OnePlus က ပြီးခဲ့တဲ့ အောက်တိုဘာလမှာ OnePlus Open Foldable စမတ်ဖုန်းကို ကြေညာခဲ့ပြီး ကုမ္ပဏီရဲ့ ပထမဆုံး Foldable စမတ်ဖုန်း ဖြစ်ပါတယ်။ နောက်မျိုးဆက်ကို လိုချင်ရင်တော့ တော်တော်ကြာကြာ စောင့်ရဦးမှာ ဖြစ်ပြီး ဒီနှစ်မှာ မရောင်းချဘူးလို့ သတင်းထွက်လာပါတယ်။

OnePlus Open review: Foldable loaded with amplified smartphone experiences  | Tech Reviews - Business Standard

နာမည်ကြီး Tipster Digital Chat Station က ဒီသတင်းကို ပြောကြားလိုက်တာ ဖြစ်ပြီး သူက OnePlus Open 2 ကို ၂၀၂၅ ခုနှစ် ကွာတား ၁ မှာ ရောင်းချမယ်လို့ ပြောပါတယ်။ အဲဒီအတွက် Snapdragon 8 Gen 3 Chip အစား  အဲဒီဖုန်းမှာ Snapdragon 8 Gen 4 SoC ပါလာနိုင်ပါတယ်။

Oneplus Open (Emerald Dusk, 16GB RAM, 512GB Storage) : Amazon.in:  Electronics

Digital Chat Station က OnePlus Open 2 မှာ ပိုကောင်းတဲ့ Hinge ပါလာမှာ ဖြစ်ပြီး ခေါက်ချိုးရာ နည်းတဲ့ Folding Screen တပ်ဆင်ထားမယ်လို့ ပြောပါတယ်။ ပါးလွှာတဲ့ ဒီဇိုင်းနဲ့ ထွက်လာမှာပါ။ အဲဒီ စမတ်ဖုန်းမှာ Resolution မြင့်မားတဲ့ Cover Screen တပ်ဆင်ထားမှာ ဖြစ်ပြီး Periscope ကင်မရာ ၁ လုံး ပါလာနိုင်ပါတယ်။

OnePlus Open ဟာ OPPO Find N3 ရဲ့ ဗားရှင်း တစ်မျိုး ဖြစ်တဲ့အတွက် OnePlus Open 2 ဟာလည်း Find N4/N5 နဲ့ တူညီနိုင်ပါတယ်။

Ref : gsmarena