OnePlus ဟာ မတ်လကုန်မှာ OnePlus 10 Pro နဲ့အတူ Y1s Pro 4K TV ကို အိန္ဒိယမှာ ကြေညာတော့မယ်လို့ သတင်းထွက်လာပါတယ်။ ဒါတင်မကသေးဘဲ Bullets Wireless Z2 နားကြပ်ကိုပါ ချပြနိုင်ပါတယ်။ OnePlus က အဲဒီ မိတ်ဆက်ပွဲအတွက် Teaser တွေကို စတင် မျှဝေနေပေမယ့် နေ့ရက်အတိအကျကို မပြောသေးပါဘူး။

OnePlus to launch Y1s Pro 4K TV in India alongside OnePlus 10 Pro

91mobile က မကြာခင်ကပဲ Y1s Pro ရဲ့ ဓါတ်ပုံနဲ့ Specs အများစုကို မျှဝေလိုက်ပါတယ်။ နာမည်အတိုင်းပဲ Y1s နဲ့ Y1s Edge တို့ထက် ပိုမို စွမ်းရည်မြင့်တဲ့ TV ဖြစ်ပြီး Y1s Pro မှာ 4K (3840x2160p) မျက်နှာပြင် တပ်ဆင်ထားကာ အရင်မျိုးဆက်တွေရဲ့ HD နဲ့ FullHD ထက် ပိုမြင့်လာပါတယ်။ Y1s Pro အတွက် ၄၃ လက်မ အရွယ်အစား ၁ မျိုးပဲ ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။

OnePlus to launch Y1s Pro 4K TV in India alongside OnePlus 10 Pro

ပေါက်ကြား ဓါတ်ပုံအရ မျက်နှာပြင်အောက်က ဘောင်ကလွဲကာ ကျန်တဲ့ ဘောင်အားလုံးဟာ အရမ်းကို ပါးလွှာပါတယ်။ Remote Control မှာ Netflix, Disney+ Hotstar, Prime Video , Google Assistant တို့ရဲ့ Shortcut Button တွေ ပါလာပါတယ်။

OnePlus Y1s Pro ဟာ Smart TV ဆိုတာ သေချာပြီး ပေါက်ကြားသတင်းအရ Android TV 10 OS မောင်းနှင်ထားမှာပါ။ Google Chromecast , Miracast နဲ့ OnePlus Connect 2.0 တို့ကို ထောက်ပံ့ပြီး ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောင်တွေအနေနဲ့ Google Assistant နဲ့ Alexa တို့ကို အသုံးပြုနိုင်မှာပါ။ 2GB RAM နဲ့ 8GB Internal Storage ပါလာမှာ ဖြစ်ပြီး Dolby Audio နဲ့ Dolby Atmos ထောက်ပံ့တဲ့ 24W စတီရီယို စပီကာ တပ်ဆင်ထားမှာပါ။ ဆက်သွယ်မှု အပိုင်းမှာ HDMI Inputs ၃ ခု၊ USB Port ၂ ခုနဲ့ Dual-band WiFi တို့ ပါလာမှာဖြစ်ပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena