ChatGPT ပေါ်လာတဲ့အတွက် Google ဟာ အလားတူ Large Language Model ကို ဖန်တီးဖို့လိုနေပြီဆိုတာ သိလာခဲ့ပါတယ်။ အဲဒီအတွက် Gemini ကို ဖန်တီးခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် OpenAI ကလည်း Google ရဲ့ ထုတ်ကုန် ၁ ခုကို ဖန်တီးချင်ခဲ့ပါတယ်။ အဲဒါကတော့ Google Search ပါ။ အခုထွက်လာတဲ့သတင်းအရ ChatGPT ကို ဖန်တီးထားတဲ့ OpenAI ဟာ ChatGPT အတွက် Search Feature ကို ဖန်တီးဖို့ Google အင်ဂျင်နီယာတွေကို ငှားရမ်းနေပြီး Google Search ကို ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

OpenAI ဟာ ၁ နှစ်အကြာလောက်က ChatGPT ကို ဖြန့်ချိခဲ့ပါတယ်။ ဒါပေမယ့် အခပေးထားသူများကပဲ Chatbot ကနေတစ်ဆင့် အချိန်နဲ့ တစ်ပြေးညီ သတင်းအချက်အလက်တွေကို ရရှိနိုင်တာ ဖြစ်ပါတယ်။

OpenAI's New Product to Challenge Google's Search Dominance

Bloomberg က OpenAI ဟာ အခုတော့ ChatGPT အတွက် Search Feature ကို ဖန်တီးနေပြီး အင်တာနက်မှာ ရှာဖွေမှု ပြုလုပ်ကာ နောက်ဆုံး သတင်းအချက်အလက်တွေကို ပံ့ပိုးပေးဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ OpenAI ဟာ Google Search ဌာနမှ အင်ဂျင်နီယာတွေကို အသည်းအသန်ငှားရမ်းနေပါတယ်။ ဒါပေမယ့် အင်ဂျင်နီယာ ဘယ်နှစ်ယောက်ကို ငှားထားပြီးပြီလဲဆိုတာ မသိရသေးပါဘူး။

Google Search ကို ယှဉ်ပြိုင်မယ့် Search Engine ၁ ခု ဖန်တီးဖို့ဆိုတာ မလွယ်ကူပါဘူး။ OpenAI ဟာ Google Search ကို တကယ် ယှဉ်ပြိုင်နိုင်မလားဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : gizmochina