OnePlus ဟာ ယခုနှစ်အတွင်းမှာ Mid Range ဖုန်းအသစ်ဖြစ်တဲ့ Nord CE 3 ကို မိတ်ဆက်ဖို့စီစဥ်ထားတာဖြစ်ပါတယ်။ အစောပိုင်းတုန်းက Render ဓါတ်ပုံတွေပေါက်ကြားခဲ့ပေမယ့် အခုအချိန်မှာ အဆိုပါ Nord CE 3 ဖုန်းရဲ့ အပြင်ပန်းဓါတ်ပုံတွေပါ ထွက်ရှိလာပါပြီ။

OnePlus Nord CE 3 ဖုန်းဟာ နောက်ကျောဘက်ကို Glossy Design ပုံစံပြုလုပ်ထားပြီး Triple Camera Setup ကို အဝိုင်းပုံစံ Camera Bump ၂ ခုနဲ့ထည့်သွင်းပေးထားပါတယ်။ ဘေးဘောင်တွေက Flat Design ကို အခြေခံထားသလို Fingerprint Sensor ကိုလည်း Power Button မှာပဲ ထည့်သွင်းထားတာကိုတွေ့ရပါတယ်။

Selfie Camera ကို Punch-hole Design အနေနဲ့ ထည့်သွင်းပေးထားပါတယ်။

OnePlus Nord CE 3 ဖုန်းဟာ Qualcomm Snapdragon 695 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး 67W Fast Charging ကို ထောက်ပံ့ထားတဲ့ 5000mAh Battery ပါဝင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Nord CE 2 ဖုန်းမှာ MediaTek Dimensity 900 Chipset ကို အသုံးပြုခဲ့တာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာလည်း Nord CE 3 ဖုန်းက ပိုအားနည်းနိုင်သလို 4K Video Recording လိုမျိုး Feature တွေလည်းပါဝင်မှာမဟုတ်ပါဘူး။

Ref – GSM Arena