Oppo ကနေ ပြီးခဲ့တဲ့ရက်ပိုင်းက Flagship စမတ်ဖုန်းတွေကို ထုတ်လုပ်ခဲ့ပြီး အခုအချိန်မှာတော့ ဈေးနှုန်းသက်သာတဲ့ ဘတ်ဂျတ်ဖုန်းအမျိုးအစားဖြစ်တဲ့ Oppo A1 စမတ်ဖုန်းကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

အခုထွက်ရှိလာတဲ့ Oppo A1 စမတ်ဖုန်းဟာ 5.7″ အတွက် 18:9 Ratio Display ကို အသုံးပြုထားပြီးတော့ IPS LCD Display အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ Oppo R15 စမတ်ဖုန်းလိုတော့ Notch ပါဝင်မှာမဟုတ်ပါဘူး။

Oppo A1 စမတ်ဖုန်းဟာ MediaTek Processor ကို အသုံးပြုထားမှာဖြစ်ပြီး RAM 4GB နဲ့ 64GB Storage ပါဝင်မှာဖြစ်ပါတယ်။ ကင်မရာအနေနဲ့လည်း 13MP Back Camera နဲ့အတူ 8MP Selfie Camera ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Oppo A1 စမတ်ဖုန်းဟာ Battery အနေနဲ့ 3180mAh Battery ပါဝင်မှာဖြစ်ပြီးတော့ Fingerprint Scanner ပါဝင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် Face Unlock စနစ်တော့ ပါဝင်မှာဖြစ်ပါတယ်။ Oppo A1 စမတ်ဖုန်းကို မြန်မာငွေ ၂ သိန်းအောက်နဲ့ ရောင်းချသွားမှာပါ။