OnePlus ဟာ လာမယ့်အောက်တိုဘာလမှာ Flagship စမတ်ဖုန်းအသစ်ဖြစ်တဲ့ OnePlus 8T ကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Event မှာ OnePlus 8T အပြင် True Wireless Earbuds အသစ်ကိုပါ မြင်တွေ့ရဖွယ်ရှိနေပါသေးတယ်။

အခုနောက်ထပ်သိရတဲ့သတင်းတွေအရ OnePlus ကနေ အောက်တိုဘာလကုန်ပိုင်းမှာ နောက်ထပ် စမတ်ဖုန်းအသစ်တွေကိုပါ မိတ်ဆက်ဖို့ရှိနေပါတယ်။ ဒါကတော့ OnePlus Nord Series ဖုန်းသစ်တွေဖြစ်လာမယ့် Nord N10 နဲ့ Nord N100 ဖုန်းတွေဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါသတင်းကို India Leaker နဲ့ YouTuber တစ်ဦးဖြစ်တဲ့ Makul Sharma ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် India စျေးကွက်မှာတော့ ကျိန်းသေရောင်းချလာနိုင်သလို US စျေးကွက်ကိုပါ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။ ပြီးခဲ့တဲ့ OnePlus Nord ဖုန်းကိုတော့ India နိုင်ငံမှာ ရောင်းချခဲ့ပေမယ့်လည်း US စျေးကွက်ကိုတော့ မိတ်ဆက်ခဲ့ခြင်းမရှိပါဘူး။

လက်ရှိသိရတဲ့သတင်းတွေအရတော့ OnePlus Nord N10 စမတ်ဖုန်းဟာ 6.49″ FullHD+ 90Hz Display ကိုမှ Qualcomm Snapdragon 690 Chipset နဲ့ မိတ်ဆက်လာမှာဖြစ်ပါတယ်။ RAM 6GB နဲ့ Storage 128GB တွေပါဝင်မှာဖြစ်ပြီး Camera ပိုင်းအနေနဲ့လည်း 64MP + 8MP + 2MP + 2MP Sensor တွေပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုလာမှာပါ။ 5G Network ကို Support ပြုလုပ်မှာဖြစ်သလို ပြီးခဲ့တဲ့ OnePlus Nord ထက်လည်း စျေးသက်သာမှာဖြစ်ပါတယ်။

OnePlus Nord N100 စမတ်ဖုန်းကတော့ လောလောဆယ်မှာ Specification တွေအတိအကျသိရှိရခြင်းမရှိသေးပေမယ့် ဖြစ်နိုင်တာကတော့ Qualcomm Snapdragon 460 Chipset ကို အသုံးပြုထားတဲ့ 4G Budget ဖုန်းပဲဖြစ်လာနိုင်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၂၀၀ ဝန်းကျင်ကနေ စတင်ရောင်းချလာဖွယ်ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီ OnePlus Nord Series ဖုန်းအသစ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေမကြာခင်ထပ်မံထွက်ပေါ်လာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China