Unicode

စမတ်ဖုန်းတွေမှာပဲဖြစ်ဖြစ် ကွန်ပျူတာတွေမှာပဲဖြစ်ဖြစ် Internet Connection Speed ကို သိချင်တယ်ဆိုရင် Ookla ရဲ့ Speedtest က နာမည်ကြီးလို့ ပြောလို့ရပါတယ်။ အခုလည်း Ookla ကနေ Speedtest အပြင် VPN Service ကိုပါ Android App မှာ ထည့်ပေးလိုက်ပြီဖြစ်ပါတယ်။

ဒီလိုမျိုး Ookla Speedtest ဟာ Network Speed တိုင်းတဲ့နေရာမှာတော့ သက်တမ်းအရကြာနေပြီပေမယ့် VPN အနေနဲ့တော့ အခုမှစတင်တာဖြစ်ပါတယ်။ လောလောဆယ်မှာ Beta အနေနဲ့ပဲရှိတဲ့အတွက် အခမဲ့အသုံးပြုနိုင်မှာဖြစ်ပါပြီး နောက်ပိုင်းမှာတော့ Trial အနေနဲ့ပဲ အခမဲ့အသုံးပြုနိင်ဖို့များနေပါတယ်။

တကယ်လို့ နောက်ပိုင်းမှာ Paid Version မဟုတ်ဘဲ အခမဲ့အနေနဲ့သုံးမယ်ဆိုရင်တော့ Data 2GB အထိပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခု VPN Service ဟာ Mobile အတွက်ပဲထွက်ရှိမယ်လို့ ယူဆရပြီးတော့ Desktop Version မှာတော့ ရရှိလာနိုင်ဖွယ်မရှိပါဘူး။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး လူသုံးများတဲ့ Application တစ်ခုဖြစ်တဲ့ Ookla Speedtest မှာပါ VPN ကို ရရှိလာတဲ့အတွက် VPN App တွေကို ရှာဖွေပြီး သုံးနေစရာမလိုတော့ပါဘူး။ အခု VPN Service ကို Version 4.4.29 နဲ့အထက် Android App Version တွေမှာ ရရှိလာမှာဖြစ်ပါတယ်။

Ref – Android Authority

Zawgyi





Ref – Android Authority