[Zawgyi]

ooredoo Myanmar ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ခုႏွစ္ Q2-Q3 ( ဧၿပီလ ၁ရက္ေန႔မွ စက္တင္ဘာလ ၃၀ရက္ေန႔အထိ ) အတြက္ Speedtest က ေပးအပ္တဲ့ ျမန္မာႏိုင္ငံရဲ႕ အျမန္ဆုံး Mobile Network Speed ဆု ကို ရယူသိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ Speedtest ကို Ookla ကေန ဖန္တီးေရးဆြဲထားတာျဖစ္ၿပီး Android, iOS, macOS, Windows, Google Chrome နဲ႔ Apple TV စတဲ့ Platform ေတြကေန တဆင့္ မိမိရဲ႕ အင္တာနက္ျမန္ႏႈန္းကို တိုင္းတာစစ္ေဆးႏိုင္မွာ ျဖစ္ပါတယ္။

ooredoo Myanmar အေနနဲ႔ အခုလိုမ်ိဴး ျမန္မာႏိုင္ငံရဲ႕ အျမန္ဆုံး အင္တာနက္ျမန္ႏႈန္းဆုကို ရယူသိမ္းပိုက္ႏိုင္တာဟာ Speedtest က သတ္မွတ္ထားတဲ့ ျမန္ႏႈန္းရမွတ္ (Speed Score) 31.91 မွတ္အထိ ရရွိခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့အျပင္ ooredoo Myanmar ရဲ႕ Download Speed ဟာ ပ်မ္းမွ်အေနနဲ႔ 33.85 Mbps (Megabits per second) အထိရွိၿပီး Upload Speed က ပ်မ္းမွ်အေနနဲ႔ 17.89 Mbps အထိ ရွိေၾကာင္းကိုလည္း Speedtest က ေဖာ္ျပထားပါေသးတယ္။

Speedtest ရဲ႕ ႏႈိင္းယွဥ္ေဖာ္ျပခ်က္မ်ားအရ ျမန္မာႏိုင္ငံရွိ မိုဘိုင္းအင္တာနက္ျမန္ႏႈန္း အမွတ္ေပးဇယားမွာ MPT က ဒုတိယေနရာမွာ ျမန္ႏႈန္းရမွတ္ 22.23 မွတ္နဲ႔ရပ္တည္ေနၿပီး၊ တတိယနဲ႔ စတုတၳေနရာေတြမွာေတာ့ Telenor နဲ႔ Mytel တို႔က ျမန္ႏႈန္းရမွတ္ 20.37 , 16.30 ရမွတ္ေတြနဲ႔ အသီးသီး ရပ္တည္ေနၾကပါတယ္။ MPT အေနနဲ႔ ဒုတိယေနရာကို ေရာက္ရွိသြားတဲ့ အေၾကာင္းအရင္းကေတာ့ MPT ရဲ႕ ပ်မ္းမွ် Download Speed က 23.20 Mbps သာရွိၿပီး ပ်မ္းမွ် Upload Speed က 16.82 Mbps သာရွိတာေၾကာင့္ ျဖစ္ပါတယ္။ Telenor က ပ်မ္းမွ် Download Speed – 21.83 Mbps နဲ႔ Upload Speed – 13.87 Mbps ပိုင္ဆိုင္ထားၿပီး Mytel ကေတာ့ ပ်မ္းမွ် Download Speed – 17.51 Mbps နဲ႔ Upload Speed – 10.86 Mbps ပိုင္ဆိုင္ထားပါတယ္။

ေဖာ္ျပပါ ျမန္ႏႈန္းသတ္မွတ္ခ်က္ေတြဟာ Speedtest ဆီမွာ စမ္းသပ္ထားတဲ့ ျမန္မာႏိုင္ငံက မိုဘိုင္းအင္တာနက္ေတြရဲ႕ စမ္းသပ္မႈအႀကိမ္ေရ စုစုေပါင္း 225,570 အေပၚ အေျခခံၿပီး ပ်မ္းမွ်ရလဒ္အေနနဲ႔ ျပန္လည္ေဖာ္ျပထားတာ ျဖစ္ပါတယ္။ Ooredoo Myanamr မိုဘိုင္းအင္တာနက္နဲ႔ စမ္းသပ္ထားတဲ့ အႀကိမ္ေရကေတာ့ 50,779 ျဖစ္ၿပီး၊ အဆိုပါ စမ္းသပ္မႈေတြကေန တဆင့္ Ooredoo Myanmar ရဲ႕ အင္တာနက္ျမန္ႏႈန္းဟာ ျမန္မာႏိုင္ငံမွာ အျမန္ဆုံးျဖစ္ေၾကာင္းကို သိရွိလိုက္ရတာ ျဖစ္ပါတယ္။

[Unicode]

မြန်မာနိုင်ငံရှိ အမြန်ဆုံး မိုဘိုင်းအင်တာနက်ဆုကို Ooredoo ရရှိ

Ooredoo Myanmar ဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် Q2-Q3 ( ဧပြီလ ၁ရက်နေ့မှ စက်တင်ဘာလ ၃၀ရက်နေ့အထိ ) အတွက် Speedtest က ပေးအပ်တဲ့ မြန်မာနိုင်ငံရဲ့ အမြန်ဆုံး Mobile Network Speed ဆု ကို ရယူသိမ်းပိုက်နိုင်ခဲ့ပါတယ်။ Speedtest ကို Ookla ကနေ ဖန်တီးရေးဆွဲထားတာဖြစ်ပြီး Android, iOS, macOS, Windows, Google Chrome နဲ့ Apple TV စတဲ့ Platform တွေကနေ တဆင့် မိမိရဲ့ အင်တာနက်မြန်နှုန်းကို တိုင်းတာစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

Ooredoo Myanmar အနေနဲ့ အခုလိုမျိူး မြန်မာနိုင်ငံရဲ့ အမြန်ဆုံး အင်တာနက်မြန်နှုန်းဆုကို ရယူသိမ်းပိုက်နိုင်တာဟာ Speedtest က သတ်မှတ်ထားတဲ့ မြန်နှုန်းရမှတ် (Speed Score) 31.91 မှတ်အထိ ရရှိခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် Ooredoo Myanmar ရဲ့ Download Speed ဟာ ပျမ်းမျှအနေနဲ့ 33.85 Mbps (Megabits per second) အထိရှိပြီး Upload Speed က ပျမ်းမျှအနေနဲ့ 17.89 Mbps အထိ ရှိကြောင်းကိုလည်း Speedtest က ဖော်ပြထားပါသေးတယ်။

Speedtest ရဲ့ နှိုင်းယှဥ်ဖော်ပြချက်များအရ မြန်မာနိုင်ငံရှိ မိုဘိုင်းအင်တာနက်မြန်နှုန်း အမှတ်ပေးဇယားမှာ MPT က ဒုတိယနေရာမှာ မြန်နှုန်းရမှတ် 22.23 မှတ်နဲ့ရပ်တည်နေပြီး၊ တတိယနဲ့ စတုတ္ထနေရာတွေမှာတော့ Telenor နဲ့ Mytel တို့က မြန်နှုန်းရမှတ် 20.37 , 16.30 ရမှတ်တွေနဲ့ အသီးသီး ရပ်တည်နေကြပါတယ်။ MPT အနေနဲ့ ဒုတိယနေရာကို ရောက်ရှိသွားတဲ့ အကြောင်းအရင်းကတော့ MPT ရဲ့ ပျမ်းမျှ Download Speed က 23.20 Mbps သာရှိပြီး ပျမ်းမျှ Upload Speed က 16.82 Mbps သာရှိတာကြောင့် ဖြစ်ပါတယ်။ Telenor က ပျမ်းမျှ Download Speed – 21.83 Mbps နဲ့ Upload Speed – 13.87 Mbps ပိုင်ဆိုင်ထားပြီး Mytel ကတော့ ပျမ်းမျှ Download Speed – 17.51 Mbps နဲ့ Upload Speed – 10.86 Mbps ပိုင်ဆိုင်ထားပါတယ်။

ဖော်ပြပါ မြန်နှုန်းသတ်မှတ်ချက်တွေဟာ Speedtest ဆီမှာ စမ်းသပ်ထားတဲ့ မြန်မာနိုင်ငံက မိုဘိုင်းအင်တာနက်တွေရဲ့ စမ်းသပ်မှုအကြိမ်ရေ စုစုပေါင်း 225,570 အပေါ် အခြေခံပြီး ပျမ်းမျှရလဒ်အနေနဲ့ ပြန်လည်ဖော်ပြထားတာ ဖြစ်ပါတယ်။ Ooredoo Myanamr မိုဘိုင်းအင်တာနက်နဲ့ စမ်းသပ်ထားတဲ့ အကြိမ်ရေကတော့ 50,779 ဖြစ်ပြီး၊ အဆိုပါ စမ်းသပ်မှုတွေကနေ တဆင့် Ooredoo Myanmar ရဲ့ အင်တာနက်မြန်နှုန်းဟာ မြန်မာနိုင်ငံမှာ အမြန်ဆုံးဖြစ်ကြောင်းကို သိရှိလိုက်ရတာ ဖြစ်ပါတယ်။