7T Pro ရဲ႕ သတင္းကို မေျပာခဲ့ပါဘူး။ ၁ ပတ္အၾကာမွာေတာ့ OnePlus 7T Pro ကို အိႏၵိယမွာ ေၾကညာမယ္လို႔ ကုမၸဏီက သတင္းေပးခဲ့ပါတယ္။ အခုေတာ့ ကုမၸဏီက ေအာက္တိုဘာလ ၁၀ ရက္ေန႔မွာ ပြဲ ၁ ခု က်င္းပမယ္လို႔ သတင္းေပးလိုက္ပါတယ္။ အဲဒီပြဲမွာ 7T Pro ကို ေၾကညာႏုိင္ပါတယ္။

ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းေတြအရ OnePlus 7T Pro ဟာ ဒီဇိုင္းအပိုင္းမွာ 7 Pro နဲ႔ အရမ္းကို တူမွာပါ။ 7T Pro မွာ ၆.၆၇ လက္မ Curved Fluid AMOLED Display ပါလာၿပီး QHD+ Resolution ျဖစ္ပါတယ္။ 90Hz Refresh Rate နဲ႔ HDR10 ေတြ ေထာက္ပံ့ထားမွာပါ။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံကိရိယာ ျမွပ္ႏွံထားႏုိင္ပါတယ္။

အလန္းဆံုးကေတာ့ Snapdragon 855+ Chipset ျဖစ္ၿပီး 8 or 12GB RAM နဲ႔ UFS 3.0 Storage ေတြ ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၃ လံုး ထည့္သြင္းထားမွာ ျဖစ္ၿပီး  Hybrid Image Stabilization ပါတဲ့ 48MP Main Camera ၊ 16MP Ultrawide နဲ႔ 12MP Telephoto Lens ေတြ ပါလာႏုိင္ပါတယ္။ 16MP Pop-up Selfie Camera ထည့္သြင္းထားမွာပါ။ Macro Mode နဲ႔ Nightscape တို႔လို လုပ္ေဆာင္ခ်က္ အသစ္ေတြ ပါလာမွာပါ။

ဘက္ထရီက တိုးတက္လာၿပီး 30W Warp Charge 30T ပါတဲ့ 4,000mAh ပါလာႏုိင္ပါတယ္။ OnePlus 6T မွာလို McLaren Edition ကိုလည္း ထုတ္လုပ္ႏုိင္ပါတယ္။

Ref : techradar

[Unicode]

OnePlus 7T Pro ကို ၁၀ ရက်နေ့မှာ ကြေညာနိုင်

OnePlus 7T ကို စက်တင်ဘာလ ၂၆ ရက်က အိန္ဒိယမှာ ကြေညာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကုမ္ပဏီဟာ OnePlus 7T Pro ရဲ့ သတင်းကို မပြောခဲ့ပါဘူး။ ၁ ပတ်အကြာမှာတော့ OnePlus 7T Pro ကို အိန္ဒိယမှာ ကြေညာမယ်လို့ ကုမ္ပဏီက သတင်းပေးခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက အောက်တိုဘာလ ၁၀ ရက်နေ့မှာ ပွဲ ၁ ခု ကျင်းပမယ်လို့ သတင်းပေးလိုက်ပါတယ်။ အဲဒီပွဲမှာ 7T Pro ကို ကြေညာနိုင်ပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေအရ OnePlus 7T Pro ဟာ ဒီဇိုင်းအပိုင်းမှာ 7 Pro နဲ့ အရမ်းကို တူမှာပါ။ 7T Pro မှာ ၆.၆၇ လက်မ Curved Fluid AMOLED Display ပါလာပြီး QHD+ Resolution ဖြစ်ပါတယ်။ 90Hz Refresh Rate နဲ့ HDR10 တွေ ထောက်ပံ့ထားမှာပါ။ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံကိရိယာ မြှပ်နှံထားနိုင်ပါတယ်။

အလန်းဆုံးကတော့ Snapdragon 855+ Chipset ဖြစ်ပြီး 8 or 12GB RAM နဲ့ UFS 3.0 Storage တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး Hybrid Image Stabilization ပါတဲ့ 48MP Main Camera ၊ 16MP Ultrawide နဲ့ 12MP Telephoto Lens တွေ ပါလာနိုင်ပါတယ်။ 16MP Pop-up Selfie Camera ထည့်သွင်းထားမှာပါ။ Macro Mode နဲ့ Nightscape တို့လို လုပ်ဆောင်ချက် အသစ်တွေ ပါလာမှာပါ။

ဘက်ထရီက တိုးတက်လာပြီး 30W Warp Charge 30T ပါတဲ့ 4,000mAh ပါလာနိုင်ပါတယ်။ OnePlus 6T မှာလို McLaren Edition ကိုလည်း ထုတ်လုပ်နိုင်ပါတယ်။

Ref : techradar