Opera Browser ကိုအရင်က သုံးဖူးမှာပါ။ သုံးရတာပေါ့ပေါ့ပါးပါးရှိတဲ့အပြင် UI လေးကလည်း ရိုးရိုးရှင်းရှင်းလေး ဖြစ်နေတာကြောင့် သုံးတဲ့သူတွေများခဲ့ပါတယ်။ Firefox, Chrome တိုနဲ့အပြိုင် Broser တစ်ခုလည်းဖြစ်ခဲ့ပါတယ်။

အခုတော့ Opera က Android ဖုန်းတွေအတွက် Browser အသစ်တစ်ခုကို ထပ်ထုတ်ပေးလိုက်ပါပြီ။ Opaera Touch လို့နာမည်ပေးထားတဲ့ Brower လေးကတော့ ဖုန်းပေါ်မှာ မြန်မြန်ဆန်ဆန်အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး ဖန်တီးပေးထားတာပဲဖြစ်ပါတယ်။ Browser အသစ်ရဲ့ ထူးခြားချက်အနေနဲ့ကတော့ လက်တစ်ဖက်တည်းနဲ့အသုံးပြုနိုင်ဖို့ကို ဦးစားပေး Design ဆွဲထားတာပဲဖြစ်ပါတယ်။

အလယ်မှာ ခလုတ်တစ်ခုကိုထည့်ပေးထားပြီးတော့ Tabs, Back, Refresh စတာတွေကို လက်တစ်ဖက်တည်းနဲ့ လွယ်လွယ်ကူကူသုံးလို့ရအောင် လုပ်ပေးထားတာကို တွေ့ရပါတယ်။ Browser ရဲ့ အပေါ်ဖက်ခြမ်းမှာတော့ ဘာမှသိပ်မပါတာတွေ့ရပါတယ်။ လက်မနဲ့ လှမ်းနှိပ်လို့ရမယ့်အကွာအဝေးမှာပဲ ခလုတ်တွေအားလုံးနီးပါးကို ရွေ့ထားပေးလိုက်တာကြောင့် သုံးရတာတော်တော်လေး အဆင်ပြေပါတယ်။

Screen ကြီးတဲ့ဖုန်းတွေမှာဆိုရင် Opera Touch ကိုသုံးရတာ Chrome တို့ Firefox တို့ကိုသုံးရတာထက် ပိုအဆင်ပြေပါလိမ့်မယ်။ Opera Touch ကိုဖန်တီးထားတဲ့ Developer တွေကလည်း အသုံးပြုရတာပိုလွယ်စေဖို့နဲ့ မြန်မြန်ဆန်ဆန်သုံးနိုင်ဖို့ကိုပဲ အဓိကထားတာပါ။ ဒီ Opera Browser အသစ်ကို အချိန်တော်တော်လေးယူပြီးဖန်တီးပေးထားတာဖြစ်လို့ သေခြာလုပ်ထားတယ်ဆိုတာသိသာပါတယ်။ စမ်းသပ်သုံးစွဲက်ြည့်သင့်ပါတယ်