OnePlus ကနေ အခုအချိန်မှာ Nord Series Mid Range ဖုန်းတွေကို ဆက်တိုက်မိတ်ဆက်နေတာဖြစ်ပါတယ်။ အခုလည်း OnePlus ကနေ အသစ်မိတ်ဆက်ဖို့ရှိနေတဲ့ OnePlus Nord CE 2 Lite ဖုန်းရဲ့ သတင်းတွေက ပေါက်ကြားလာခဲ့ပါပြီ။

အခုသတင်းတွေအရ OnePlus Nord CE 2 Lite ဖုန်းဟာ Model Number အနေနဲ့ GN 2200 ဖြစ်လာမှာဖြစ်ပြီး FCC Certification ရရှိပြီးဖြစ်တာကြောင့် မကြာခင်မှာ တရားဝင်မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

OnePlus Nord CE 2 Lite ဖုန်းဟာ 5G Support ပြုလုပ်တဲ့ဖုန်းဖြစ်လာမှာဖြစ်ပြီး တခြားသော Nord Series ဖုန်းတွေလိုမျိုးမဟုတ်ဘဲ MediaTek Dimensity Chipset တွေအစား Qualcomm Snapdragon Chipset ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။ Geekbench ကနေ ပေါက်ကြားလာတဲ့သတင်းအရတော့ အဆိုပါ Chipset ဟာ Qualcomm Snapdragon 695 ဖြစ်လာမယ်လို့ သိရပါတယ်။

တခြားသော သတင်းတွေအနေနဲ့ကတော့ OnePlus Nord CE 2 Lite ဖုန်းဟာ 6GB RAM ပါဝင်မှာဖြစ်ပြီး 4500mAh Battery နဲ့ 33W Fast Charging တွေပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းမှာလည်း 64MP f1.7 Sensor ကို အသုံးပြုထားပြီး တခြား Depth Sensor နဲ့ Macro Sensor တွေလည်းထည့်သွင်းထားမှာဖြစ်ပါတယ်။ Display အနေနဲ့ 6.6″ ရှိမယ်လို့ သိရပြီး Selfie Cameraကတော့ 16MP Sensor ကို အသုံးပြုထားမှာဖြစ်ပါတယ်။

OnePlus ကနေ ယခု OnePlus Nord CE 2 Lite ဖုန်းကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို တရားဝင်ကြေညာထားခြင်းမရှိပေမယ့် ယခုလအတွင်းမှာပဲ မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena