[Zawgyi]

အူရီဒူးျမန္မာမွ အျမန္ႏႈန္းရမွတ္ ၂၈.၃၆ ကို Download အျမန္ႏႈန္း ၃ဝ.ဝဝ Mbps ႏွင့္ Upload အျမန္ႏႈန္း ၁၆.၆၂ Mbps တို႔ျဖင့္ ရရွိသည္။ ယခင္ကလည္း ၂၀၁၈ခုႏွစ္အတြက္ အျမန္ဆုံး မိုဘိုင္းကြန္ရက္အျဖစ္ သတ္မွတ္ျခင္းခံခဲ့ရဖူးသည္။

အူရီဒူးျမန္မာမွ ၂ဝ၁၉ ခုႏွစ္ ပထမသုံးလပတ္ႏွင့္ ဒုတိယသုံးလပတ္မ်ားအတြက္ ျမန္မာ့အျမန္ဆုံးမိုဘိုင္းကြန္ရက္အျဖစ္ ကြန္ရက္အျမန္ႏႈန္းတိုင္းတာစစ္ေဆးမႈတြင္ ကမာၻ႔ထိပ္တန္း အဖြဲ႕အစည္းျဖစ္သည့္ Ookla® ၏ ထပ္မံ အသိအမွတ္ျပဳျခင္းခံရေၾကာင္း ဂုဏ္ယူဝမ္းေျမာက္စြာ ေၾကညာလိုက္ပါသည္။ အူရီဒူးျမန္မာသည္ ၿပီးခဲ့သည့္ ၂ဝ၁၈ခုႏွစ္၏ ဒုတိယသုံးလပတ္ ႏွင့္ တတိယသုံးလပတ္ အတြက္ ျမန္မာ့အျမန္ဆုံးမိုဘိုင္းကြန္ရက္အျဖစ္ အသိအမွတ္ျပဳျခင္းခံခဲ့ရပါသည္။

အူရီဒူးသည္ အျမန္ႏႈန္းရမွတ္၂၈.၃၆ ကို download အတြက္ ပွ်မ္းမွ်အျမန္ႏႈန္း ၃ဝ.ဝဝ Mbps ႏွင့္ upload အတြက္ ၁၆.၆၂ Mbps တို႔ျဖင့္ ရရွိခဲ့ပါသည္။ Speedtest Intelligence® ေဒတာသည္ သုံးစြဲသူမ်ားကိုယ္တိုင္ ဝဘ္ဆိုဒ္ႏွင့္ မိုဘိုင္းပလက္ေဖာင္းမ်ားကိုသုံး၍ စမ္းသပ္သည့္ စမ္းသပ္ခ်က္ သန္းေပါင္းမ်ားစြာေပၚတြင္ အေျခခံထားပါသည္။ ျမန္မာႏိုင္ငံရွိ မိုဘိုင္းကြန္ရက္ေအာ္ပေရတာမ်ား အားလုံး၏ ကြန္ရက္အျမန္ႏႈန္းသည္ တစ္ႏိုင္ငံလုံးေနရာအႏွံ႔အျပား၌ ေဆာင္႐ြက္သည့္ စမ္းသပ္မႈပမာဏေျမာက္ျမားမွ ရရွိေသာ Speedtest Intelligence ေဒတာမွတ္တမ္းမ်ားေပၚတြင္ ရွိေနပါသည္။ “ကြၽန္ေတာ္တို႔အေနနဲ႔ Speedtest Intelligence ေဒတာမွတ္တမ္းအရ ျမန္မာ့အျမန္ဆုံး မိုဘိုင္းကြန္ရက္ဆုကို ေထာက္ခံေၾကာင္း အတည္ျပဳပါတယ္။” ဟု Ookla ၏ CEO ျဖစ္သူ Doug Suttles ကေျပာၾကားလိုက္သည္။

အူရီဒူးျမန္မာ၏ CEO ျဖစ္သူ Mr. Rajeev Sethi က “အူရီဒူးဟာ ျမန္မာ့အျမန္ဆုံး မိုဘိုင္းကြန္ရက္ျဖင့္ဝန္ေဆာင္မႈေပးေနေၾကာင္း အခ်ိန္နဲ႔အမွ် သတ္ေသျပႏိုင္မယ့္ ေအာင္ျမင္မႈ ေျမာက္ျမားစြာ ရွိေနပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ သုံးစြဲသူေတြအတြက္ ကြၽန္ေတာ္တို႔ရဲ႕ ကြန္ရက္အျမန္ႏႈန္းေတြနဲ႔အတူ အေကာင္းဆုံးေသာ ဒီဂ်စ္တယ္အေတြ႕အႀကဳံေတြကို ေပးအပ္သြားမွာျဖစ္ၿပီး သူတို႔ရဲ႕ ဒီဂ်စ္တယ္ဘဝေတြျပည့္စုံေကာင္းမြန္ေစဖို႔အတြက္ အၿမဲကူညီ ပံ့ပိုးေပးသြားမွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ဆန္းသစ္ေကာင္းမြန္တဲ့ ဒီဂ်စ္တယ္ထုတ္ကုန္နဲ႔ဝန္ေဆာင္မႈေတြကို အူရီဒူးရဲ႕အျမန္ဆုံးအင္တာနက္နဲ႔ အသုံးျပဳႏိုင္ဖို႔ မိတ္ဆက္ေပးသြားမွာပဲျဖစ္ပါတယ္။ အူရီဒူးျမန္မာဟာ ျမန္မာႏိုင္ငံက ထိပ္တန္းနည္းပညာလုပ္ငန္းေတြ ထဲကတစ္ခုျဖစ္တဲ့အေလွ်ာက္ ကြၽန္ေတာ္တို႔အေနနဲ႔ စဥ္ဆက္မျပတ္ ဆက္လက္ရင္းႏွီးျမႇဳပ္ႏွံသြားမွာ ျဖစ္ၿပီး ကြန္ရက္အဆင့္ျမႇင့္တင္ျခင္းေတြ ဆက္လက္ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။” ဟု ေျပာၾကားလိုက္သည္။

အူရီဒူးသည္ ျမန္မာႏိုင္ငံတြင္ 4Gကြန္ရက္ကို ၂ဝ၁၆ခုႏွစ္ေမလမွစတင္၍ ပထမဦးဆုံး တရားဝင္ စတင္ေပးအပ္ခဲ့ၿပီး လက္ရွိတြင္ ၿမိဳ႕နယ္ေပါင္း ၃ဝဝေက်ာ္ႏွင့္ လူဦးေရ ၃၂ သန္းနီးပါးအား 4G ကြန္ရက္ လႊမ္းၿခဳံထားၿပီျဖစ္ပါသည္။

[Unicode]

အူရီဒူးမြန်မာမှ Ookla® အသိအမှတ်ပြု အမြန်ဆုံးမိုဘိုင်းကွန်ရက်ဆုကို ထပ်မံရရှိ

အူရီဒူးမြန်မာမှ အမြန်နှုန်းရမှတ် ၂၈.၃၆ ကို Download အမြန်နှုန်း ၃ဝ.ဝဝ Mbps နှင့် Upload အမြန်နှုန်း ၁၆.၆၂ Mbps တို့ဖြင့် ရရှိသည်။ ယခင်ကလည်း ၂၀၁၈ခုနှစ်အတွက် အမြန်ဆုံး မိုဘိုင်းကွန်ရက်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရဖူးသည်။

အူရီဒူးမြန်မာမှ ၂ဝ၁၉ ခုနှစ် ပထမသုံးလပတ်နှင့် ဒုတိယသုံးလပတ်များအတွက် မြန်မာ့အမြန်ဆုံးမိုဘိုင်းကွန်ရက်အဖြစ် ကွန်ရက်အမြန်နှုန်းတိုင်းတာစစ်ဆေးမှုတွင် ကမ္ဘာ့ထိပ်တန်း အဖွဲ့အစည်းဖြစ်သည့် Ookla® ၏ ထပ်မံ အသိအမှတ်ပြုခြင်းခံရကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာလိုက်ပါသည်။ အူရီဒူးမြန်မာသည် ပြီးခဲ့သည့် ၂ဝ၁၈ခုနှစ်၏ ဒုတိယသုံးလပတ် နှင့် တတိယသုံးလပတ် အတွက် မြန်မာ့အမြန်ဆုံးမိုဘိုင်းကွန်ရက်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပါသည်။

အူရီဒူးသည် အမြန်နှုန်းရမှတ်၂၈.၃၆ ကို download အတွက် ပျှမ်းမျှအမြန်နှုန်း ၃ဝ.ဝဝ Mbps နှင့် upload အတွက် ၁၆.၆၂ Mbps တို့ဖြင့် ရရှိခဲ့ပါသည်။ Speedtest Intelligence® ဒေတာသည် သုံးစွဲသူများကိုယ်တိုင် ဝဘ်ဆိုဒ်နှင့် မိုဘိုင်းပလက်ဖောင်းများကိုသုံး၍ စမ်းသပ်သည့် စမ်းသပ်ချက် သန်းပေါင်းများစွာပေါ်တွင် အခြေခံထားပါသည်။ မြန်မာနိုင်ငံရှိ မိုဘိုင်းကွန်ရက်အော်ပရေတာများ အားလုံး၏ ကွန်ရက်အမြန်နှုန်းသည် တစ်နိုင်ငံလုံးနေရာအနှံ့အပြား၌ ဆောင်ရွက်သည့် စမ်းသပ်မှုပမာဏမြောက်မြားမှ ရရှိသော Speedtest Intelligence ဒေတာမှတ်တမ်းများပေါ်တွင် ရှိနေပါသည်။ “ကျွန်တော်တို့အနေနဲ့ Speedtest Intelligence ဒေတာမှတ်တမ်းအရ မြန်မာ့အမြန်ဆုံး မိုဘိုင်းကွန်ရက်ဆုကို ထောက်ခံကြောင်း အတည်ပြုပါတယ်။” ဟု Ookla ၏ CEO ဖြစ်သူ Doug Suttles ကပြောကြားလိုက်သည်။

အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Mr. Rajeev Sethi က “အူရီဒူးဟာ မြန်မာ့အမြန်ဆုံး မိုဘိုင်းကွန်ရက်ဖြင့်ဝန်ဆောင်မှုပေးနေကြောင်း အချိန်နဲ့အမျှ သတ်သေပြနိုင်မယ့် အောင်မြင်မှု မြောက်မြားစွာ ရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေအတွက် ကျွန်တော်တို့ရဲ့ ကွန်ရက်အမြန်နှုန်းတွေနဲ့အတူ အကောင်းဆုံးသော ဒီဂျစ်တယ်အတွေ့အကြုံတွေကို ပေးအပ်သွားမှာဖြစ်ပြီး သူတို့ရဲ့ ဒီဂျစ်တယ်ဘဝတွေပြည့်စုံကောင်းမွန်စေဖို့အတွက် အမြဲကူညီ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆန်းသစ်ကောင်းမွန်တဲ့ ဒီဂျစ်တယ်ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို အူရီဒူးရဲ့အမြန်ဆုံးအင်တာနက်နဲ့ အသုံးပြုနိုင်ဖို့ မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ အူရီဒူးမြန်မာဟာ မြန်မာနိုင်ငံက ထိပ်တန်းနည်းပညာလုပ်ငန်းတွေ ထဲကတစ်ခုဖြစ်တဲ့အလျှောက် ကျွန်တော်တို့အနေနဲ့ စဉ်ဆက်မပြတ် ဆက်လက်ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပြီး ကွန်ရက်အဆင့်မြှင့်တင်ခြင်းတွေ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု ပြောကြားလိုက်သည်။

အူရီဒူးသည် မြန်မာနိုင်ငံတွင် 4Gကွန်ရက်ကို ၂ဝ၁၆ခုနှစ်မေလမှစတင်၍ ပထမဦးဆုံး တရားဝင် စတင်ပေးအပ်ခဲ့ပြီး လက်ရှိတွင် မြို့နယ်ပေါင်း ၃ဝဝကျော်နှင့် လူဦးရေ ၃၂ သန်းနီးပါးအား 4G ကွန်ရက် လွှမ်းခြုံထားပြီဖြစ်ပါသည်။