OpenAI ဟာ AI နည်းပညာ အသစ်တွေကို တစ်ခုပြီး တစ်ခု ချပြနေပါတယ်။ အခုလည်း Voice Engine လို့ အမည်ပေးထားတဲ့ Tool အသစ် တစ်ခုကို ပြသလိုက်ပြီး ၁၅ စက္ကန့်အတွင်း သင့် အသံ အတုကို ပြုလုပ်နိုင်ပါတယ်။ ဒီ နည်းပညာဟာ လူသားတွေကို အများကြီး အကျိုးပြုလာနိုင်ပါတယ်။

OpenAI

စာသားတွေကို လူ့ သဘာဝ အသံနဲ့ ဖတ်ပြနိုင်တဲ့ Tool တစ်ခုဟာ အလွန် အသုံးဝင်မှာပါ။ Voice Engine ဟာ အဲဒီလိုမျိုး လုပ်ဆောင်ပေးနိုင်ပြီး ChatGPT App ရဲ့ စာဖတ်ပြတဲ့ ဖန်ရှင်မှာ အကန့်အသတ်နဲ့ ထည့်သွင်းပေးထားပါတယ်။ Voice Engine ဟာ ပညာရေးကို တော်လှန်ဆန်းသစ်စေမှာ ဖြစ်ပြီး Podcast တွေကို ဘာသာစကား အသစ်တွေအဖြစ် ဘာသာပြန်ပေးနိုင်ပါတယ်။ စကားမပြောနိုင်တဲ့ လူတွေအတွက် တခြားလူတွေနဲ့ ဆက်သွယ်လို့ရအောင် ကူညီပေးနိုင်ပါတယ်။

OpenAI's New Voice Engine can Clone Your Voice in Merely 15 Seconds - Gizmochina

ဒါပေမယ့် အဲဒီနည်းပညာဟာ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ လူတွေရဲ့ အသံကို အတု ပြုလုပ်ပြီး သတင်းအမှားတွေ ဖြန့်ချိတာလို တလွဲ အသုံးပြုမှုတွေ ရှိလာနိုင်ပါတယ်။ အဲဒီအတွက် Voice Engine ကို အသုံးပြုခွင့် မပေးသေးပါဘူး။ OpenAI ဟာ သုတေသနနဲ့ ဆွေးနွေးပွဲတွေပြုလုပ်ပြီး ဒီပြဿနာကို ဖြေရှင်းဖို့ ရည်ရွယ်ထားပါတယ်။

Deepfakes နဲ့ တခြား AI ဖန်တီးတဲ့ Content တွေဟာ တကယ့်ကို ယုံကြည်စရာ ကောင်းနေတဲ့အတွက် ဒီပြဿနာကို ထိန်းချုပ်ဖို့ အလွန်ခက်ခဲမှာ ဖြစ်ပါတယ်။

Ref : gizmochina