[Zawgyi]

ဒီေန႔မွာေတာ့ OnePlus 7 Pro ရဲ႕ တကယ့္အစစ္အမွန္ ပုံရိပ္လို႔ ယူဆရတဲ့ Renders ဓာတ္ပုံေတြကို WinFuture နဲ႔ Ishan Agarwal တို႔ရဲ႕ ေက်းဇူးေၾကာင့္ ျမင္ေတြ႕ခြင့္ ရရွိလိုက္ပါၿပီ။ OnePlus အေနနဲ႔ သူတို႔ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းေတြကို ေမလ ၁၄ရက္ေန႔မွာ တရားဝင္ မိတ္ဆက္ဖို႔ ျပင္ဆင္ထားတာျဖစ္ၿပီး၊ အဆိုပါ မိတ္ဆက္ပြဲမွာ သာမန္ OnePlus 7 နဲ႔ အဆင့္ျမင့္ OnePlus 7 Pro ဆိုၿပီး စမတ္ဖုန္း ၂မ်ိဴး ျမင္ေတြ႕ရဖြယ္ ရွိပါတယ္။ ဒါ့အျပင္ 5G ကြန္ရက္စနစ္ကို ေထာက္ပံ့ေပးထားမယ့္ စမတ္ဖုန္းကိုလည္း မိတ္ဆက္လာႏိုင္ပါတယ္။

WinFuture နဲ႔ Ishan Agarwal တို႔ဆီကေန တစ္ဆင့္ ထြက္ေပၚလာခဲ့တဲ့ ဓာတ္ပုံေတြအရဆိုရင္ OnePlus 7 Pro ရဲ႕ ဒီဇိုင္းအပိုင္းဟာ ေတာ္ေတာ္ေလးကို ႏွစ္လိုအားရစရာ ေကာင္းပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္မွာဆိုရင္ Notch လုံးဝ မပါတဲ့အျပင္ အထက္/ေအာက္နဲ႔ ေဘးဘက္ Bezel ေတြဟာလည္း ေတာ္ေတာ္ေလးကို ေသးငယ္က်ဥ္းေျမာင္းသြားတာ ေတြ႕ရပါတယ္။ ေဘးဘက္ Bezel ေတြ က်ဥ္းေျမာင္းသြားေစတဲ့ အေၾကာင္းအရင္းကေတာ့ Curved Display လို႔ေခၚတဲ့ မွန္ခုံး အမ်ိဴးအစားကို အသုံးျပဳထားတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

ေနာက္ေက်ာဘက္မွာဆိုရင္လည္း Triple Camera Setup ကို စမတ္ဖုန္းရဲ႕ အလယ္တည့္တည့္မွာ တန္းစီၿပီး ေဒါင္လိုက္တပ္ဆင္ထားပုံက ေတာ္ေတာ္ေလးကို လွပေက်ာ့ရွင္းေနတာ ေတြ႕ရပါတယ္။ ဒါ့အျပင္ ဓာတ္ပုံေတြရဲ႕ အေသးစိတ္က်မႈေၾကာင့္ Power Button, Volume Rocker နဲ႔ Alert Slider ခလုတ္ေတြရဲ႕ အထားအသိုကိုလည္း ျမင္ေတြ႕ရဦးမွာပါ။ OnePlus 7 Pro ရဲ႕ ေရွ႕ဘက္မ်က္ႏွာျပင္နဲ႔ ေနာက္ေက်ာဘက္ဒီဇိုင္းေတြကေတာ့ ေတာ္ေတာ္ေလးကို ေက်နပ္အားစရာစရာ ေကာင္းေနပါၿပီ။

Ref: Android Authority

[Unicode]

မျက်နှာပြင်ပြည့် မှန်ခုံး Display နဲ့ လှပကျော့ရှင်းနေတဲ့ OnePlus 7 Pro

ဒီနေ့မှာတော့ OnePlus 7 Pro ရဲ့ တကယ့်အစစ်အမှန် ပုံရိပ်လို့ ယူဆရတဲ့ Renders ဓာတ်ပုံတွေကို WinFuture နဲ့ Ishan Agarwal တို့ရဲ့ ကျေးဇူးကြောင့် မြင်တွေ့ခွင့် ရရှိလိုက်ပါပြီ။ OnePlus အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းတွေကို မေလ ၁၄ရက်နေ့မှာ တရားဝင် မိတ်ဆက်ဖို့ ပြင်ဆင်ထားတာဖြစ်ပြီး၊ အဆိုပါ မိတ်ဆက်ပွဲမှာ သာမန် OnePlus 7 နဲ့ အဆင့်မြင့် OnePlus 7 Pro ဆိုပြီး စမတ်ဖုန်း ၂မျိူး မြင်တွေ့ရဖွယ် ရှိပါတယ်။ ဒါ့အပြင် 5G ကွန်ရက်စနစ်ကို ထောက်ပံ့ပေးထားမယ့် စမတ်ဖုန်းကိုလည်း မိတ်ဆက်လာနိုင်ပါတယ်။

WinFuture နဲ့ Ishan Agarwal တို့ဆီကနေ တစ်ဆင့် ထွက်ပေါ်လာခဲ့တဲ့ ဓာတ်ပုံတွေအရဆိုရင် OnePlus 7 Pro ရဲ့ ဒီဇိုင်းအပိုင်းဟာ တော်တော်လေးကို နှစ်လိုအားရစရာ ကောင်းပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာဆိုရင် Notch လုံးဝ မပါတဲ့အပြင် အထက်/အောက်နဲ့ ဘေးဘက် Bezel တွေဟာလည်း တော်တော်လေးကို သေးငယ်ကျဥ်းမြောင်းသွားတာ တွေ့ရပါတယ်။ ဘေးဘက် Bezel တွေ ကျဥ်းမြောင်းသွားစေတဲ့ အကြောင်းအရင်းကတော့ Curved Display လို့ခေါ်တဲ့ မှန်ခုံး အမျိူးအစားကို အသုံးပြုထားတာကြောင့် ဖြစ်နိုင်ပါတယ်။

နောက်ကျောဘက်မှာဆိုရင်လည်း Triple Camera Setup ကို စမတ်ဖုန်းရဲ့ အလယ်တည့်တည့်မှာ တန်းစီပြီး ဒေါင်လိုက်တပ်ဆင်ထားပုံက တော်တော်လေးကို လှပကျော့ရှင်းနေတာ တွေ့ရပါတယ်။ ဒါ့အပြင် ဓာတ်ပုံတွေရဲ့ အသေးစိတ်ကျမှုကြောင့် Power Button, Volume Rocker နဲ့ Alert Slider ခလုတ်တွေရဲ့ အထားအသိုကိုလည်း မြင်တွေ့ရဦးမှာပါ။ OnePlus 7 Pro ရဲ့ ရှေ့ဘက်မျက်နှာပြင်နဲ့ နောက်ကျောဘက်ဒီဇိုင်းတွေကတော့ တော်တော်လေးကို ကျေနပ်အားစရာစရာ ကောင်းနေပါပြီ။

Ref: Android Authority