[Zawgyi]

OnePlus အေနနဲ႔ သူတို႔ရဲ႕ ေနာက္ဆုံးထြက္ မ်ိဴးဆက္သစ္ စမတ္ဖုန္း OnePlus 7 ကို Feature အသစ္ေတြပါဝင္လာတဲ့ Software Update ထုတ္လႊင့္ေပးလိုက္ပါၿပီ။ ျပည္တြင္းမွာ အသုံးျပဳေနတဲ့ OnePlus 7 (OxygnenOS) ပိုင္ရွင္ေတြလည္း အဆိုပါ Update ကို ရယူႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

OxygenOS 9.5.4 အျဖစ္ထြက္ရွိလာတာျဖစ္ၿပီး File Size က 223MP သာ ရွိတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ April 1, 2019 Android Security Patch လည္း ပါဝင္ဦးမွာပါ။ အဆိုပါ Update မွာ အဓိကပါဝင္လာတဲ့ Feature ေတြကေတာ့ DC Dimming နဲ႔ Fnatic Mode တို႔ ျဖစ္ပါတယ္။ DC Dimming က Brightness ကို ေလွ်ာ့ထားတဲ့အခ်ိန္မ်ိဴးမွာ စမတ္ဖုန္း Screen Flickering မျဖစ္ေအာင္ စြမ္းေဆာင္ေပးႏိုင္တဲ့ Feature ျဖစ္ပါတယ္။ Screen Flickering က အထူးသျဖင့္ Brightness ေလွ်ာ့ၿပီး သုံးတဲ့ OLED Display ေတြမွာ အျဖစ္မ်ားတဲ့ ျပႆနာျဖစ္ၿပီး၊ တခ်ိဴ႕ User ေတြ ႀကဳံေတြ႕ရတတ္ပါတယ္။ DC Dimming ကို အသုံးျပဳလိုပါက Settings > Utilities > OnePlus Laboratory > DC Dimming ကို On ေပးရမွာပါ ျဖစ္ပါတယ္။

Fnatic Mode ကေတာ့ Gaming စြမ္းေဆာင္ရည္ကို တိုးျမႇင့္ဖို႔အတြက္ လိုအပ္တဲ့ Services ေတြကို Run ေပးတာ ျဖစ္ၿပီး၊ Game ေဆာ့ေနစဥ္မွာလည္း Notiifcations ေတြကို Disable ျပဳလုပ္ေပးႏိုင္တယ္လို႔ သိရပါတယ္။ အဆိုပါ Feature ကို Setting > Utilities > Gaming Mode > Fnatic Mode ကို On ေပးျခင္းအားျဖင့္ အသုံးျပဳႏိုင္ပါတယ္။ ဒါ့အျပင္ အခု Update မွာ Fingerprint Unlock နဲ႔ ဓာတ္ပုံပိုင္းဆိုင္ရာေတြကိုလည္း ပိုမိုေကာင္းမြန္ေအာင္ ျပဳလုပ္ေပးထားတယ္လို႔ ဆိုပါတယ္။ OnePlus 7 (OxygenOS) ပိုင္ရွင္မ်ားအေနနဲ႔ အခုခ်ိန္ထိ Update မရေသးဘူးဆိုရင္ Settings > System > System Update မွာ သြားေရာက္စစ္ေဆးႏိုင္ပါတယ္။

Ref : Xda-developer

[Unicode]

Fnatic Gaming Mode နဲ့ DC Dimming တွေပါဝင်လာတဲ့ OnePlus 7 ရဲ့ Software Update

OnePlus အနေနဲ့ သူတို့ရဲ့ နောက်ဆုံးထွက် မျိူးဆက်သစ် စမတ်ဖုန်း OnePlus 7 ကို Feature အသစ်တွေပါဝင်လာတဲ့ Software Update ထုတ်လွှင့်ပေးလိုက်ပါြပီ။ ပြည်တွင်းမှာ အသုံးပြုနေတဲ့ OnePlus 7 (OxygnenOS) ပိုင်ရှင်တွေလည်း အဆိုပါ Update ကို ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

OxygenOS 9.5.4 အဖြစ်ထွက်ရှိလာတာဖြစ်ပြီး File Size က 223MP သာ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် April 1, 2019 Android Security Patch လည်း ပါဝင်ဦးမှာပါ။ အဆိုပါ Update မှာ အဓိကပါဝင်လာတဲ့ Feature တွေကတော့ DC Dimming နဲ့ Fnatic Mode တို့ ဖြစ်ပါတယ်။ DC Dimming က Brightness ကို လျှော့ထားတဲ့အချိန်မျိူးမှာ စမတ်ဖုန်း Screen Flickering မဖြစ်အောင် စွမ်းဆောင်ပေးနိုင်တဲ့ Feature ဖြစ်ပါတယ်။ Screen Flickering က အထူးသဖြင့် Brightness လျှော့ပြီး သုံးတဲ့ OLED Display တွေမှာ အဖြစ်များတဲ့ ပြဿနာဖြစ်ပြီး၊ တချိူ့ User တွေ ကြုံတွေ့ရတတ်ပါတယ်။ DC Dimming ကို အသုံးပြုလိုပါက Settings > Utilities > OnePlus Laboratory > DC Dimming ကို On ပေးရမှာပါ ဖြစ်ပါတယ်။

Fnatic Mode ကတော့ Gaming စွမ်းဆောင်ရည်ကို တိုးမြှင့်ဖို့အတွက် လိုအပ်တဲ့ Services တွေကို Run ပေးတာ ဖြစ်ပြီး၊ Game ဆော့နေစဥ်မှာလည်း Notiifcations တွေကို Disable ပြုလုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ အဆိုပါ Feature ကို Setting > Utilities > Gaming Mode > Fnatic Mode ကို On ပေးခြင်းအားဖြင့် အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အခု Update မှာ Fingerprint Unlock နဲ့ ဓာတ်ပုံပိုင်းဆိုင်ရာတွေကိုလည်း ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးထားတယ်လို့ ဆိုပါတယ်။ OnePlus 7 (OxygenOS) ပိုင်ရှင်များအနေနဲ့ အခုချိန်ထိ Update မရသေးဘူးဆိုရင် Settings > System > System Update မှာ သွားရောက်စစ်ဆေးနိုင်ပါတယ်။

Ref : Xda-developer