OPPO ကနေ အခုအချိန်မှာ A Series ဖုန်းအသစ်ဖြစ်တဲ့ OPPO A1 Pro ကို တရုတ်နိုင်ငံတွင်းမှာ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ OPPO A1 Pro ဟာ အစောပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ OPPO A Series ဖုန်းတွေထဲမှာ အားသာချက်တွေအများအပြားရှိနေတာကို တွေ့ရပါတယ်။

OPPO A1 Pro ဟာ Display ပိုင်းမှာ 6.7″ Full HD+ Resolution ရှိတဲ့ OLED Display ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Refresh Rate အနေနဲ့ 120Hz အထိ ထောက်ပံ့ပေးနိုင်မယ်လို့ သိရပါတယ်။​

Performance ပိုင်းမှာ OPPO A1 Pro ဖုန်းဟာ Qualcomm Snapdragon 695 Chipset ကို အသုံးပြုထားပြီး RAM 8GB သို့မဟုတ် RAM 12GB ပါဝင်မှာဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ RAM ရွေးချယ်မှုအပေါ်မှုတည်ပြီး 128GB သို့မဟုတ် 256GB ပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းမှာတော့ 108MP Main Camera နဲ့ 2MP Depth Camera ပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားမှာပါ။

ကျန်တဲ့ Feature တွေအနေနဲ့ကတော့ 4800mAh Battery ပါဝင်မှာဖြစ်ပြီး 67W Fast Charging ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ Audio ပိုင်းမှာလည်း Stereo Speaker Setup ကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ Software အနေနဲ့ကတော့ Android 13 ကို အခြေခံထားတဲ့ ColorOS 13 ကို အသုံးပြုထားမှာပါ။

OPPO A1 Pro ဖုန်းဟာ အရောင်အနေနဲ့ Black ၊​ Blue နဲ့ Gold ဆိုပြီး ၃ ရောင်ထွက်ရှိထားမှာဖြစ်ပြီး စျေးနှုန်းကတော့ တရုတ်ယွမ်ငွေ ၁,၇၉၉ ကနေ စတင်မှာဖြစ်တာကြောင့် မြန်မာငွေ ၈ သိန်းအထက်ကျသင့်ဖွယ်ရှိပါတယ်။

Ref – GSM Arena