OpenAI ဟာ AI လူတူစက်ရုပ်တွေ ထုတ်လုပ်တဲ့ နယ်ပယ်ထဲကို ဝင်ရောက်လာနိုင်ပါတယ်။ The Information ရဲ့ သတင်းအရ OpenAI ဟာ လူတူစက်ရုပ်တွေ တီထွင်ထုတ်လုပ်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

OpenAI Set To Surprise Everyone By Launching Thier Own Humanoid Robots

ထုတ်လုပ်ရောင်းချမယ့် အချိန် အပါအဝင် ကုမ္ပဏီရဲ့ လူတူစက်ရုပ် စီမံကိန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အသေးစိတ်ကို မသိရသေးပါဘူး။ လူတူစက်ရုပ်တွေကို စက်ရုံ အလုပ်ရုံတွေကနေ နေအိမ်တွေမှာ အသုံးပြုဖို့ ရည်မှန်းထားပါတယ်။

၂၀၂၁ ခုနှစ်မှာ စက်ရုပ် ဌာနကို ပိတ်သိမ်းပြီးနောက်မှာ OpenAI ဟာ စက်ရုပ် သုတေသန ဌာနကို တည်ထောင်ခဲ့ပြီး Nvidia နဲ့ Tesla တို့လို ကုမ္ပဏီတွေကို ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

OpenAI may re-enter robotics to potentially compete with Tesla's Optimus |  Cryptopolitan

Nvidia ဟာ အဆင့်မြင့် GPU နဲ့ AI နည်းပညာကို အသုံးပြုနေတဲ့ Figure AI မှာ များစွာ ငွေကြေး ရင်းနှီးမြှပ်နှံထားပါတယ်။ လူတူစက်ရုပ် ဈေးကွက်ဟာ ၂၀၃၂ ခုနှစ် အရောက်မှာ ဒေါ်လာ ၆၆ ဘီလီယမ်အထိ ရှိလာမယ်လို့ တွက်ချက်ထားကြပါတယ်။ OpenAI ဟာလည်း Figure AI နဲ့ 1X မှာ ရင်းနှီးမြှပ်နှံထားပါတယ်။

Figure AI ရဲ့ နောက်ဆုံးထုတ် စက်ရုပ်မှာ OpenAI ဖန်တီးထားတဲ့ AI Models တွေကို အသုံးပြုထားပါတယ်။ အဲဒီသတင်းအချက်အလက်တွေကြောင့် OpenAI ဟာ လူတူစက်ရုပ်တွေကို တီထွင်ဖန်တီးဖို့ စိတ်ဝင်စားနေတာကို ပြသနေပါတယ်။

Ref : Tech Explorers