[Zawgyi]

Tech Age အစီအစဥ္တြင္ ပညာသင္ၾကားခဲ့သူျဖစ္ၿပီး “စံ “ေမာ္ေတာ္ဆိုင္ကယ္ ေ႐ြ႕လ်ား စာၾကည့္တိုက္၏ တည္ေထာင္သူ မသဲႏုစံက ျမန္မာႏိုင္ငံတစ္ဝန္း စာၾကည့္တိုက္မ်ား၊ ပညာေရးဗဟုသုတမ်ားႏွင့္ အလွမ္းေဝးေနသည့္ ကေလးငယ္မ်ားအတြက္ ဗဟုသုတပညာရပ္မ်ားကို ျပန္လည္မွ်ေဝသြားမည္ဆိုသည့္ အိမ္မက္တစ္ခုရွိခဲ့ပါသည္။ ထို႔အတူ သူမတြင္ ေက်း႐ြာမ်ားရွိ ကေလးငယ္မ်ား၏ ဘဝမ်ား ပိုမိုအဆင့္ျမင့္ကာ တိုးတက္လာေစရန္အတြက္ သတင္းအခ်က္အလက္မ်ား၊ စာအုပ္စာေပမ်ား၊ သင္ေထာက္ကူပစၥည္းမ်ား ႏွင့္ ဒီဂ်စ္တယ္ပညာဆိုင္ရာကြၽမ္းက်င္မႈမ်ား ရရွိႏိုင္ရန္ ရည္႐ြယ္ခ်က္မ်ား ရွိခဲ့ပါသည္။ သူမသည္ ပိုမိုေကာင္းမြန္သည့္ လူမႈအသိုက္အဝန္းတစ္ခု ျဖစ္လာေစရန္ႏွင့္ ပညာရပ္ဆိုင္ရာ အေတြးအေခၚမ်ားပိုမိုက်ယ္ျပန႔္ ရင့္သန္လာေစရန္အတြက္ ပညာေရးသည္ ႀကီးမားသည့္ အခန္းက႑ ကေန ပါဝင္ေနေၾကာင္းကို အခိုင္အမာ ယုံၾကည္ထားသူလည္း ျဖစ္ပါသည္။

သူမသည္ အေတြးအေခၚဆိုင္ရာ ဒႆနိကေဗဒဘြဲ႕ကို ရရွိထားသူ ျဖစ္ပါသည္။ ထို႔အျပင္ နည္းပညာႏွင့္ ပတ္သက္လာလွ်င္ ေယာက်ၤားေလးမ်ားကို အားကိုးလိုသူ မဟုတ္ေသာေၾကာင့္ သူမ ကိုယ္တိုင္ နားလည္တတ္ကြၽမ္းေအာင္ သင္ယူထားသူလည္း ျဖစ္ပါသည္။ သူမသည္ ကိုယ့္အားကိုယ္ကိုးႏိုင္သည့္ အမ်ိဳးသမီးတစ္ဦးျဖစ္လိုၿပီး ကြၽမ္းက်င္မႈပညာရပ္မ်ားကို ကိုယ္တိုင္တတ္ေျမာက္လိုေသာေၾကာင့္ ၂၀၁၆ ခုႏွစ္တြင္ အမ်ိဳးသမီးငယ္ေလးမ်ားအား ဦးေဆာင္သူမ်ားျဖစ္လာေစရန္ ပံ့ပိုးကူညီေပးေနသည့္ Tech Age Girl အစီအစဥ္တြင္ တက္ေရာက္ကာ ပညာသင္ၾကားခဲ့ပါသည္။ ထို႔အျပင္ ယခုႏွစ္အတြင္း The Tech Age အစီအစဥ္ကို အဓိက ကူညီပံ့ပိုးေနသည့္ အူရီဒူးျမန္မာ ႏွင့္ ၎၏ မိတ္ဖက္အဖြဲ႕အစည္း ျဖစ္သည့္ Myanmar Book Aid and Preservation Foundation (MBAPF) တို႔သည္ မသဲႏုစံ၏ အိမ္မက္မ်ားကို ယုံၾကည္မႈရွိရွိျဖင့္ အေကာင္အထည္ေဖာ္ႏိုင္ေစရန္ ပံ့ပိုးအားေပးမႈမ်ားကို ေဆာင္႐ြက္ေပးခဲ့ပါသည္။

ယခုႏွစ္ ဧၿပီလတြင္ “မိနစ္မ်ားမ်ားေျပာေလ အူရီဒူးကမ်ားမ်ားလႉေပးေလ” ဆိုသည့္ လူမႈအက်ိဳးျပဳအစီအစဥ္ ေအာင္ျမင္ျခင္း အထိမ္းအမွတ္အျဖစ္ အူရီဒူးျမန္မာသည္ ၎၏ ပညာေရး ႏွင့္ အမ်ိဳးသမီးမ်ား၏ အခန္းက႑ကို ဆက္လက္ျမႇင့္တင္သြားမည္ဆိုသည့္ ရည္႐ြယ္ခ်က္ထားရွိသည္ႏွင့္အညီ မသဲႏုစံ၏ ရည္မွန္းခ်က္မ်ားကို ပံ့ပိုးေပးႏိုင္ရန္ ေအာ္တိုဆိုင္ကယ္တစ္စီးကို လႉဒါန္းပံ့ပိုးေပးခဲ့ပါသည္။ အဆိုပါ လႉဒါန္းမႈေၾကာင့္ သူမသည္ ေ႐ြ႕လ်ားစာၾကည့္တိုက္ကို လုံၿခဳံစိတ္ခ်ရစြာ သြားလာ စီစဥ္ႏိုင္ၿပီး စာအုပ္မ်ားကို ပိုမို သယ္ေဆာင္ႏိုင္ကာ စာသင္ေက်ာင္းမ်ားစြာသို႔ ပိုမိုသြားေရာက္ၿပီး ဗဟုသုတမ်ား ေဝမွ်ႏိုင္ၿပီ ျဖစ္ပါသည္။

ယခုအခါတြင္ မသဲႏုစံ သည္ မႏၲေလးၿမိဳ႕ပတ္ဝန္းက်င္အတြင္း တစ္ပတ္လွ်င္သုံးရက္ခန႔္ “စံ” ေမာ္တာဆိုင္ကယ္ေ႐ြ႕လ်ားစာၾကည့္တိုက္ျဖင့္ လွည့္လည္ေမာင္းႏွင္ကာ ဗဟုသုတမ်ား မွ်ေဝလ်က္ရွိ ပါသည္။ သူမ သြားေရာက္လ်က္ရွိသည့္ စာသင္ေက်ာင္းမ်ားမွာ ေဖာင္ေတာ္ဦးဘုန္းေတာ္ႀကီး သင္ပညာေရးေက်ာင္း၊ ေ႐ႊကိႏၷရီ ဘုန္းေတာ္ႀကီးေက်ာင္း၊ ေဇယ်ဝတီနန္းေက်ာင္း၊ ေဇယ်ာသီရိ မိဘမဲ့ ႏွင့္ သီလရွင္ေက်ာင္း တို႔အျပင္ အာကာမင္း အခမဲ့စာသင္ဝိုင္း စသည္တို႔ ျဖစ္ပါသည္။ Tech Age Girl အစီအစဥ္ ႏွင့္ အူရီဒူးျမန္မာ တို႔၏ ပညာရပ္ဆိုင္ရာ ပံ့ပိုးေတြေၾကာင့္ သူမသည္ ကြန္ပ်ဴတာ ႏွင့္ ဒီဂ်စ္တယ္ဆိုင္ရာ နည္းပညာ ဗဟုသုတမ်ားကို ကေလးငယ္ ၆,၅၀၀ ေက်ာ္တို႔အတြက္ ေဝမွ်ေပးႏိုင္ၿပီ ျဖစ္ၿပီး ကေလးငယ္ ၁၁,၀၀၀ ေက်ာ္တို႔၏ စာေပဖတ္ရႈေလ့လာမႈမ်ားကို ပိုမို အေထာက္အကူျပဳ အားျဖည့္ေပးႏိုင္ၿပီ ျဖစ္ပါသည္။

မသဲႏုစံ သည္ လူမႈဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပညာေရး၊ ဗဟုသုတ ႏွင့္ ဒီဂ်စ္တယ္ဆိုင္ရာ ကြၽမ္းက်င္မႈ ပညာရပ္မ်ားကို ေငြေၾကးခ်ိဳ႕တဲ့ႏြမ္းပါးလွသည့္ လူမႈအသိုက္အဝန္းတို႔အတြက္ မွ်ေဝေပးျခင္း ကတဆင့္ ကူညီပံ့ပိုးေပးႏိုင္ရန္ အထူးအေလးေပး ေဆာင္႐ြက္လ်က္ရွိပါသည္။ လူမႈအသိုက္အဝန္းမ်ားဆီသို႔ အေရာက္သြားကာ ေထာင္ေပါင္းမ်ားစြာေသာ ကေလးငယ္မ်ား ၏ ပညာသင္ၾကားမႈ၊ စာဖတ္ရႈေလ့လာမႈႏွင့္ နည္းပညာအသုံးျပဳမႈမ်ား တိုးတက္လာေစရန္ ထိထိေရာက္ေရာက္ အားျဖည့္ကူညီေပးေနသည့္ လူငယ္တစ္ဦးျဖစ္သူ မသဲႏုစံ ၏ ႀကိဳးစားအားထုတ္မႈမွာ အင္မတန္စိတ္အားတက္ဖြယ္ ေကာင္းလွပါသည္။ အခုလို အမ်ိဳးသမီးတစ္ဦး၏ ဦးေဆာင္မႈ၊ ခိုင္မာသည့္ယုံၾကည္မႈမ်ားႏွင့္အတူ သူမ ေလ့လာသင္ယူထားသည့္ ဗဟုသုတပညာရပ္မ်ားျဖင့္ အမ်ားျပည္သူ အက်ိဳးရွိေစဖို႔ ေဆာင္႐ြက္ေနသည္မွာ အထူးပင္ ဂုဏ္ယူဖြယ္ရာ ေကာင္းလွပါသည္။

[Unicode]

အူရီဒူးမြန်မာ၏ ပံ့ပိုးကူညီမှုဖြင့် Tech Age အမျိုးသမီးလေးက သူမ၏ ရွေ့လျားစာကြည့်တိုက်နှင့့်အတူ ဗဟုသုတပညာရပ်များကို ဝေမျှလျက်ရှိ

Tech Age အစီအစဉ်တွင် ပညာသင်ကြားခဲ့သူဖြစ်ပြီး “စံ “မော်တော်ဆိုင်ကယ် ရွေ့လျား စာကြည့်တိုက်၏ တည်ထောင်သူ မသဲနုစံက မြန်မာနိုင်ငံတစ်ဝန်း စာကြည့်တိုက်များ၊ ပညာရေးဗဟုသုတများနှင့် အလှမ်းဝေးနေသည့် ကလေးငယ်များအတွက် ဗဟုသုတပညာရပ်များကို ပြန်လည်မျှဝေသွားမည်ဆိုသည့် အိမ်မက်တစ်ခုရှိခဲ့ပါသည်။ ထို့အတူ သူမတွင် ကျေးရွာများရှိ ကလေးငယ်များ၏ ဘဝများ ပိုမိုအဆင့်မြင့်ကာ တိုးတက်လာစေရန်အတွက် သတင်းအချက်အလက်များ၊ စာအုပ်စာပေများ၊ သင်ထောက်ကူပစ္စည်းများ နှင့် ဒီဂျစ်တယ်ပညာဆိုင်ရာကျွမ်းကျင်မှုများ ရရှိနိုင်ရန် ရည်ရွယ်ချက်များ ရှိခဲ့ပါသည်။ သူမသည် ပိုမိုကောင်းမွန်သည့် လူမှုအသိုက်အဝန်းတစ်ခု ဖြစ်လာစေရန်နှင့် ပညာရပ်ဆိုင်ရာ အတွေးအခေါ်များပိုမိုကျယ်ပြန့် ရင့်သန်လာစေရန်အတွက် ပညာရေးသည် ကြီးမားသည့် အခန်းကဏ္ဍ ကနေ ပါဝင်နေကြောင်းကို အခိုင်အမာ ယုံကြည်ထားသူလည်း ဖြစ်ပါသည်။

သူမသည် အတွေးအခေါ်ဆိုင်ရာ ဒဿနိကဗေဒဘွဲ့ကို ရရှိထားသူ ဖြစ်ပါသည်။ ထို့အပြင် နည်းပညာနှင့် ပတ်သက်လာလျှင် ယောင်္ကျားလေးများကို အားကိုးလိုသူ မဟုတ်သောကြောင့် သူမ ကိုယ်တိုင် နားလည်တတ်ကျွမ်းအောင် သင်ယူထားသူလည်း ဖြစ်ပါသည်။ သူမသည် ကိုယ့်အားကိုယ်ကိုးနိုင်သည့် အမျိုးသမီးတစ်ဦးဖြစ်လိုပြီး ကျွမ်းကျင်မှုပညာရပ်များကို ကိုယ်တိုင်တတ်မြောက်လိုသောကြောင့် ၂၀၁၆ ခုနှစ်တွင် အမျိုးသမီးငယ်လေးများအား ဦးဆောင်သူများဖြစ်လာစေရန် ပံ့ပိုးကူညီပေးနေသည့် Tech Age Girl အစီအစဉ်တွင် တက်ရောက်ကာ ပညာသင်ကြားခဲ့ပါသည်။ ထို့အပြင် ယခုနှစ်အတွင်း The Tech Age အစီအစဉ်ကို အဓိက ကူညီပံ့ပိုးနေသည့် အူရီဒူးမြန်မာ နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည့် Myanmar Book Aid and Preservation Foundation (MBAPF) တို့သည် မသဲနုစံ၏ အိမ်မက်များကို ယုံကြည်မှုရှိရှိဖြင့် အကောင်အထည်ဖော်နိုင်စေရန် ပံ့ပိုးအားပေးမှုများကို ဆောင်ရွက်ပေးခဲ့ပါသည်။

ယခုနှစ် ဧပြီလတွင် “မိနစ်များများပြောလေ အူရီဒူးကများများလှူပေးလေ” ဆိုသည့် လူမှုအကျိုးပြုအစီအစဉ် အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် အူရီဒူးမြန်မာသည် ၎င်း၏ ပညာရေး နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ဆက်လက်မြှင့်တင်သွားမည်ဆိုသည့် ရည်ရွယ်ချက်ထားရှိသည်နှင့်အညီ မသဲနုစံ၏ ရည်မှန်းချက်များကို ပံ့ပိုးပေးနိုင်ရန် အော်တိုဆိုင်ကယ်တစ်စီးကို လှူဒါန်းပံ့ပိုးပေးခဲ့ပါသည်။ အဆိုပါ လှူဒါန်းမှုကြောင့် သူမသည် ရွေ့လျားစာကြည့်တိုက်ကို လုံခြုံစိတ်ချရစွာ သွားလာ စီစဉ်နိုင်ပြီး စာအုပ်များကို ပိုမို သယ်ဆောင်နိုင်ကာ စာသင်ကျောင်းများစွာသို့ ပိုမိုသွားရောက်ပြီး ဗဟုသုတများ ဝေမျှနိုင်ပြီ ဖြစ်ပါသည်။

ယခုအခါတွင် မသဲနုစံ သည် မန္တလေးမြို့ပတ်ဝန်းကျင်အတွင်း တစ်ပတ်လျှင်သုံးရက်ခန့် “စံ” မော်တာဆိုင်ကယ်ရွေ့လျားစာကြည့်တိုက်ဖြင့် လှည့်လည်မောင်းနှင်ကာ ဗဟုသုတများ မျှဝေလျက်ရှိ ပါသည်။ သူမ သွားရောက်လျက်ရှိသည့် စာသင်ကျောင်းများမှာ ဖောင်တော်ဦးဘုန်းတော်ကြီး သင်ပညာရေးကျောင်း၊ ရွှေကိန္နရီ ဘုန်းတော်ကြီးကျောင်း၊ ဇေယျဝတီနန်းကျောင်း၊ ဇေယျာသီရိ မိဘမဲ့ နှင့် သီလရှင်ကျောင်း တို့အပြင် အာကာမင်း အခမဲ့စာသင်ဝိုင်း စသည်တို့ ဖြစ်ပါသည်။ Tech Age Girl အစီအစဉ် နှင့် အူရီဒူးမြန်မာ တို့၏ ပညာရပ်ဆိုင်ရာ ပံ့ပိုးတွေကြောင့် သူမသည် ကွန်ပျူတာ နှင့် ဒီဂျစ်တယ်ဆိုင်ရာ နည်းပညာ ဗဟုသုတများကို ကလေးငယ် ၆,၅၀၀ ကျော်တို့အတွက် ဝေမျှပေးနိုင်ပြီ ဖြစ်ပြီး ကလေးငယ် ၁၁,၀၀၀ ကျော်တို့၏ စာပေဖတ်ရှုလေ့လာမှုများကို ပိုမို အထောက်အကူပြု အားဖြည့်ပေးနိုင်ပြီ ဖြစ်ပါသည်။

မသဲနုစံ သည် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ဗဟုသုတ နှင့် ဒီဂျစ်တယ်ဆိုင်ရာ ကျွမ်းကျင်မှု ပညာရပ်များကို ငွေကြေးချို့တဲ့နွမ်းပါးလှသည့် လူမှုအသိုက်အဝန်းတို့အတွက် မျှဝေပေးခြင်း ကတဆင့် ကူညီပံ့ပိုးပေးနိုင်ရန် အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါသည်။ လူမှုအသိုက်အဝန်းများဆီသို့ အရောက်သွားကာ ထောင်ပေါင်းများစွာသော ကလေးငယ်များ ၏ ပညာသင်ကြားမှု၊ စာဖတ်ရှုလေ့လာမှုနှင့် နည်းပညာအသုံးပြုမှုများ တိုးတက်လာစေရန် ထိထိရောက်ရောက် အားဖြည့်ကူညီပေးနေသည့် လူငယ်တစ်ဦးဖြစ်သူ မသဲနုစံ ၏ ကြိုးစားအားထုတ်မှုမှာ အင်မတန်စိတ်အားတက်ဖွယ် ကောင်းလှပါသည်။ အခုလို အမျိုးသမီးတစ်ဦး၏ ဦးဆောင်မှု၊ ခိုင်မာသည့်ယုံကြည်မှုများနှင့်အတူ သူမ လေ့လာသင်ယူထားသည့် ဗဟုသုတပညာရပ်များဖြင့် အများပြည်သူ အကျိုးရှိစေဖို့ ဆောင်ရွက်နေသည်မှာ အထူးပင် ဂုဏ်ယူဖွယ်ရာ ကောင်းလှပါသည်။