Opera ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက သီးသန့် Crypto Browser ကို Beta အနေနဲ့ စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Crypto Browser ဟာ Web3 ကို အသုံးပြုထားတဲ့ Website တွေကို ပုံမှန် Web2 Website တွေအတိုင်း အလွယ်တကူအသုံးပြုနိုင်အောင် ရည်ရွယ်ထားတာဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ Opera ကနေ Windows ၊ Mac နဲ့ Android အသုံးပြုသူတွေအတွက် Download ပြုလုပ်နိုင်အောင် ထုတ်ပေးခဲ့ပေမယ့် iOS နဲ့ iPad User တွေအတွက်ကိုတော့ အဆင်သင့်မဖြစ်သေးတာကြောင့် မထုတ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Opera ကနေ iOS နဲ့ iPadOS အတွက် Crypto Browser ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပြီး Opera Website ကနေ Download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Opera Crypto Browser မှာဆိုရင် Ethereum ၊ Bitcoin နဲ့ တခြားသော Blockchain Ecosystem တွေကို ထောက်ပံ့ပေးနိုင်တဲ့ Crypto Wallet လည်းပါဝင်ပြီးဖြစ်မှာပါ။ ဒါကြောင့် အသုံးပြုသူတွေအနေနဲ့ Crypto Coin တွေ ဝယ်ယူတဲ့အချိန်ပဲဖြစ်ဖြစ်၊ တခြားသော Token တွေနဲ့ Trade ပြုလုပ်တဲ့အချိန်ပဲဖြစ်ဖြစ် သီးသန့် Extension တွေအသုံးပြုစရာမလိုအပ်ဘဲ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Opera Crypto Browser ဟာ Web3-based NFT တွေ၊ Decentralized App တွေနဲ့ Polygon Ecosystem ထဲမှာရှိတဲ့ Service ပေါင်း ၇,၀၀၀ ကျော်ကိုပါ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

နောက်ထပ်ပါဝင်တဲ့ Feature တစ်ခုကတော့ Crypto Corner Start Page ဖြစ်ပြီး အသုံးပြုသူတွေကို Cryptocurrency နဲ့ပတ်သက်ပြီး နောက်ဆုံးရသတင်းတွေ၊ Airdrops တွေနဲ့ သက်ဆိုင်တဲ့ Podcast တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုမျိုး Web3 နဲ့ Cryptocurrency ကို ထောက်ပံ့ပေးနိုင်တဲ့ Browser တစ်ခုကို ရှာဖွေနေတယ်ဆိုရင် Opera Crypto Browser က အသုံးပြုသင့်တဲ့ Browser တစ်ခုဖြစ်ပါတယ်။

Ref – Engadget