[Zawgyi]

အူရီဒူးျမန္မာသည္ “ဒီဂ်စ္တယ္ဘဝျပည့္စုံဖို႔ အင္တာနက္ျဖင့္ေလ့လာစို႔” လူမႈအက်ိဳးျပဳစီမံကိန္း၏ ပထမေျခလွမ္း အျဖစ္ ဒီဂ်စ္တယ္ဗဟုသုတ တိုးပြားေရးအစီအစဥ္ “Internet 1O1” (Internet One on One) ကို Facebook၊ GSMA တို႔ႏွင့္အတူ ပူးေပါင္းကာ စတင္ အေကာင္အထည္ေဖာ္ စီစဥ္ေဆာင္႐ြက္ခဲ့ပါသည္။ အဆိုပါ လူမႈအက်ိဳးျပဳစီမံကိန္းသည္ မိုဘိုင္းဖုန္းျဖင့္ အင္တာနက္ အသုံးျပဳသူမ်ားအတြက္ ရည္႐ြယ္ၿပီး အင္တာနက္အသုံးျပဳမႈဆိုင္ရာ အက်ိဳးေက်းဇူးမ်ား၊ အင္တာနက္အသုံးျပဳရာတြင္ ႀကဳံေတြ႕ႏိုင္သည့္ အႏၲရာယ္မ်ား ႏွင့္ ေဘးကင္းလုံၿခဳံမႈရွိစြာ၊ တာဝန္ယူလိုစိတ္ရွိစြာ အသုံးျပဳမႈဆိုင္ရာ အသိပညာကို မွ်ေဝေပးႏိုင္ရန္ စီစဥ္ေဆာင္႐ြက္လ်က္ ရွိပါသည္။

အဆိုပါ “Internet 1O1” (Internet One on One) အစီအစဥ္ ကို ၂၀၁၉ ခုႏွစ္၊ ဇြန္လ၊ ၁၅ရက္ တြင္ စတင္ခဲ့ကာ မုံ႐ြာ၊ ေ႐ႊဘို၊ စစ္ကိုင္း၊ မေကြး တို႔အပါအဝင္ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕မ်ား၏ ၿမိဳ႕စြန္ေဒသမ်ားရွိ အူရီဒူးအမွတ္တံဆိပ္အေရာင္းဆိုင္မ်ားႏွင့္ လက္လီဆိုင္မ်ားတြင္ မွ်ေဝပို႔ခ်ေပးလွ်က္ရွိပါသည္။ သင္တန္းပို႔ခ်ေပးျခင္း၏ ရည္႐ြယ္ခ်က္မွာ ျမန္မာႏိုင္ငံသားမ်ား၏ ဒီဂ်စ္တယ္ဗဟုသုတမ်ား တိုးပြားလာေစေရး၊ မွားယြင္းသည့္သတင္းအခ်က္အလက္မ်ားႏွင့္ ဆိုရွယ္မီဒီယာက႑အပါအဝင္ အင္တာနက္ေပၚတြင္ တရားမဝင္လုပ္ရပ္မ်ား အႏၲရာယ္မွ ကာကြယ္ေရးတို႔ ျဖစ္ပါသည္။ ထို႔ေၾကာင့္ အူရီဒူးျမန္မာသည္ အဆိုပါ အစီအစဥ္ကို ၂၀၁၉ခုႏွစ္ ၾသဂုတ္လကုန္အထိ ဆက္လက္ ပံ့ပိုးသြားမည္ ျဖစ္ပါသည္။

ဒီဂ်စ္တယ္ဗဟုသုတ တိုးပြားေရးအစီအစဥ္ “Internet 1O1” ကို အူရီဒူးဆင္းကတ္ရွိသူတိုင္းတက္ေရာက္ႏိုင္ၿပီး သင္တန္းသို႔ လူကိုယ္တိုင္ မတက္ေရာက္ႏိုင္သူမ်ားသည္လည္း အူရီဒူး ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပပါ ၄မိနစ္စာ အြန္လိုင္းဗီဒီယိုလင့္ https://ooredoo.com.mm/portal/en/digitalliteracy မွတဆင့္ ေလ့လာႏိုင္မည္ ျဖစ္ပါသည္။

အူရီဒူးျမန္မာ၏ Head of Corporate Communications ျဖစ္သူ ဦးတင့္ႏိုင္ထြဋ္ က “Internet 1O1 အစီအစဥ္ ရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ ဒီဂ်စ္တယ္ ဗဟုသုတေတြကို လုံၿခဳံစိတ္ခ်ရစြာနဲ႔ လက္ေတြ႕အသုံးျပဳႏိုင္ေအာင္ လမ္းၫႊန္ျပသေပးရာကေန ႏိုင္ငံတစ္ဝန္းမွာ ဒီဂ်စ္တယ္ဆိုင္ရာ ဗဟုသုတေတြကို ပိုမိုသိရွိနားလည္ေစၿပီး ဒီဂ်စ္တယ္အသိပညာ ကြာဟခ်က္ေတြကိုလည္း ေလ်ာ့ခ်ေပးႏိုင္ဖို႔ပဲ ျဖစ္ပါတယ္။ မိုဘိုင္းအင္တာနက္ရဲ႕ အက်ိဳးေက်းဇူးေတြက ကြၽန္ေတာ္တို႔ရဲ႕ လူေနမႈဘဝ နဲ႔ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေရးမွာ အေထာက္အကူ ျပဳေနပါတယ္။ အူရီဒူးက အခုလို လူမႈအက်ိဳးျပဳ အစီအစဥ္ေတြနဲ႔အတူ ျမန္မာႏိုင္ငံသားေတြအတြက္ ဒီဂ်စ္တယ္ လူေနမႈဘဝျပည့္စုံႂကြယ္ဝေစဖို႔အတြက္ ဆက္လက္ၿပီး ပံ့ပိုးကူညီသြားမွာ ျဖစ္ပါတယ္။” ဟု ေျပာၾကားခဲ့ပါသည္။

[Unicode]

အူရီဒူးက မိုဘိုင်းဝန်ဆောင်မှုကို အသုံးပြုသူများအကြား ဒီဂျစ်တယ်ဆိုင်ရာ အကန့်အသတ်များကို လျော့ကျစေရန်အတွက် အင်တာနက် အသုံးပြုမှုဆိုင်ရာ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေရန် သင်တန်းပို့ချပေး

အူရီဒူးမြန်မာသည် “ဒီဂျစ်တယ်ဘဝပြည့်စုံဖို့ အင်တာနက်ဖြင့်လေ့လာစို့” လူမှုအကျိုးပြုစီမံကိန်း၏ ပထမခြေလှမ်း အဖြစ် ဒီဂျစ်တယ်ဗဟုသုတ တိုးပွားရေးအစီအစဉ် “Internet 1O1” (Internet One on One) ကို Facebook၊ GSMA တို့နှင့်အတူ ပူးပေါင်းကာ စတင် အကောင်အထည်ဖော် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ လူမှုအကျိုးပြုစီမံကိန်းသည် မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူများအတွက် ရည်ရွယ်ပြီး အင်တာနက်အသုံးပြုမှုဆိုင်ရာ အကျိုးကျေးဇူးများ၊ အင်တာနက်အသုံးပြုရာတွင် ကြုံတွေ့နိုင်သည့် အန္တရာယ်များ နှင့် ဘေးကင်းလုံခြုံမှုရှိစွာ၊ တာဝန်ယူလိုစိတ်ရှိစွာ အသုံးပြုမှုဆိုင်ရာ အသိပညာကို မျှဝေပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

အဆိုပါ “Internet 1O1” (Internet One on One) အစီအစဉ် ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ၊ ၁၅ရက် တွင် စတင်ခဲ့ကာ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ မကွေး တို့အပါအဝင် ရန်ကုန်နှင့် မန္တလေးမြို့များ၏ မြို့စွန်ဒေသများရှိ အူရီဒူးအမှတ်တံဆိပ်အရောင်းဆိုင်များနှင့် လက်လီဆိုင်များတွင် မျှဝေပို့ချပေးလျှက်ရှိပါသည်။ သင်တန်းပို့ချပေးခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ၏ ဒီဂျစ်တယ်ဗဟုသုတများ တိုးပွားလာစေရေး၊ မှားယွင်းသည့်သတင်းအချက်အလက်များနှင့် ဆိုရှယ်မီဒီယာကဏ္ဍအပါအဝင် အင်တာနက်ပေါ်တွင် တရားမဝင်လုပ်ရပ်များ အန္တရာယ်မှ ကာကွယ်ရေးတို့ ဖြစ်ပါသည်။ ထို့ကြောင့် အူရီဒူးမြန်မာသည် အဆိုပါ အစီအစဉ်ကို ၂၀၁၉ခုနှစ် သြဂုတ်လကုန်အထိ ဆက်လက် ပံ့ပိုးသွားမည် ဖြစ်ပါသည်။

ဒီဂျစ်တယ်ဗဟုသုတ တိုးပွားရေးအစီအစဉ် “Internet 1O1” ကို အူရီဒူးဆင်းကတ်ရှိသူတိုင်းတက်ရောက်နိုင်ပြီး သင်တန်းသို့ လူကိုယ်တိုင် မတက်ရောက်နိုင်သူများသည်လည်း အူရီဒူး ဝက်ဘ်ဆိုက်တွင် ဖော်ပြပါ ၄မိနစ်စာ အွန်လိုင်းဗီဒီယိုလင့် https://ooredoo.com.mm/portal/en/digitalliteracy မှတဆင့် လေ့လာနိုင်မည် ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ် က “Internet 1O1 အစီအစဉ် ရဲ့ ရည်ရွယ်ချက်ကတော့ ဒီဂျစ်တယ် ဗဟုသုတတွေကို လုံခြုံစိတ်ချရစွာနဲ့ လက်တွေ့အသုံးပြုနိုင်အောင် လမ်းညွှန်ပြသပေးရာကနေ နိုင်ငံတစ်ဝန်းမှာ ဒီဂျစ်တယ်ဆိုင်ရာ ဗဟုသုတတွေကို ပိုမိုသိရှိနားလည်စေပြီး ဒီဂျစ်တယ်အသိပညာ ကွာဟချက်တွေကိုလည်း လျော့ချပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ မိုဘိုင်းအင်တာနက်ရဲ့ အကျိုးကျေးဇူးတွေက ကျွန်တော်တို့ရဲ့ လူနေမှုဘဝ နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူ ပြုနေပါတယ်။ အူရီဒူးက အခုလို လူမှုအကျိုးပြု အစီအစဉ်တွေနဲ့အတူ မြန်မာနိုင်ငံသားတွေအတွက် ဒီဂျစ်တယ် လူနေမှုဘဝပြည့်စုံကြွယ်ဝစေဖို့အတွက် ဆက်လက်ပြီး ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။