UEFA Champions League ဗိုလ်လုပွဲကို လန်ဒန်မြို့ရဲ့ ဂန္တဝင်ဖြစ်တဲ့ ဝင်ဘလေ ဘောလုံးကွင်းမှာ ဇွန်လ ၁ ရက်နေ့က ပြုလုပ်ကျင်းပခဲ့ပါတယ်။ ထိပ်တန်းဘောလုံး ပြိုင်ပွဲရဲ့ တရားဝင် Global Partner အဖြစ် ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က ၎င်းရဲ့ Flagship စမတ်ဖုန်းဖြစ်တဲ့ OPPO Find X7 Ultra နဲ့အတူ ဗိုလ်လုပွဲအတွင်းက မမေ့နိုင်တဲ့ အခိုက်အတန့်ကောင်းတွေကို ရိုက်ကူး မှတ်တမ်းတင်ကာ 2024 UEFA Champions League ဗိုလ်လုပွဲမှာ အနိုင်ရသူများရဲ့ ဖလားကို ပေးအပ် ဂုဏ်ပြုရန် ယူဆောင်လာခဲ့ပါတယ်။

OPPO Find X7 Ultra ဟာ သုံးစွဲသူတွေအတွက် သူတို့အနှစ်သက်ရဆုံး ဘောလုံးပွဲတွေကို အပြင် လက်တွေ့ဘဝမှာ ကြည့်ရှုနေရသလို ခံစားရစေမဲ့ သဘာဝကျကျ စစ်မှန်တဲ့ ခံစားချက်တွေကို တွေ့ကြုံစေနိုင်မဲ့အပြင် အားကောင်းတဲ့ ပုံရိပ်တွေကို ဖမ်းယူဖန်တီးနိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါရှိနေတဲ့ နောက်ဆုံးပေါ် Flagship ဖုန်းဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပရိသတ်တွေနဲ့အတူ ဒီလို ဘဝရဲ့ အကောင်းဆုံးအချိန်အခိုက်အတန့်တွေကို အောင်ပွဲခံနိုင်ပြီး ပြန်လည်အသက်သွင်းနိုင်ဖို့အတွက် OPPO စမတ်ဖုန်းကို အသုံးပြု ရိုက်ကူးထားတဲ့ OPPO ရဲ့ image IF ဓာတ်ပုံပညာရပ်ဆိုင်ရာ ဆု “What A Shot” အမျိုးအစားထဲမှ ရွေးချယ်ထားတဲ့ သုံးစွဲသူတွေရဲ့ ပုံရိပ်တွေကို ပြသနိုင်ဖို့အတွက် OPPO က ဗိုလ်လုပွဲ ပွဲစဉ်အတွင်း ဝင်ဘလေ ဘောလုံးကွင်းထဲမှာ ခင်းကျင်းပြသခဲ့ပါတယ်။

ပွဲအခမ်းအနားရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ OPPOရဲ့ Global Brand Ambassador ဖြစ်တဲ့ Kaká က အထူး မျက်လှည့်ပညာရှင်များနဲ့ အတူ စီစဉ်ထားတဲ့ လှုပ်ရှားမှုအစီအစဉ်များစွာကို နိုင်ငံတကာက ပရိသတ်များနှင့် အတူတကွ တွေ့ဆုံပြီး ကြည့်ရှုနိုင်ဖို့အတွက် OPPOက အထူးတလည် စီစဉ်ထားတဲ့ သီးသန့်ဧည့်သည် တွေ့ဆုံခန်းကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။ OPPO က UEFA Champions League ဗိုလ်လုပွဲ အတွေ့အကြုံတွေကို ဘောလုံးကွင်းထဲအထိ သွားရောက်မကြည့်ရှုနိုင်တဲ့ ဘောလုံးပရိသတ်တွေအားလုံး ကျယ်ကျယ်ပြန့်ပြန့် ခံစားစေနိုင်ဖို့အတွက် Tower Bridge အနီး က Potters Field ပန်းခြံထဲမှာ OPPO Booth ကိုလဲ ထားရှိခဲ့ပါတယ်။

Oplus_3276800

“OPPO ရဲ့ နယ်ပယ်ထဲမှာ ထိပ်တန်းဖြစ်နေတဲ့ မိုဘိုင်းဖုန်းဓာတ်ပုံနည်းပညာတွေကို ဘောလုံး ပရိသတ်တွေအတွက် ဆက်လက်အဆင့်မြင့်အောင် ဖန်တီးပေးပြီး UEFA Champions League ရဲ့ နောက်ဆုံး နှစ်ရာသီအတွင်း ကွင်းအတွင်း နဲ့ အပြင်မှာပါ မရေမတွက်နိုင်တဲ့ အခိုက်အတန့်ပေါင်းများစွာကို ဖမ်းယူနိုင်ဖို့အတွက် ဖန်တီးပေးထားတာကို မြင်ရတာ အားတက်စရာဖြစ်စေပါတယ်” လို့ OPPO ရဲ့ Overseas MKT ၊ အရောင်းနဲ့ ဝန်ဆောင်မှု ဥက္ကဌ Billy Zhang က ပြောကြားလာခဲ့ပါတယ်။

တကယ့်ပွဲနေ့အတွေ့အကြုံကို မြှင့်တင်လာစေခဲ့တဲ့ စိတ်လှုပ်ရှားစရာ ပွဲတွင်း လှုပ်ရှားမှု အစီအစဉ်များ

OPPO ရဲ့ သီးသန့်ဧည့်တွေ့ဆုံခန်းအနေနဲ့ ဒီနှစ်မှာ ပရိသတ်တွေအတွက် ပိုပြီး အပြန်အလှန် အကျိုးသက်ရောက်မှု ရှိစေရန်အတွက် Champions ရွာကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သီးသန့် ဧည့်တွေ့ဆုံခန်းမှာဆိုရင် ဧည့်သည်တွေအနေနဲ့ OPPO နဲ့ UEFA ရဲ့ မတူညီကွဲပြားတဲ့ပုံစံနဲ့အတူ ကမ္ဘာ့ထိပ်တန်း ဘောလုံးပြိုင်ပွဲရဲ့ စိတ်လှုပ်ရှားမှုကို ခံစားတွေ့ကြုံနိုင်မှာဖြစ်သလို ဘောလုံးကွင်းအတွင်း ပါဝင်လာတဲ့ စိတ်အပန်းဖြေစရာများ၊ ဂိမ်းများ နဲ့အတူ OPPO ရဲ့ စမတ်ဖုန်းများနဲ့ စမတ်စက်ပစ္စည်း အမျိုးမျိုးမှာ OPPO ရဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို လေ့လာစူးစမ်းနိုင်ဖို့ ထားရှိပေးခဲ့ပါတယ်။

OPPO နဲ့ UEFA ပူးပေါင်းထားတဲ့ Imaging Zone မှာ နောက်ဆုံးပေါ် Find Series စမတ်ဖုန်းတွေကို အသုံးပြုပြီး UEFA Champions League ပြိုင်ပွဲက ဓာတ်ပုံဆရာတွေရဲ့ လက်စွမ်းပြရိုက်ကူးထားတဲ့ ဒီနှစ် ပြိုင်ပွဲကြီးရဲ့ ရင်သပ်ရှုမောဖွယ်ရာ အခိုက်အတန့်တွေကို ဧည့်သည်တွေအနေနဲ့ မြင်တွေ့နိုင်မဲ့ အခွင့်အလမ်း ရရှိခဲ့ကြပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာများနဲ့အတူ Potters Field ပန်းခြံမှာရှိတဲ့ OPPO ရဲ့ Experiential Booth က UEFA Champions League ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဗိုလ်လုပွဲစဉ် နောက်ဆုံးခရာမှုတ်ချိန်အထိ ဆက်လက်ပြီး ပတ်ဝန်းကျင်ကို နှိုးဆွလှုံ့ဆော်နေခဲ့တာဖြစ်ပါတယ်။ Booth မှာဆိုရင် ဧည့်သည်တွေအနေနဲ့ OPPO Find X7 Ultra ကို အသုံးပြုပြီး 2024 UEFA Champions League ရဲ့ ဗိုလ်လုပွဲတက် အသင်းနှစ်သင်းဖြစ်တဲ့ Borussia Dortmund နဲ့ Real Madrid တို့ရဲ့ ပွဲကြည့်စင်ထိုင်ခုံများအတိုင်း ပုံစံတူ ထိုင်ခုံတန်းများမှာ ၎င်းတို့ရဲ့ ပုံတူ ဓာတ်ပုံတွေရိုက်ကူးကြဖို့လဲ ဖိတ်ခေါ်ခြင်းခံထားခဲ့ရပါတယ်။ ဒါတင်သာမက OPPO Reno11 F 5G နဲ့အတူ စိတ်လှုပ်ရှားစရာ မျိုးဆက်သစ် AI ဓာတ်ပုံပြင်ကိရိယာ ၊ AI Eraser တို့ကိုလဲ လာရောက်သူ ဧည့်သည်များ ကိုယ်တိုင်ထိတွေ့နိုင်မဲ့ အခွင့်အရေးလဲ ရှိပါသေးတယ်။

“ဒီနှစ်က OPPO နဲ့ လက်တွဲလာတဲ့ နောက်ထပ် အံ့အားသင့်ဖွယ်ရာ နှစ်တစ်နှစ်ဖြစ်သလို နောက်ဆုံးပေါ် ပုံရိပ် နည်းပညာတွေကို ပရိသတ်တွေနဲ့ အတူ ချိတ်ဆက်ပေးပြီး UEFA Champions League အထိပါ အတူတကွ ပါဝင်လှုပ်ရှားနိုင်ဖို့ အခွင့်အလမ်းတွေ ရရှိခဲ့တယ်” လို့ UEFA ရဲ့ Sponsorship and Licensing ဥက္ကဌ ဖြစ်သူ Guillaume Sabran က ပြောကြားခဲ့ပါတယ်။ ၎င်းက ဆက်လက်ပြီး “OPPO က လွန်ခဲ့တဲ့ ၂ နှစ်တည်းက UEFA မိတ်ဖက်မိသားစုအတွက် အထူးကောင်းမွန်တဲ့ လက်တွဲဆောင်ရွက်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်” လို့ ဆိုထားပါသေးတယ်။

အားကစားနဲ့ပတ်သက်တဲ့ ပရဟိတလုပ်ငန်းများအတွက် OPPO ရဲ့ ကတိကဝတ်

ဒီနှစ် UEFA Champions League ဗိုလ်လုပွဲရဲ့ ပတ်ဝန်းကျင်ကြားမှာ OPPO နဲ့ UEFA Champions League တို့ အနေနဲ့ ပရဟိတဘောလုံးပွဲတစ်ပွဲကို မေ ၃၀ ရက်နေ့ လန်ဒန်မြို့မှာ ကျင်းပခဲ့ပြီး ဒီပွဲမှာ အင်ဒိုနီးရှားကစားသမား ၅ ဦး က ဂန္တဝင်ဘောလုံးကစားသမားတွေဖြစ်ကြတဲ့ Kaká နဲ့ သူ့ရဲ့ အရင်က အသင်းဖော်ဟောင်း Roberto Carlos ၊ Iker Casillas Fernández ၊ Clarence Seedorf နဲ့အတူ သူ့သူငယ်ချင်း Robert Pirès တို့နဲ့ ဆန့်ကျင်ဘက် ယှဉ်ပြိုင်ကစားခဲ့ကြတာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ကစားသမားအားလုံးက ၎င်းပွဲစဉ်ရဲ့ ဂျာစီပေါ်မှာ လက်မှတ်တွေထိုးခဲ့ကြပြီး ဂျာစီတစ်ထည်တည်းမှာ ဂန္တဝင်ကစားသမားများအားလုံးနဲ့ အင်ဒိုနီးရှား ကစားသမားများအားလုံးရဲ့ လက်မှတ်တွေ ပါဝင်တဲ့ ဂျာစီကို လေလံတင် ရောင်းချခဲ့ပါတယ်။ ဒီလေလံတင်ရောင်းချမှုက ရရှိလာတဲ့ အကျိုးအမြတ်များအားလုံးကိုလဲ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ လူငယ်ဘောလုံးဖွံ့ဖြိုးမှုအသင်းအဖွဲ့ကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

ဒီလို ၅ ယောက် အချင်းချင်းယှဉ်ပြိုင်ကစားရတဲ့ ပြိုင်ပွဲဟာဆိုရင် ကွင်းအတွင်းက အချင်းချင်း မျှဝေ ခံစားထားတဲ့ စိတ်အားထက်သန်မှုကို ကျင်းပပြုလုပ်ပေးတဲ့ ပွဲဖြစ်ရုံသာမက အားကစားနဲ့ ပတ်သက်တဲ့ ပရဟိတလုပ်ငန်းတွေအတွက် OPPO ရဲ့ ကတိကဝတ်အတွက် သက်သေခံချက်တစ်ခုလဲ ဖြစ်ပါတယ်။ ဒီလို အစပျိုးမှုများမှ တစ်ဆင့် OPPO က လူငယ်ဘောလုံးသမားတွေအနေနဲ့ ၎င်းတို့ရဲ့ အိပ်မက်များကို အကောင်အထည်ဖော်ရန် လိုအပ်တဲ့ အရင်းအမြစ်များနဲ့ ပံ့ပိုးမှုများကိုလဲ ကူညီပေးရင်း လူငယ်တွေအနေနဲ့ အတုယူပြီး ခွန်အားပေးနိုင်ဖို့အတွက် ကြိုးပမ်းပေးလျက်ရှိပါတယ်။

UEFA Champions League နဲ့ မိတ်ဖက်အဖြစ်မှ တစ်ဆင့် OPPO က ကမ္ဘာတစ်လွှားက ပရိသတ်များစွာကို ရင်ခုန်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာ့ထိပ်တန်းဘောလုံးပြိုင်ပွဲကြီးနဲ့ အနီးဆုံးအထိ ခေါ်ဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။ ရှေ့ကို မျှော်မှန်းပြီး OPPO က AI နဲ့ မိုဘိုင်းပုံရိပ်နည်းပညာတွေကို ဆက်လက်ဦးဆောင်ပြီး ပရိသတ်တွေကို “Empower Everyone Everyday” (နေ့ရက်တိုင်းမှာ လူတိုင်းကို ခွန်အားဖြည့်လိုက်ပါ) ဆိုတဲ့ ဆောင်ပုဒ်ဖြင့် ခွန်အားပေးရင်း ၎င်းတို့ ကိုယ်တိုင် နောင်လာမဲ့ ပိုမိုစိတ်လှုပ်ရှားဖွယ်ရာ ကမ္ဘာ့ထိပ်တန်း အားကစားပွဲတွေမှာ ပါဝင်နိုင်ဖို့ ဆောင်ရွက်ဖို့ ကြိုးစားလျက်ရှိပါတယ်။

Media release: OPPO