[Zawgyi]

OPPO ရဲ႕ လာမယ့္ Flagship ျဖစ္တဲ့ Reno Ace မွာ 65W SuperVOOC အျမန္အားသြင္းစနစ္ ပါဝင္လာမယ္လို႔ Brian Shen က ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္ဆုံးခါနီးမွာ အရိပ္အႁမြက္ေျပာခဲ့ပါတယ္။ OPPO ရဲ႕ လက္ရွိ အျမန္ဆုံးအားသြင္းစနစ္က 50W သာျဖစ္တဲ့အတြက္ 65W SuperVOOC ဟာ အေတာ္ေလးကို စိတ္ဝင္စားစရာ ေကာင္းေနပါေတာ့တယ္။

မိနစ္ ၃၀ အထိဟာ အျမန္အားသြင္းစနစ္နဲ႔ျဖစ္ၿပီး 65W ႏႈန္းနဲ႔ အလုပ္လုပ္မွာ ျဖစ္ပါတယ္။ ဒီစနစ္မွာ 30W Wireless VOOC Flash Charge နဲ႔ VOOC Flash Charge 4.0 လည္း ပါဝင္ပါတယ္။ 65W SuperVOOC ဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက OPPO Find X Lamborghini Edition နဲ႔အတူ မိတ္ဆက္ခဲ့တဲ့ Super VOOC ကို ဆက္ခံတယ္လို႔ ဆိုရပါမယ္။

လာမယ့္ ေအာက္တိုဘာ ၁၀ ရက္ေန႔မွာ မိတ္ဆက္လာမယ့္ Reon Ace ဟာ 4,000 mAh ဘက္ထရီကို တပ္ဆင္ထားမွာျဖစ္ၿပီး မိနစ္ ၃၀ အတြင္း အားအျပည့္သြင္းႏိုင္မယ္လို႔ ဆိုပါတယ္။ ၅ မိနစ္အတြင္းမွာတင္ ၂၇% ေရာက္ေအာင္ အားသြင္းႏိုင္မယ္ဆိုတာကေတာ့ အလန္းႀကီးလို႔ပဲ ေျပာရေတာ့မွာပါ။ 30W ႀကိဳးမဲ့အားသြင္းစနစ္ကေတာ့ 4,000 mAh ကို မိနစ္ ၈၀ ၾကာအခ်ိန္ယူရပါလိမ့္မယ္။

ဒါ့အျပင္ အပူလြန္ကဲျခင္းကေန ေရွာင္ရွားႏိုင္ဖို႔လည္း ဒီဇိုင္းကိုတည္ေဆာက္ထားတယ္လို႔ ဆိုပါေသးတယ္။ VOOC 4.0 ကလည္း 30W အထိ ေရာက္ရွိႏိုင္ၿပီး ကုမၸဏီကေတာ့ အားလုံးအတြက္ မ်ိဳးဆက္သစ္ အျမန္အားသြင္းစနစ္လို႔ ေခၚဆိုထားပါတယ္။ VOOC 3.0 နဲ႔ ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ ၁၂% ပိုျမန္လာတာကို ေတြ႕ျမင္ရပါတယ္။ မိနစ္ ၃၀ အတြင္းမွာဆို ၆၇%၊ ၇၃ မိနစ္အတြင္းမွာဆိုရင္ ၁၀၀% ျဖစ္တယ္လို႔ ဆိုပါတယ္။

Ref: GSM Arena

[Unicode]

4,000mAh ဘက်ထရီကို မိနစ် ၃၀ အတွင်း အားအပြည့်သွင်းနိုင်တဲ့ OPPO Reno Ace

OPPO ရဲ့ လာမယ့် Flagship ဖြစ်တဲ့ Reno Ace မှာ 65W SuperVOOC အမြန်အားသွင်းစနစ် ပါဝင်လာမယ်လို့ Brian Shen က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ဆုံးခါနီးမှာ အရိပ်အမြွက်ပြောခဲ့ပါတယ်။ OPPO ရဲ့ လက်ရှိ အမြန်ဆုံးအားသွင်းစနစ်က 50W သာဖြစ်တဲ့အတွက် 65W SuperVOOC ဟာ အတော်လေးကို စိတ်ဝင်စားစရာ ကောင်းနေပါတော့တယ်။

မိနစ် ၃၀ အထိဟာ အမြန်အားသွင်းစနစ်နဲ့ဖြစ်ပြီး 65W နှုန်းနဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဒီစနစ်မှာ 30W Wireless VOOC Flash Charge နဲ့ VOOC Flash Charge 4.0 လည်း ပါဝင်ပါတယ်။ 65W SuperVOOC ဟာ ပြီးခဲ့တဲ့နှစ်တုန်းက OPPO Find X Lamborghini Edition နဲ့အတူ မိတ်ဆက်ခဲ့တဲ့ Super VOOC ကို ဆက်ခံတယ်လို့ ဆိုရပါမယ်။

လာမယ့် အောက်တိုဘာ ၁၀ ရက်နေ့မှာ မိတ်ဆက်လာမယ့် Reon Ace ဟာ 4,000 mAh ဘက်ထရီကို တပ်ဆင်ထားမှာဖြစ်ပြီး မိနစ် ၃၀ အတွင်း အားအပြည့်သွင်းနိုင်မယ်လို့ ဆိုပါတယ်။ ၅ မိနစ်အတွင်းမှာတင် ၂၇% ရောက်အောင် အားသွင်းနိုင်မယ်ဆိုတာကတော့ အလန်းကြီးလို့ပဲ ပြောရတော့မှာပါ။ 30W ကြိုးမဲ့အားသွင်းစနစ်ကတော့ 4,000 mAh ကို မိနစ် ၈၀ ကြာအချိန်ယူရပါလိမ့်မယ်။

ဒါ့အပြင် အပူလွန်ကဲခြင်းကနေ ရှောင်ရှားနိုင်ဖို့လည်း ဒီဇိုင်းကိုတည်ဆောက်ထားတယ်လို့ ဆိုပါသေးတယ်။ VOOC 4.0 ကလည်း 30W အထိ ရောက်ရှိနိုင်ပြီး ကုမ္ပဏီကတော့ အားလုံးအတွက် မျိုးဆက်သစ် အမြန်အားသွင်းစနစ်လို့ ခေါ်ဆိုထားပါတယ်။ VOOC 3.0 နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၁၂% ပိုမြန်လာတာကို တွေ့မြင်ရပါတယ်။ မိနစ် ၃၀ အတွင်းမှာဆို ၆၇%၊ ၇၃ မိနစ်အတွင်းမှာဆိုရင် ၁၀၀% ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: GSM Arena