OpenSea ဟာ Non-fungible Token (NFT) ဈေးကွက် စုဆောင်းသူ Gem ကို ဝယ်ယူလိုက်တယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က တွစ်တာမှာ ကြေညာလိုက်ပြီး ဝယ်ယူတဲ့ ငွေကြေး ပမာဏကို မဖော်ပြထားပါဘူး။ OpenSea ရဲ့ ဘလော့ ဆောင်းပါး ၁ ခုမှာ Chief Executive Officer Devin Finzer က ကုမ္ပဏီဟာ Pro User တွေအတွက် ပိုမို ကောင်းမွန်တဲ့ အတွေ့အကြုံကို ဖန်တီးပေးချင်လို့ အခုလို ဝယ်ယူလိုက်တာလို့ ရေးသားထားပါတယ်။

Gem ဟာ ကုန်သည်တွေကို အမျိုးမျိုးသော Collection တွေနဲ့ များစွာသော ဈေးကွက်တွေကနေ NFT တွေ ဝယ်ယူနိုင်အောင် ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ OpenSea ဟာ ရှားပါးမှုကို အခြေခံကာ အဆင့်သတ်မှတ်ချက်ပေးတာလို Gem ရဲ့ နာမည်ကြီး လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးနေပါတယ်။

OpenSea Minting Update: Rough Waters for NFT Creators - Blockzeit

Gem ဟာ OpenSea ကို မမှီခိုဘဲ သီးခြား လည်ပတ်နေမှာ ဖြစ်ပေမယ့် OpenSea ဟာ အနာဂတ်မှာ သူ့ရဲ့ NFT ဈေးကွက်အတွင်း Gem ရဲ့ လုပ်ဆောင်ချက်တွေကို စဉ်ဆက်မပြတ် ထည့်သွင်းမှာ ဖြစ်ပါတယ်။

တွစ်တာမှာတော့ User များစွာက OpenSea ရဲ့ Gem ကို ဝယ်ယူမှု အပေါ်မှာ ဝေဖန်နေကြပါတယ်။ Hack ခံရမှုများစွာနဲ့ Phishing တိုက်ခိုက်မှုများစွာ ရှိနေပေမယ့် @BandoNFT လို Collector တွေဟာ ဆက်သွယ်ရေးနဲ့ Customer Service ပိုကောင်းစေဖို့ OpenSea မှာ ရင်းနှီးမြှပ်နှံမယ်လို့ ပြောကြပါတယ်။

Ref : cointelegraph