ဉာဏ်ရည်တု နည်းပညာ (AI) ဟာ တိုးတက်လာပြီး ကဏ္ဍပေါင်းစုံမှာ တွေ့လာရပါတယ်။ လူတော်တော်များများက AI ဟာ လူသားတွေအတွက် အကျိုးရှိစေတယ်လို့ ယူဆထားကြပြီး တချို့ကတော့ လူသားတွေအတွက် အန္တရာယ်ရှိတယ်လို့ ထင်နေကြပါတယ်။

မကြာခင်က အလုပ်ထွက်သွားတဲ့ OpenAI ဝန်ထမ်းတွေက လူသားတွေကို အန္တရာယ် ပြုနိုင်တဲ့ စွမ်းရည်မြင့် AI ကို ကုမ္ပဏီက ဖန်တီးထားတယ်ဆိုတဲ့ သတိပေးချက် ထွက်လာခဲ့ပြီး စိုးရိမ်ပူပန်စရာ၊ ဝေဖန်ငြင်းခုန်စရာတွေ ဖြစ်လာပါတယ်။

OpenAI AI

ChatGPT ကို ဖန်တီးထားတဲ့ OpenAI အတွက် ဒီတစ်ပတ်ဟာ ဂယက်ထစရာများစွာ ရှိခဲ့ပါတယ်။ အစောပိုင်းမှာ ကုမ္ပဏီရဲ့ CEO ကို ဘုတ် ဒါရိုက်တာတွေက ရာထူးကနေ အနားပေးခဲ့ပေမယ့် ဖိအားတွေကြောင့် ပြန်လည် ခန့်အပ်ခဲ့ရပါတယ်။ အဲဒီနောက်မှာ CEO Sam Altman က ဘုတ်အဖွဲ့ကို အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။

လူတော်တော်များများက ဒါဟာ ပါဝါချင်း အားပြိုင်နေတာလို့ ထင်ခဲ့ကြပါတယ်။ အခုတော့ အကြောင်းအရင်း တစ်ခုက OpenAI ဟာ လူသားမျိုးနွယ်ကို မျိုးတုံးပျောက်ကွယ်သွားလောင်အောင် ဉာဏ်ရည်မြင့်တဲ့ AI ကို ဖန်တီးထားတာနဲ့ ပတ်သက်နေတာကို သိလာရပါတယ်။

Looking Back… 'Terminator 3: Rise Of The Machines' – Action A Go Go, LLC

OpenAI ဟာ AI မော်ဒယ်များစွာကို ဖန်တီးနေပါတယ်။ အဲဒီအထဲက ၂ ခုက GPT-3.5 နဲ့ GPT-4 တို့ ဖြစ်ကြပါတယ်။ ဒါပေမယ့် Q လို့ အမည်ပေးထားတဲ့ နောက်ထပ် AI မော်ဒယ် ၁ ခု ရှိပါတယ်။ Q ဟာ ChatGPT ထက်စွမ်းရည်မြင့်မားပြီး အလွန်ရှုပ်ထွေးတဲ့ အလုပ်တွေကို လုပ်နိုင်ပါတယ်။

OpenAI ဝန်ထမ်း တချို့က Q ဟာ လူသားတွေကို အန္တရာယ်ပေးနိုင်လောက်အောင် ဉာဏ်ရည်မြင့်တဲ့ အဆင့်မြင့် နည်းပညာလို့ ယုံကြည်ထားပါတယ်။ ဝန်ထမ်းတချို့ဟာ အဲဒီ AI အကြောင်း သိသွားခဲ့ကြပြီး ဘုတ် ဒါရိုက်တာတွေကို တိုင်ကြားခဲ့ပါတယ်။

CEO Sam Altman နဲ့ ဘုတ် အဖွဲ့ ဆွေးနွေးပြီးနောက်မှာ ဒီလို အန္တရာယ်ရှိတဲ့ AI ကို ဖန်တီးတဲ့အတွက် CEO ကို ရာထူးကနေ အနားပေးခဲ့တာပါ။

OpenAI ရဲ့ ဇာတ်လမ်းဟာ တစ်စထက်တစ်စ စိတ်ဝင်စားစရာကောင်းလာနေပြီး ဆက်လက် စောင့်ကြည့်ရမှာပါ။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက Sam ဟာ သူ့ရာထူးကို ပြန်ယူနိုင်ခဲ့သလို၊ အဲဒီအစား ဘုတ်အဖွဲ့ကပဲ အပြောင်းအလဲ ဖြစ်သွားခဲ့တာပါ။

Ref : gizmochina