Unicode
OnePlus ကနေ ပြီးခဲ့တဲ့နှစ်အတွင်းမှာ သူ့ရဲ့ စမတ်ဖုန်းတွေနဲ့ အသုံးပြုတဲ့ Customer Information တွေရဲ့ သတင်းပေါက်ကြားမှုတွေ ခဏခဏကို ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကတော့ OnePlus ကနေ နောက်ထပ်မဖြစ်တော့အောင် Security ကို မြှင့်ထားခဲ့တယ်လို့ ကြေညာထားခဲ့ပါတယ်။
အခုလည်း OnePlus ကနေ သူ့ရဲ့ Security System အသစ်ကို စမ်းသပ်ဖို့အတွက် Bug Bounty Program တစ်ခုဖြစ်တဲ့ OnePlus Security Response Center (OneSRC) ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခု OneSRC က လက်ရှိ OnePlus Device တွေရဲ့ Bug တွေကို ရှာဖွေနိုင်တယ်ဆိုရင် ရှာတွေ့မှုပေါ်မှုတည်ပြီး ဆုကြေးငွေပေးအပ်သွားမှာပါ။
အခု OneSRC ကနေ ပေးသွားမယ့် ဆုကြေးငွေကိုတော့ $50 ကနေ $7,000 အထိ Tier ၅ မျိုးနဲ့ ခွဲခြားထားတယ်လို့ သိရပါတယ်။ အဆိုပါ Tier တွေကတော့ အောက်ပါအတိုင်းဖြစ်မှာပါ။
Special cases: up to $7,000
Critical: $750 to $1,500
High: $250 to $750
Medium: $100 to $250
Low: $50 to $100
OnePlus ရဲ့ ပြောကြားချက်ရတော့ အခုတွေ့ရှိတဲ့ Bug တွေရဲ့ ပေါက်ကြားတဲ့အခြေအနေနဲ့ Business ပိုင်းအပေါ်ထိခိုက်မှုပေါ်ကို မှုတည်ပြီးတော့ အဆိုပါ Tier တွေကို ခွဲခြားသတ်မှတ်သွားမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် OnePlus အနေနဲ့ အခုလိုမျိုး Bounty Program ကို စတင်လိုက်တာက နောက်လာမယ့် OnePlus Device တွေမှာ Security ပိုင်းပိုပြီး ကောင်းလာဖို့ရှိနေပါတယ်။
Ref – GSM Arena
Zawgyi
Critical: $750 to $1,500
High: $250 to $750
Medium: $100 to $250
Low: $50 to $100
Ref – GSM Arena